[ZawGyi] ၁။ ဂန္ထဝင်ကစားသမားကြီးဂယ်ရီနယ်ဗီးလ်ကတော့ မန်ယူနိုက်တက်ဟာ ထိပ်တန်းကစားသမားတွေ ခေါ်ယူရာမှာ အမြဲတမ်းလွဲချော်နေကြအသင်းဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ အေဂျက်စ်အသင်းရဲ့ လူငယ်နောက်ခံလူလေး ဒီလစ်ခ်ျကို ကြိုးပမ်းခဲ့ပေမယ့် ကစားသမားကတော့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ ၂။ ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူးပေါ်လိုဒီဘားလားကတော့ သူ့အနေနဲ့ သတင်းတွေ ထွက်ပေါ်နေသလို မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့မှာမဟုတ်ဘဲ လာမယ့်ရာသီမှာလည်း ဂျူဗင်တပ်အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ၃။ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ ညာနောက်ခံကြယ်ပွင့်လေး ဝမ်ဘစ်ဆာကာဟာ ထိပ်တန်းအရည်အသွေးရှိသူတယောက်ဖြစ်တဲ့အတွက် မန်ယူနိုက်တက်အနေနဲ့ အရခေါ်ယူသင့်တယ်လို့ ဂန္ထဝင်ကစားသမားကြီး ဂယ်ရီနယ်ဗီးလ်ကပဲ အကြံပြုခဲ့ပါတယ်။ ၄။…

reading now

[ZawGyi] မန်ယူနိုက်တက်အသင်းအနေနဲ့ မူဝါဒမှန်မှန်ကန်ကန်နဲ့ လျှောက်လှမ်းနိုင်မှသာ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ပြန်ရောက်လိမ့်မယ်လို့ ဂန္ထဝင်ကစားသမားဂယ်ရီနယ်ဗီးလ်က ယုံကြည်နေပြီး သူ့အသင်းဟောင်း အောင်မြင်မှုပြန်ရမယ့်အချိန်ကို စောင့်ဆိုင်းဖို့ အလျင်မလိုဘူးလို့ ဆိုခဲ့ပါတယ်။ နောက်ခံလူဟောင်းကြီးဟာ ယူနိုက်တက်အနေနဲ့ ငယ်ရွယ်ပြီးအရည်အသွေးရှိတဲ့ ဗြိတိန်ကြယ်ပွင့်တွေ ပြန်လည်တည်ဆောက်မယ့်အပေါ် စိတ်အားထက်သန်နေပြီး လာမယ့်ရာသီတွေမှာ မတော်တဆချွတ်ချော်မှုတွေ ဖြစ်လာခဲ့ရင်လည်း လက်ခံသွားဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာ မန်ယူနိုက်တက်ဟာ ဆွမ်ဆီးအသင်းရဲ့ကြယ်ပွင့် ဒန်နီယဲလ်ဂျိမ်းစ်၊ နယူးကာဆယ်ကြယ်ပွင့်လောင်းစတက်ဖ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကာ နည်းပြဆိုးရှားလက်ထက်မှာ အောင်မြင်မှုရဖို့ တဖြည်းဖြည်းချင်းသာ လျှောက်လှမ်းသွားရလိမ့်မှာဖြစ်ကြောင်း နဗီးလ်က မြင်နေတာပါ။ " ယူနိုက်တက်အသင်း အောင်မြင်မှုရဖို့အတွက်…

reading now

[ZawGyi] ရီးယဲလ်မက်ဒရစ်ဥက္ကဌဖလော်ရန်တီနိုပီရက်ဇ်ကတော့ ချယ်လ်ဆီးတိုက်စစ်ကစားသမား အေဒင်ဟာဇက်ကို ဒီနွေမှာ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဘယ်လ်ဂျီယံသားဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာတော့ ယူရိုသန်း (၁၃၀)နဲ့ ဘာနေဗြူးမြေကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး ဖြစ်လာခဲ့ပါတယ်။ စပိန်ထိပ်သီးကလပ်အသင်းအနေနဲ့ ချယ်လ်ဆီးနဲ့အာဆင်နယ်အသင်းတို့ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မတိုင်မီ အပြောင်းအရွှေ့အတွက် စကားပြောသွားဖို့ မရှိပေမယ့် ပီရက်ဇ်ကတော့ အသက် (၂၈)နှစ်သားကို အရခေါ်ယူမယ်လို့ ကြုံးဝါးပြောဆိုခဲ့တာပါ။ " ဗိုလ်လုပွဲကစားမယ့် ကလပ်အသင်းတသင်းနဲ့ ကျွန်တော်တို့တွေ ဘယ်လိုစကားပြောရမှာလဲ။ " လို့ ပီရက်ဇ်က Onda…

reading now

[ZawGyi] နယူးကာဆယ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်လေး ရှောင်လောင်းစတက်ဖ်အနေနဲ့ မန်ယူနိုက်တက်ကိုသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အမှားတခုကျူးလွန်လိုက်သလိုဖြစ်လိမ့်မယ်ဆိုပြီး ကစားသမားတွေက ဝိုင်းဝန်းတားမြစ်နေပါတယ်။ လောင်းစတက်ဖ်ဟာ ဒီနှစ်ရာသီမှာ နယူးကာဆယ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၁၆)ပွဲအထိ ကစားခွင့်ရရှိထားခဲ့သူဖြစ်ပြီး အထင်ကြီးလောက်စရာခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။ အဆိုပါစွမ်းဆောင်မှုတွေကြောင့်ပဲ အသက် (၂၁)နှစ်သားလေးဟာ ထိပ်တန်းကလပ်အများစုရဲ့စိတ်ဝင်စားမှုကို ခံနေရပြီး မန်ယူနိုက်တက်အသင်းက ခေါ်ယူဖို့ အားစိုက်နေတာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးရှားအနေနဲ့ ငယ်ရွယ်ပြီး အရည်အသွေးရှိတဲ့ကစားသမာတွေကို ရှာဖွေရာမှာ နယူးကာဆယ်အသင်းရဲ့ လောင်းစတက်ဖ်ကို မျက်စိကျ ပစ်မှတ်ထားလာခဲ့တာပါ။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းတဦးဖြစ်တဲ့ ကီဗင်ကယ်လ်ဘိန်းကတော့ ကွင်းလယ်ခံစစ်ကစာသမားလေးအနေနဲ့ သရဲနီတို့ဆီကိုသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အမှားတခုဖြစ်လိမ့်မယ်လို့…

reading now

ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ လက်ရှိ နည်းပြ အာနက်စတို ဗယ်လ်ဗာဒီကို ထုတ်ပယ်ဖို့ စီစဉ်နေပြီဖြစ်ပြီး ၎င်းရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြလောင်း ၄ ဦးစာရင်း ပြုစုထားပြီးဖြစ်တယ်လို့ စပိန်သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Football London က ဖော်ပြလိုက်ပါတယ်။ ကာတလန်ကလပ်က တာဝန်ရှိသူတွေဟာ လက်ရှိရာသီမှာ ဆုဖလား ၃ လုံး ရရှိနိုင်တဲ့ လမ်းကြောင်းပေါ်ကနေ အံ့အားသင့်ဖွယ် လွဲချော်ခဲ့တဲ့ သူတို့အသင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိနေကြတာကြောင့် လက်ရှိနည်းပြ ဗယ်လ်ဗာဒီကို…

reading now

ချယ်လ်ဆီးအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေကြီးနေတဲ့ တောင်ပံကစားသမား အီဒင် ဟာဇက်က ယူရိုပါလိဂ် ဆုဖလားကို ရယူပေးတာဟာ အသင်းကို အကောင်းဆုံးနှုတ်ဆက်နိုင်မယ့်နည်းလမ်းဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း The Mirror သတင်းစာက ဖော်ပြလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဟာဇက်ဟာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးညမှာ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲဟာ သူ့အတွက် ချယ်လ်ဆီးကစားသမားဘဝ နောက်ဆုံး ပွဲစဉ်ဖြစ်လာဖို့ ရှိနေပါတယ်။ အာဆင်နယ်ကို အနိုင်ယူပြီး ဆုဖလားကို သိမ်းပိုက်တာဟာ…

reading now

၁။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ခေါ်ယူချင်တယ်ဆိုရင် အဆိုပါကစားသမားအတွက် တစ်ပတ်လုပ်ခ ပေါင် ၁.၂ သန်းအထိ ပေးချေရဖို့ရှိနေတယ်လို့ AS သတင်းစာရဲ့ ဖော်ပြချက်ကို ကိုးကားပြီး The Sun က ဖော်ပြခဲ့ပါတယ်။ နေမာဟာ လက်ရှိ ပီအက်စ်ဂျီအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၆၂၂၀၀၀ အထိ ရရှိနေသူဖြစ်ပြီး မက်ဒရစ်ကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် လစာ ၂ ဆ အထိ တိုးမြှင့်ရရှိဖို့ အလိုရှိနေတယ်လို့ အဆိုပါသတင်းကဆိုပါတယ်။ ၂။ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်…

reading now

AP သတင်းဌာနရဲ့ သတင်းဖော်ပြချက် တစ်ရပ်မှာတော့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယာရာက တနေ့မှာ အသင်းဟောင်း အာဆင်နယ်အသင်းရဲ့ နည်းပြ ရာထူးကို ရယူဖို့ စိတ်ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အာဆင်နယ် ဂန္တဝင်နည်းပြဟောင်း အာဆင်ဝင်းဂါးက ဗီယာရာဟာ သူ့နေရာကို ဆက်ခံသူဖြစ်လာနိုင်တယ်လို့ ထောက်ခံ မှတ်ချက်ပေးခဲ့ဖူးပြီး ဝင်းဂါးအသင်းကနေ ထွက်ခွာသွားချိန်တုန်းက အာဆင်နယ်နည်းပြရာထူးအတွက် ရေပန်းစားသူတွေထဲမှာ အသင်းဖော်ဟောင်း အွန်နရီနဲ့အတူ ပါဝင်ခဲ့ဖူးပါတယ်။ အဲ့အချိန်တုန်းက ဗီယာရာဟာ နယူးယောက်ခ် အက်ဖ်စီအသင်းရဲ့ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်…

reading now

အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီက သူ့အနေနဲ့ အသင်းကို ဆုဖလားတွေ ရအောင် ယူပေးမယ်လို့ အာမခံထားတာမျိုး လုံးဝမရှိဘူးလို့ စပိန်သတင်းစာ El Mundo နဲ့ သီးသန့် အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အူနိုင်း အမ်မရီဟာ ပြီးခဲ့တဲ့ ၆ နှစ်တာကာလအတွင်း ယူရိုပါလိဂ်ဖလား ၃ ကြိမ်ဆက်အပါအဝင် ဆုဖလားအောင်မြင်မှု ၁၀ ကြိမ်အထိ ရယူထားတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ အမ်မရီရဲ့ အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ…

reading now

[ZawGyi] ၁။ အက်စပန်ညိုအသင်းဟာ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ သူတို့ရဲ့ အဓိက ခံစစ်မှူး မာရီယို ဟာမိုဆိုကို အသင်းမှာ ဆက်လက်ထိမ်းသိမ်းဖို့ ကိုင်တွယ်ရာမှာ ခက်ခဲရှုပ်ထွေးမှုတွေ ရှိနေတာကြောင့် အဆိုပါကစားသမားကို ရောင်းထုတ်ပစ်ဖို့ စဉ်းစားနေတယ်လို့ Football London က ဖော်ပြခဲ့ပါတယ်။ အက်စ်ပန်ညိုအနေနဲ့ အဆိုပါကစားသမားကို မက်ဒရစ်အသင်းထံကနေ ခေါ်ယူစဉ်တုန်းက ပေါင် ၇ သန်းတန် ပြန်လည်ခေါ်ယူခွင့် သဘောတူညီချက် ရှိနေတာမို့ ရီးရဲလ်က ပြန်လည်ခေါ်ယူသွားမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။ ၂။ ရီးရဲလ်ဘက်တစ်အသင်းက…

reading now

error: Content is protected !!