မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရိုမီယူ လူကာကူဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရရှိသွားပြီဖြစ်တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူဟာ မန်ယူအသင်းကနေ ထွက်ခွာဖို့ စိတ်ဆန္ဒပြင်းပြနေသူဖြစ်ပြီး ယခုနွေရာသီမှာ အသင်းပြောင်းရွှေ့လိမ့်မယ်လို့ ပြီးခဲ့တဲ့ရာသီဝက်ကတည်းက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသူဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရောက်ရှိလာပြီးနောက်ပိုင်းမှာ ပွဲထွက်ကစားသမားနေရာကို လူငယ်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ထံ လွှဲပေးခဲ့ရတာမို့ အသင်းမှာ မပျော်မရွှင်ဖြစ်နေသူဖြစ်ပါတယ်။ အင်တာမီလန်အသင်းကို မကြာခင်မှာ ကိုင်တွယ်တော့မယ့် ချယ်ဆီးနည်းပြဟောင်း အန်တိုနီယို…

reading now

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် နွေရာသီမှာ အသင်းကို အကြီးအကျယ် ပြင်ဆင်သွားတော့မှာဖြစ်ပြီး ကစားသမားသစ် အမြောက်အများ ခေါ်ယူသွားမှာဖြစ်သလို လက်ရှိအသင်းမှာ ပိုလျှံနေတဲ့ ကစားသမား အများအပြားကိုလည်း ရောင်းထုတ်သွားတော့မှာဖြစ်တယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။ ဘာနေဗျူး အခြေစိုက်အသင်းဟာ လူကာ ဂျိုဗစ်၊ အီဒင် ဟာဇက်၊ ပေါလ် ပေါ့ဘာ အစရှိတဲ့ နာမည်ကျော် ထိပ်တန်းကစားသမားတွေကို ခေါ်ယူ အားဖြည့်ဖို့ ပြင်ဆင်နေပြီး အသင်းမှာ အသုံးမတည့်ဖြစ်နေပြီး နည်းပြ ဇီနဒင်း ဇီဒန်းစိတ်ကြိုက်မတွေ့ဖြစ်နေတဲ့ ဂါရက်သ် ဘေးလ်၊ ဂျိမ်းစ် ရိုဒရီဂွက်ဇ်၊…

reading now

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အီဒင် ဟာဇက်က သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး စတန်းဖို့ဒ် ဘရစ်ခ်ျကို ပြောင်းရွှေ့လာဖြစ်ခဲ့တာဟာ အသင်းက ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ ဒီဒီယာ ဒရော့ဘာနဲ့ ဂျိုး ကိုးလ်တို့ရဲ့ စည်းရုံးနားချမှုကြောင့်ဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ ဟာဇက်က အဲ့ဒီအချိန်တုန်းက အာဆင်နယ်၊ မန်ယူ၊ မန်စီးတီးနဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတွေဆီက ကမ်းလှမ်းမှုတွေကိုပါ ရရှိထားခဲ့တာဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့တာဖြစ်ပြီး ပြင်သစ်ကလပ် လိုင်လီအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၂…

reading now

[ZawGyi] ၁။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဂရာနစ် ရှာခါက အသင်းအနေနဲ့ ချန်ပီယိံဂ်ပြိုင်ပွဲနဲ့ ၃ နှစ်ဆက်တိုက် ဝေးကွာရတဲ့အဖြစ်မျိုးမဖြစ်အောင် စွမ်းဆောင်ကြဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာသာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ဖလားကိုသာ အရမယူနိုင်ခဲ့ဘူးဆိုရင် လာမယ့်ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကိုပဲ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ "ကျွန်တော်တို့အတွက် ဒီရာသီက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ပေမယ့် နောက်ဆုံး ၅ ပွဲမှာ ရလဒ်ဆိုးတွေကြုံခဲ့ရတာမို့ အသင်းရည်မှန်းထားတဲ့ ပစ်မှတ်နဲ့ ကပ်ပြီး လွဲချော်သွားခဲ့ပါတယ်။ တကယ်လို့များ ကျွန်တော်တို့ ယူရိုပါလိဂ်ဖလားကို…

reading now

အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဝါရင့်ဂိုးသမားကြီး ပီတာချက်က ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်ခင်မှာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ထောက်ပြဝေဖန်လိုက်ပါတယ်။ ချက်က အာဆင်နယ်အသင်းဟာ ဖိအားတွေရဲ့ ဒါဏ်ကို လုံလုံလောက်လောက်ခံနိုင်ရည်မရှိသေးဘူးလို့ ဆိုခဲ့ပြီး အဲ့ဒီလိုဖြစ်နေတာဟာ အသင်းရဲ့ နည်းပြဟောင်း အာဆင်ဝင်းဂါးနဲ့လည်း သက်ဆိုင်တယ်လို့ သူကဆိုခဲ့ပါတယ်။ "နည်းနည်းတော့ ထူးဆန်းနေမယ်ထင်ပါတယ်။ အခြေခံကျကျပြောရမယ်ဆိုရင် အာဆင်နယ်အသင်းက ဖိအားဒါဏ်တွေကို လုံလုံလောက်လောက် ခံနိုင်ရည်မရှိသေးတဲ့အသင်းလို့ ကျွန်တော်ထင်ပါတယ်။ အာဆင်းက အရမ်းကို လူကြီးလူကောင်းဆန်တဲ့ ပုဂ္ဂိုလ်ပါ။ နောက်ပြီး သူက ရှုံးနိမ့်တာကိုလည်း မနှစ်သက်သူပါ။…

reading now

၁။ လာလီဂါကလပ် အီဘာအသင်းဟာ ဘာစီလိုနာအသင်းကနေ အငှားခေါ်ယူထားတဲ့ လူငယ်ခံစစ်မှူး မာ့ခ် ကူကူရယ်လာကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အီဘာအသင်းဟာ ကူကူရယ်လာကို ခေါ်ယူဖို့အတွက် ယူရို ၂ သန်းသာ ပေးချေခဲ့ရပါတယ်။ ၂။ ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ အသင်းဥက္ကဌ ပီးရက်ဇ်ကို တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ La Sexta ရဲ့သတင်းအရ သိရပါတယ်။ ရာမို့စ်ဟာ ယခုနွေရာသီမှာ ဘာနေဗျူးကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး အာရှတိုက်ကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ၃။ အီတလီစီးရီးအေကလပ်အေစီမီလန်အသင်းအနေနဲ့…

reading now

[ZawGyi] အာဆင်နယ်အသင်းအနေနဲ့ တောင်ပံတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် မန်ယူနိုက်တက်အသင်းက ဂန်းနားဟောင်း အလက်ဆစ်ဆန်းချက်ဇ်ကို ပြန်လည်ခေါ်ယူသင့်တယ်လို့ ဂန္ထဝင်ကစားသမားကြီးလောရင့်က တိုက်တွန်းခဲ့ပါတယ်။ အသက် (၃၀)အရွယ် ဆန်းချက်ဇ်ဟာ (၂၀၁၈)ခုနှစ် ဇန်နဝါရီလမှာ အိုးထရက်ဖို့ဒ်ကို မပြောင်းရွှေ့မီ အာဆင်နယ်အသင်းအတွက် (၄)ရာသီကြာ ကစားပေးခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ချီလီသားအနေနဲ့ မန်ယူနိုက်တက်အတွက် မျှော်မှန်းထားသလို ခြေစွမ်းပြကစားနိုင်ခြင်းမရှိခဲ့ဘဲ တနှစ်ကျော် ကစားပြီးချိန်မှာ သွင်းဂိုး (၅)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အထိ အခြေအနေဆိုးနေပါတယ်။ လောရင့်ကတော့ လက်ရှိအချိန်မှာ မန်ယူနိုက်တက်ကနေ ရောင်းထုတ်ခံရဖို့ နီးစပ်နေတဲ့ ဆန်းချက်ဇ်ကို အမ်းမရိတ်မြေဆီ အာဆင်နယ်အသင်း…

reading now

[ZawGyi] ၁။ လီဗာပူးလ်အသင်း စောင့်ကြည့်မှုတွေပြုလုပ်နေတဲ့ ကွင်းလယ်ကြယ်ပွင့်လေး ဟူဆန်အော်ရာဟာ လီယွန်အသင်းကနေ ထွက်ခွာကာ မန်စီးတီးအသင်းထံပြောင်းရွှေ့ပြီး နည်းပြပက်ဂွာဒီယိုလာရဲ့လက်အောက်မှာ ကစားဖို့ ဆန္ဒရှိနေပါတယ်။ ၂။ နောက်ခံလူဗန်ဒိုက်စ်ကတော့ လက်ရှိလီဗာပူးလ်အသင်းရဲ့ ထိပ်တန်းလူစာရင်းဟာ နောက်ထပ် (၄)နှစ်၊ (၅)နှစ်ခန့်အထိ မပြောင်းမလဲဘဲ တည်ရှိလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ နယ်သာလန်သားဟာ အသင်းဖော်တွေနဲ့ နှစ်အတော်ကြာ အတူတွဲဖက်ကစားလိုနေတာ ဖြစ်ပါတယ်။ ၃။ လူငယ်တိုက်စစ်မှူး အော်ရီဂီကတော့ သူ့အနေနဲ့ လီဗာပူးလ်အသင်းမှာ အအောင်မြင်ဆုံးရာသီတခုကို ဖြတ်သန်းပြီး ကစားသမားဘဝနောက်တဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ အမြဲတမ်းယုံကြည်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ၄။ လီဗာပူးလ်အသင်းရဲ့…

reading now

[ZawGyi] ၁။ ချယ်လ်ဆီးနည်းပြဆာရီဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီထားပြီးပြီဖြစ်ပြီး တူရင်မြေမှာ တနှစ်လုပ်ခ ပေါင် (၆.၂)သန်း ရရှိသွားမယ်လို့ သိရပါတယ်။ အဆိုပါပမာဏဟာ လက်ရှိချယ်လ်ဆီးအသင်းမှာ အီတလီသားနည်းပြရရှိနေတဲ့လစာထက် ပေါင် (၁.၂)သန်းတိတိ ပိုများပါတယ်။ ၂။ အက်စတွန်ဗီလာအသင်းကို အငှားသွားရောက်ကစားနေတဲ့ လူငယ်တိုက်စစ်မှူးလေး အေဘရာဟမ်ကတော့ နောက်ရာသီမှာ အပြီးသတ်ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်သွားခြင်း မရှိခဲ့ပါဘူး။ ဗီလာတို့ဟာ သုံးနှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်မြေဆီ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်တဲ့အတွက် အေဘရာဟမ်အနေနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ရင် ချယ်လ်ဆီးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ၃။ ချယ်လ်ဆီးကစားသမားဟောင်း ပီတစ်ကတော့ တိုက်စစ်ကစားသမားအေဒင်ဟာဇက်အနေနဲ့…

reading now

[ZawGyi] ၁။ စိန့်အန်တီယန်အသင်းဟာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ သူတို့ရဲ့ ကြယ်ပွင့် ခံစစ်မှူး ဝီလီယံ ဆာလီဘာကို ရောင်းချဖို့ စိတ်ဝင်စားနေပေမယ့် အငှားပြန်ချဖို့ တောင်းဆိုသွားမယ်လို့ သိရပါယ်။ ပြင်သစ်မီဒီယာ Le10sport ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါပြင်သစ် ကြယ်ပွင့်ကို တန်ကြေး ယူရို သန်း ၃၀ (ပေါင် ၂၆ သန်း) နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး ပြင်သစ်ကလပ်က တောင်းဆိုနေတဲ့ အငှားပြန်ချဖို့ ကိစ္စကိုလည်း…

reading now

error: Content is protected !!