[ZawGyi] ပရီးမီးယားလိဂ်ထိပ်သီးကလပ် အာဆင်နယ်အသင်းဟာ လာမယ့်ရာသီအတွက် နည်းပြရာထူးအချို့ကို အပြောင်းအလဲလုပ်ခဲ့ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ် U-23 အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့တဲ့ ဂန္ထဝင်ကစားသမားကြီး ဖရက်ဒီယွန်းဘတ်ဟာ လက်ထောက်နည်းပြရာထူးကို ရယူနိုင်ခဲ့ပြီး နည်းပြအမ်မရီရဲ့ နည်းပြအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ လက်ထောက်နည်းပြတဦးဖြစ်သူ စတိဗ်ဘိုးလ်ကတော့ လာမယ့်ရာသီကစပြီး အကယ်ဒမီမန်နေဂျာ မာတီဆက်ကာနဲ့အတူ ပူးပေါင်းကာ U-23 အသင်းရဲ့နည်းပြအဖြစ် ဆောင်ရွက်တော့မှာဖြစ်သလို U-18 အသင်းကိုလည်း စီမံခန့်ခွဲရလိမ့်မယ်လို့ သိရပါတယ်။ ဂိုးနည်းပြဖြစ်တဲ့ ဆယ်လ်ဘစ်ဘိုအနေနဲ့ အသင်းကြီးတာဝန်တွေသာမက လူငယ်ကြယ်ပွင့်ဂိုးသမားတွေရဲ့ အရည်အသွေးပိုင်း မြှင့်တင်ပေးရမယ့်တာဝန်ပါ ယူလာရကာ အကယ်ဒမီထွက်ဂိုးသမားတွေကို…
reading now