[ZawGyi] အာဆင်နယ်အသင်းဟာ ဘရာဇီးလ်တိုက်စစ်ကစားသမားလေး ဂါဘရီယဲလ်မာတင်နယ်လီရဲ့အပြောင်းအရွှေ့ကို ဒီတပတ်အတွင်းမှာ တရားဝင်ကြေညာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အီတူယာနိုအသင်းအတွက် ကစားနေတဲ့ ကြယ်ပွင့်လေးဟာ ဒီနေ့ (ဇွန်လ ၁၈ရက်)မှာပဲ အသက် (၁၈)နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ်တာကြောင့် ဖီဖာရဲ့ အပြောင်းအရွှေ့စည်းမျဉ်းတွေအရ အာဆင်နယ်အသင်း တရားဝင်ခေါ်ယူခွင့်ရှိခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်တို့ရဲ့ အနာဂတ်ကြယ်တပွင့်အဖြစ်သတ်မှတ်ခံထားရတဲ့ မာတင်နယ်လီဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဥရောပမြေမှာ ကစားဖို့ ဆုံးဖြတ်ခဲ့ကာ ဂန်းနားတို့ရဲ့ သဘောတူညီမှုရယူထားခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ အီဒူးဟာလည်း အမ်းမရိတ်ရဲ့နည်းစနစ်ဒါရိုက်တာဖြစ်လာဖို့ နီးစပ်နေတဲ့အနေအထားဟာ မာတင်နယ်လီကို အာဆင်နယ်အသင်း ခေါ်ယူနိုင်ဖို့ အထောက်အကူတခုလည်း ဖြစ်ခဲ့ပါတယ်။ နည်းပြအမ်မရီအနေနဲ့ကတော့ အပြောင်းအရွှေ့အသုံးစားရိတ်…
reading now