[ZawGyi] အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာသာ ချယ်လ်ဆီးအသင်းကို အနိုင်ရရှိပြီး ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ပေါင်သန်း (၁၄၀)အထိ ရရှိနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ တကယ်လို့ အာဆင်နယ်အသင်းသာ ယူရိုပါလိဂ်ရကာ နောက်နှစ်ရာသီချန်ပီယံလိဂ်ဝင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ပြုတ်ခဲ့ရင်တောင်မှ အနည်းဆုံး ပေါင်သန်း (၉၀) ရရှိဖို့ သေချာနေပါတယ်။ ဂန်းနားတို့သာ နောက်နှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခဲ့ရင် ရရှိမယ့်ဆုကြေးက ဒီနှစ်ရာသီ ယူရိုပါလိဂ်ဖလားဗိုလ်စွဲတာထက် ပိုမိုများပြားနေမှာ သေချာနေသလို နည်းပြအမ်မရီအတွက်လည်း အသုံးစားရိတ်တွေ ပိုရလာဖို့ ရှိနေပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ဘာကူမြို့မှာသာ…

reading now

ဘာစီလိုနာ၊ ရီးရဲလ်၊ အက်သလက်တီကို စတဲ့ ထိပ်သီးအသင်းတွေကြောင့် ပရိသတ်စိတ်ဝင်စားမှုအခိုင်အမာရရှိ ထားတဲ့ စပိန်ဘောလုံးလောကထဲက အသင်းတာဝန်ရှိသူတစ်ချို့နဲ့ ကစားသမားတစ်ချို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီအတွင်း လုပ်ပွဲကစားမှုများရှိနေခဲ့တယ်လို့ စွပ်စွဲမှုများထွက် ပေါ်ခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေခံနေရကြောင်း BBC ရဲ့ဖော်ပြချက်အရ သိရပါတယ်။ လက်ရှိသတင်းဖော်ပြမှုများတွင် အဆင့်အမြင့်ဆုံး အမှတ်ပေးလိဂ်နှစ်ခုဖြစ်တဲ့ လာလီဂါနဲ့ ဆီဂန်ဒါက အသင်းအချို့အနေနဲ့ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်စုံစမ်းခြင်းကိုခံနေရပြီး ပါဝင်ပတ်သတ်သူ ၁၁ ဦးကို ထိန်းသိမ်းထားပြီဖြစ်ပါတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရာသီသစ်မစတင်မီ လုပ်ပွဲပြဿနာကို အပြီးသတ်ဖော်ထုတ်ဖို့ စီစဉ်ထားတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပါတယ်။ အခြေအနေနဲ့ပတ်သက်၍…

reading now

[ZawGyi] ၁။ လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကြယ်ပွင့်လေး ဟယ်ရီဝီလ်ဆင်ဟာ ပုံမှန်ပွဲကစားခွင့်အတွက် ဒီနှစ်နွေအပြောင်းအရွှေ့မှာ အန်းဖီးလ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြောင်း Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါဘီအသင်းကို အငှားထွက်ကစားပြီး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ အသက် (၂၂)နှစ်သားလေးကို ပရီးမီးယားလိဂ်၊ ဘွန်ဒက်လီဂါနဲ့ လာလီဂါကလပ်အသင်းတွေက စိတ်ဝင်စားမှု ပြသနေပါတယ်။ ၂။ ဘရာဇီးလ်သား အယ်လစ်ဆင်ရဲ့နောက်မှာသာ ဒုတိယဦးစားပေးဂိုးသမားအဖြစ် ကစားနေရတဲ့ ဘယ်လ်ဂျီယံသား မစ်ညိုလက်ကို ဘုန်းမောက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ၃။ ဒီနှစ်ရာသီ ချန်ပီယံလိဂ်ဖလားကို လီဗာပူးလ်အသင်း အရယူမယ့် အခြေအနေဟာ…

reading now

[ZawGyi] ၁။ ချယ်လ်ဆီးအသင်းဟာ နည်းပြဆာရီသာ အီတလီမြေကို ပြန်သွားခဲ့ရင် အသင်းကို ကာလရှည်ကြာတည်ဆောက်ဖို့အတွက် အနာဂတ်အစီအစဉ်တွေ ချမှတ်သွားမယ်လို့သိရပြီး အဲဒီအတွက် နည်းပြသစ်အဖြစ် ဖရန့်ခ်လမ်းပတ်ကို လျာထားနေပါတယ်။ ၂။ ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်မှူးလေး လူကာယိုဗစ်ဟာ U-21 ဥရောပချန်ပီယံရှစ်ပြိုင်ပွဲအပြီးမှာ ဘွန်ဒက်လီဂါကလပ်ကို မပြန်လိုတော့ဘဲ အသင်းပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ အသက် (၂၁)နှစ်သားလေးကို ချယ်လ်ဆီးနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့က ပစ်မှတ်ထားနေကြတာပါ။ ၃။ ဒီနေ့ည ကစားမယ့် ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲစဉ်မှာ အဓိက ကွင်းလယ်ကစားသမား ကန်တီ ပါဝင်နိုင်မယ့် အခြေအနေမှာ ၅၀/၅၀ ရာခိုင်နှုန်းသာ…

reading now

[ZawGyi] ၁။ မန်ယူနိုက်တက်တိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်အသင်းကို အပြီးသတ်ပြောင်းရွှေ့နိုင်ရေးအတွက် လစာငွေလျော့ယူဖို့ လက်ခံခဲ့တယ်လို့ အီတလီသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ၂။ စပါးအသင်းရဲ့ အသက် (၃၀)အရွယ် နောက်ခံလူ တိုဘီလ်အယ်ဒါဝယ်ရာဟာ မန်ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့်လည်း နောက်ရာသီမှာ စပါးအသင်းမှာသာ ဆက်ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။ ၃။ ကွင်းလယ်အင်အားဖြည့်တင်းဖို့အတွက် မန်ယူနိုက်တက်အသင်း ပစ်မှတ်ထားနေတဲ့ ကစားသမားတဦးဖြစ်သူ ဒီကလန်ရိုက်ကလည်း သူ့အနေနဲ့ ဒီနွေမှာ ဝက်စ်ဟမ်းကနေ ထွက်ခွာဖို့ အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။ ၄။ မန်ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီမှာ ခံစစ်ပိုင်းကို ဒီထက်ပိုမိုတောင့်တင်းချင်တယ်ဆိုရင်…

reading now

၁။ ပေါ်တိုအသင်းဟာ သူတို့ရဲ့ နောက်ခံလူ ဖီလစ်ပီကို ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ နဲ့ ရောင်းချဖို့ သဘောတူညီလိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ နောက်ခံလူ အများအပြား အသင်းက ထွက်ခွာဖို့ ရှိနေတဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ အသင်းခေါင်းဆောင် ဂိုဒင်ရဲ့ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ပြီး ဖီလစ်ပီကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ၂။ ဘာစီလိုနာအသင်းဟာ အသင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ပြန်လည် ခေါ်ယူဖို့အတွက် ငွေသားတစ်ချို့တစ်ဝက်နဲ့ ဖီလစ်ပီ ကော်တင်ဟို ဒါမှမဟုတ် အူစမာနီ ဒမ်ဘီလီတို့…

reading now

[ZawGyi] ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ကစားသမားအေဒင်ဟာဇက်အတွက် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပေါင် (၁၁၅)သန်းတန် ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် (၂၈)နှစ်အရွယ် ကစားသမားဟာ ခြင်္သေ့ပြာတို့နဲ့ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး ဧပြီလအတွင်းမှာ ဘာနေဗြူးမြေကို ပြောင်းရွှေ့ခွင့်တောင်းခံခဲ့တယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံသားဟာ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ (၂၀၁၈)ကတည်းက ထွက်ခွာချင်ခဲ့သူဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ စည်းရုံးသိမ်းသွင်းမှုကြောင့် နောက်ထပ်တနှစ်ဆက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက ချယ်လ်ဆီးအသင်းကို အပြောင်းအရွှေ့ပြုလုပ်ခွင့် ကာလ (၂)ခု ပိတ်ပင်ခဲ့ပြီးနောက်မှာတော့ ဟာဇက်ကို အသင်းမှာပဲ ဆက်ထိန်းထားချင်ခဲ့ပေမယ့်လည်း ကစားသမားရဲ့ဆန္ဒအရ လက်လွှတ်ရဖို့…

reading now

[ZawGyi] အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက သူ့အနေနဲ့ ရမ်ဆေးကို ဒဏ်ရာပြဿနာတွေကနေ ရှောင်လွှဲနိုင်အောင် ညွှန်ကြားမှုတွေပေးခဲ့ပေမယ့် ကစားသမားရဲ့ အသင်းအတွက် ပေးဆပ်တဲ့စိတ်ဓာတ်ပိုင်းကို မလွန်ဆန်နိုင်ခဲ့တာကြောင့်သာ ကာလရှည်ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဝေးလ်လက်ရွေးစင်ကစားသမားဟာ တံကောက်ကြောဒဏ်ရာအပြင်းအထန် ခံစားရမှုကြောင့် ဒီနေ့မှာ ချယ်လ်ဆီးအသင်းနဲ့ကစားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ကို အာဆင်နယ်အသင်းအတွက် မကစားပေးနိုင်တော့ဘဲ ပွဲကြည့်စင်ထက်ကနေသာ အားပေးရဖို့ ရှိနေပါတယ်။ နာပိုလီအသင်းကို ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ အနိုင်ရခဲ့တဲ့ပွဲက အာဆင်နယ်ကစားသမားဘဝတလျှောက် ရမ်ဆေးရဲ့နောက်ဆုံးပွဲစဉ်ဖြစ်လာခဲ့ပြီး ဒီနှစ်ရာသီကုန်မှာ (၁၁)နှစ်ကြာ ကစားခဲ့တဲ့ အမ်းမရိတ်မြေကနေ စွန့်ခွာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြအမ်မရီက နာပိုလီအသင်းကို အီတလီမြေ…

reading now

[ZawGyi] မန်ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ ဒီနေ့ည ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကိုပဲ အားပေးသွားမယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ လန်ဒန်မြို့ခံကလပ်အသင်းတွေဖြစ်ကြတဲ့ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ အဇျာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့ရဲ့ အိုလံပစ်ကွင်းကြီးထဲမှာ ဥရောပအဆင့်ဗိုလ်လုပွဲကို ဆင်နွှဲရမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နည်းပြဆာရီရဲ့ပထမဆုံးရာသီမှာ ဆုဖလားရရှိဖို့အတွက် ကစားသွားမှာဖြစ်သလို အာဆင်နယ်အသင်းကလည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ဂန်းနားတို့ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုမှာ အဆင့် (၅)နေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့အတွက် ဒီနေ့ဗိုလ်လုပွဲဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တခုတည်းသော အခွင့်အရေး ဖြစ်လာခဲ့တာပါ။ ဒါပေမယ့်လည်း သရဲနီတို့ရဲ့…

reading now

၁။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းရဲ့ လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ အာဆင်နယ်အသင်းရဲ့ ပြီးခဲ့တဲ့ ၂၀၁၈-၁ ရာသီ အကောင်းဆုံး သွင်းဂိုးဆု ရရှိခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းကို ရမ်ဆေးသွင်းယူခဲ့တဲ ဂိုးက ဒုတိယနေရာ ရခဲ့ပြီး စပါးအသင်းကို အူဘာမီယန်းသွင်းယူတဲ့ ဂိုးက တတိယချိတ်ခဲ့ပါတယ်။ ၂။ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အီယန်ရိုက်က ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်း အနိုင်ရနိုင်ချေများပေမယ့် အီဒင်ဟာဇက်ကို ထိန်းချုပ်နိုင်ဖို့တော့ လိုအပ်လိမ့်မယ်လို့ သူကပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ ရှေ့တန်းမှာလည်း အူဘာမီယန်းနဲ့ လာကာဇက်တို့…

reading now

error: Content is protected !!