[ZawGyi] အာဆင်နယ်နည်းပြအမ်မရီက သူ့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပေမယ့်လည်း ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်နိုင်စွမ်းရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတို့ဟာ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းကို (၄-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း အဆင့် (၅)နေရာသာ ရပ်တည်နိုင်ခဲ့တဲ့ မြောက်လန်ဒန်အသင်းဟာ အခွင့်အရေးတွေကို အရမယူနိုင်ခဲ့အတွက် ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အခုလိုလွဲချော်ခဲ့တဲ့အတွက် သတင်းတွေအရ အသင်းရဲ့ဝင်ငွေပိုင်းကိုလည်း ထိခိုက်လာနိုင်တာကြောင့် အမ်မရီအနေနဲ့ ဒီနွေအပြောင်းအရွှေ့မှာ အပြောင်းအရွှေ့အသုံးစားရိတ် ပေါင်သန်း (၄၀)သာ ရရှိသွားမယ်လို့လည်း သိရပါတယ်။…

reading now

[ZawGyi] ၁။ စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ သေချာသလောက်ဖြစ်နေပေမယ့်လည်း တိုက်စစ်ကစားသမား အေဒင်ဟာဇက်ကတော့ နောက်ရာသီချန်ပီယံလိဂ်မှာ ချယ်လ်ဆီးအသင်းနဲ့ အသင်းဟောင်း လိုင်လီအသင်းတို့ကို အုပ်စုအဆင့်မှာ ထိပ်တိုက်တွေ့စေချင်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ၂။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ သွင်းဂိုးတွေ အသီးအသီးရယူခဲ့ကြတဲ့ ဂျရူး၊ ပတ်ဒရိုနဲ့ ဟာဇက်တို့ဟာ စံချိန်အသီးသီး ပိုင်ဆိုင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအတွက် ယူရိုပါလိဂ်သွင်းဂိုး (၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဂျရူးက (၂၀၀၄-၀၅)ရာသီက အလန်ရှီးယားရားနောက်ပိုင်း ဥရောပအဆင့်ပြိုင်ပွဲမှာ အင်္ဂလန်ကလပ်အသင်းတသင်းအတွက် တရာသီအတွင်း ဂိုးအများဆုံးသွင်းယူပေးနိုင်သူဖြစ်ခဲ့သလို ပတ်ဒရိုကလည်း ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲနှစ်ခုစလုံးရဲ့ဖိုင်နယ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့…

reading now

[ZawGyi] ချယ်လ်ဆီးနည်းပြဆာရီကတော့ ဂျူဗင်တပ်အသင်းနဲ့ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းတွေကို သူဟာ ချယ်လ်ဆီးအသင်းမှာ ဆက်ရှိလိုနေတယ်လို့ ဖွင့်ဟခဲ့ကာ အရိပ်အမြွက် ငြင်းဆိုခဲ့ပါတယ်။ အီတလီသားနည်းပြကြီးဟာ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ခြင်္သေ့ပြာတို့အတွက် ဒီနှစ်ရာသီကို ဆုဖလားတလုံးနဲ့ အဆုံးသတ်ပေးခဲ့ပါတယ်။ တိုက်စစ်ကစားသမား အေဒင်ဟာဇက်ရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ အနိုင်ဂိုး (၂)ဂိုးအပြင် ဂျရူးနဲ့ ပတ်ဒရိုတို့ရဲ့ သွင်းဂိုးတွေက ချယ်လ်ဆီးအသင်းကို အနိုင်သေချာစေခဲ့တာဖြစ်ပြီး ဆာရီရဲ့ပထမဆုံးရာသီကို အောင်မြင်မှု ရစေခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာလည်း အဆင့် (၃)နေရာမှာ…

reading now

[ZawGyi] မန်ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးလူကာကူကို အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခွင့်ပေးတော့မှာဖြစ်တဲ့အတွက် ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတဲ့ ဂျူဗင်တပ်အသင်းနဲ့ အင်တာမီလန်အသင်းတို့အတွက် သတင်းကောင်းတရပ် ဖြစ်လာခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ဒီနှစ်ရာသီကုန်မှာ အားလပ်ရက်ရယူထားရာကနေ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ အနာဂတ်အတွက် ဆွေးနွေးဖို့ ဒီတပတ်မှာ လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာခဲ့ပါတယ်။ ဗြိတိန်သတင်းစာတွေကတော့ ကစားသမားကိုယ်တိုင်က အသင်းကနေ ထွက်ခွာချင်နေတဲ့အတွက် မန်ယူနိုက်တက်ဟာ ဆက်လက်ထိန်းသိမ်းထားလိုစိတ်မရှိတော့ဘဲ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးသာ ရမယ်ဆိုရင် ရောင်းချသွားမယ်လို့ အသိပေးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်ခန့်က အဲဗာတန်အသင်းကနေ အသက် (၂၆)နှစ်သားကို ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့…

reading now

[ZawGyi] အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက အသင်းကို တည်ဆောက်နေဆဲကာလမှာ သူ့ကို ယုံကြည်မှုပေးပြီး ပရိသတ်တွေအနေနဲ့ စိတ်ရှည်ပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီနည်းပြဟောင်းဟာ ဂန်းနားတို့ကို ပထမဆုံးကိုင်တွယ်တဲ့ရာသီအတွင်း ချယ်လ်ဆီးအသင်းကို ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲမှာ (၄-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ကာ ဖလားလက်မဲ့ရာသီတခုကို ဖြတ်သန်းခဲ့ရပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုအရလည်း အဆင့် (၅)နေရာမှာသာ ရှိခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို (၄)ရာသီဆက် လွဲချော်ခဲ့ပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်ရာသီ ရည်မှန်းချက်တွေကို ဖော်ဆောင်နိုင်စွမ်းမရှိခဲ့တာကို စပိန်သားနည်းပြက လက်ခံခဲ့ပေမယ့် တိုးတက်မှုတွေရှိခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။ " ဒီအရာဟာ ခက်ခဲလိမ့်မယ်မှန်း ကျွန်တော်တို့…

reading now

၁။ အီဒင် ဟာဇက်ကဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ရီးရဲလ်နဲ့ ချယ်လ်ဆီးတို့အကြားမှာ ပေါင် ၁၁၅ သန်းတန် သဘောတူညီချက်လည်း ရရှိထားပြီလို့ဆိုပါတယ်။ ၂။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျူဗင်တပ်အသင်းကနေ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ Corriere dello…

reading now

[ZawGyi] တိုက်စစ်ကစားသမား အေဒင်ဟာဇက်ကတော့ ချယ်လ်ဆီးအသင်းနဲ့ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပြီဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့နိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။ မနေ့ညက အာဆင်နယ်အသင်းကို (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ကစားနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားကို အရယူနိုင်ခဲ့တဲ့ပွဲစဉ်ဟာ ဘယ်လ်ဂျီယံသားအတွက် ခြင်္သေ့ပြာကစားသမားဘဝတလျှောက် နောက်ဆုံးပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ အဆိုပါပွဲမှာ သွင်းဂိုး (၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသက် (၂၈)နှစ်သားက သူ့အနေနဲ့ ယတိပြတ်ဆုံးဖြတ်ချက်ချမှတ်ထားပြီးဖြစ်ကြောင်းနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ဖွင့်ဟလာခဲ့တာပါ။ " ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အဆုံးအဖြတ်ဖြစ်သွားဖို့ ရှိနေပါတယ်။ အခုချိန်မှာတော့ ဒီဖိုင်နယ်ပွဲစဉ်ပဲ ကျွန်တော် ခေါင်းထဲမှာ…

reading now

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်က သူ့ရဲ့ ခြေစွမ်းဟာ နည်းပြဟောင်း အာဆင်ဝင်းဂါးလက်ထက်မှာထက် နည်းပြသစ်အူနိုင်း အမ်မရီရဲ့ လက်အောက်မှာ ပိုမိုကောင်းမွန်လာတယ်လို့ Evening Standard နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လာကာဇက်ကို အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီးက ၂၀၁၇-၁၈ ရာသီမှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အသုံးပြုပြီး လိုင်ယွန်အသင်းထံကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အဆိုပါရာသီမှာတုန်းက ၁၇ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာတော့ လာကာဇက်ဟာ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၉ ဂိုးသွင်းယူနိုင်ခဲ့ပြီး…

reading now

[ZawGyi] ပွဲချိန်မိနစ် (၉၀)ပြည့်ခဲ့တဲ့အချိန်မှာတော့ ဘာကူမြို့ရဲ့ အိုလံပစ်ကွင်းကြီးထဲမှာ အပြာရောင်တွေ စိုးမိုးနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ နည်းပြဆာရီဟာ ရုန်းကန်မှုတွေကြားကပဲ ခြင်္သေ့ပြာတို့အတွက် ဆုဖလားတလုံးရယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ဂုဏ်သိက္ခာပိုင်းကို ထိန်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံးဟာ ကာလရှည်ဒဏ်ရာရနေသူတွေကလွဲလို့ လူစုံတက်စုံနဲ့ ပါဝင်လာနိုင်တာကိုတွေ့ရပြီး အိုလံပစ်ကွင်းကြီးထဲမှာ အင်ပြည့်အားပြည့် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ပွဲစတယ်ဆိုကတည်းက ထုံးစံအတိုင်း ဘောလုံးကိုင်ကစားပြီး ပွဲရှိန်အတက်အကျကို ထိန်းကစားသွားဖို့ စတင်ကြိုးစားခဲ့ပါတယ်။ ဒီပုံစံဟာ ဆာရီရဲ့စိတ်ကြိုက်ပုံစံပါပဲ။ အာဆင်နယ်အသင်းက သူတို့ရဲ့ပုံစံတကျကစားကွက်ကိုပဲ ထိန်းကစားဖို့ ကြိုးစားခဲ့ပေမယ့် မစ်လန်းနိုင်းစ်ရဲ့ညာခြမ်းက မကြာခဏဆိုသလို ပုံစံပျက်ယွင်းနေတာကို တွေ့ခဲ့ရပြီး တန်ပြန်တိုက်စစ်လည်း…

reading now

[ZawGyi] ချယ်လ်ဆီးအသင်းဟာ အောင်မြင်မှုတွေနဲ့ယဉ်ပါးနေတဲ့အသင်းဖြစ်ပြီး အာဆင်နယ်အသင်းလို ဖလားလက်မဲ့အသင်းမဟုတ်ဘူးဆိုပြီး နောက်ခံလူ အလွန်ဆိုက လှောင်ပြောင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဆင့် (၃)နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ ခြင်္သေ့ပြာတို့ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို အမိအရဆုပ်ကိုင်ထားပြီး ဂန်းနားတို့ကတော့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲနိုင်မှသာ ချန်ပီယံလိဂ်ဝင်မယ့် အနေအထား ဖြစ်နေပါတယ်။ (၂၀၀၄)ခုနှစ်မှာ ရုရှသူဌေး ရိုမန်အေဘရာမိုဗစ်ခ်ျ ဝယ်ယူပြီးကတည်းက ချယ်လ်ဆီးအသင်းဟာ ဆုဖလားတွေ ဆက်တိုက်ရယူနိုင်ခဲ့ပြီး ဒီနှစ်ရာသီ နည်းပြဆာရီလက်ထက်မှာလည်း ဆုဖလားအောင်မြင်မှုအဖြစ် ယူရိုပါလိဂ်ဖလားကို ပစ်မှတ်ထားနေနိုင်ပါတယ်။ အလွန်ဆိုကတော့ ဒီနှစ်ရာသီ ချယ်လ်ဆီးအတွက် နောက်ဆုံးပွဲစဉ်ကို အနိုင်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး…

reading now

error: Content is protected !!