[ZawGyi] မန်ယူနိုက်တက်အသင်းဟာ စပါးအသင်းရဲ့ ဗဟိုခံစစ်ကစားသမား တိုဘီအယ်လ်ဒါဝယ်ရာကို ခေါ်မည်မခေါ်မည်ကို နောက်တပတ်အတွင်း ဆုံးဖြတ်ချက်ချသွားမှာဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားဟာ လန်ဒန်မြို့ခံကလပ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ပေါင် (၂၅)သန်းဝန်းကျင်နဲ့ ထွက်ခွာခွင့်ရှိနေသူဖြစ်ပြီး မန်ယူနိုက်တက်အနေနဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ရည်ရွယ်နေတာ ဖြစ်ပါတယ်။ ဗြိတိန်သတင်းစာတွေရဲ့ အဆိုအရ ယူနိုက်တက်ဟာ အယ်လ်ဒါဝယ်ရာကို ခေါ်ယူနိုင်ဖို့ အခုချိန်ထိ ကြိုးစားနေဆဲဖြစ်ပေမယ့် နည်းပြဆိုးရှားကတော့ လက်ရှိခံစစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည် တိုးတက်လာဖို့သာ အရင်ကြိုးစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အသက် (၃၀)အရွယ်…

reading now

[ZawGyi] ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ပိတ်ပင်ခံထားရတဲ့ ပြစ်ဒဏ်ကနေသာ လွတ်မြောက်ခဲ့တယ်ဆိုရင် အေဒင်ဟာဇက်ရဲ့နေရာကို ဘာစီလိုနာကြယ်ပွင့် ကော်တင်ညိုနဲ့ အစားထိုးသွားမယ်လို့ သိရပါတယ်။ နည်းပြဆာရီတယောက် ဆက်ရှိမရှိ မသေချာပေမယ့်လည်း ခြင်္သေ့ပြာတို့ဟာ လီဗာပူးလ်ကစားသမားဟောင်းကို ခေါ်ယူဖို့ စတင်ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။ အီတလီသားနည်းပြကြီးကို စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားနေပါတယ်။ ဘရာဇီးလ်သားဟာ လွန်ခဲ့တဲ့ (၁၈)လလောက်ကမှ ဘာစီလိုနာကို လီဗာပူးလ်အသင်းဆီကနေ ပေါင် (၁၄၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နူးကမ့်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ ကတ်တလန်အသင်းရဲ့ တိုက်စစ်ပိုင်းတနေရာမှာ ပွဲထွက်ကစားခွင့် ဆုံးရှုံးနေရတဲ့…

reading now

[ZawGyi] အာဆင်နယ်အသင်းဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက် အသင်းရဲ့ အဓိက ကစားသမား (၃)ဦးကို ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဂန်းနားတို့ဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ပရီးမီးယားလိဂ်အဆင့် (၅)နေရာမှာသာ ရပ်တည်နိုင်ခဲ့သလို ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲမှာလည်း ချယ်လ်ဆီးအသင်းကို ရှုံးခဲ့တာကြောင့် လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ မြောက်လန်ဒန်အသင်းဟာ ပထမပိုင်းမှာ ချယ်လ်ဆီးအသင်းကို ဂိုးမရှိသရေကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ နောက်တန်းအမှားအယွင်းတွေများခဲ့ပြီး သွင်းဂိုးတွေ ဆက်တိုက်ခွင့်ပြုခဲ့ရတာကြောင့် ယူရိုပါလိဂ်ဖလားကို (၄-၁)ဂိုးဆိုတဲ့ ဂိုးပြတ်အရှုံးနဲ့ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြအူနိုင်းအမ်မရီရဲ့ ပြီးခဲ့တဲ့နွေ…

reading now

[ZawGyi] ၁။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား အေဒင်ဟာဇက်ကို ပေါင် (၁၀၆)သန်းနဲ့ စတင်ကမ်းလှမ်းပြင်ဆင်နေပါတယ်။ နောက်ခံလူရာမို့စ်ကတော့ ဘယ်လ်ဂျီယံသားဟာ ဘာနေဗြူးကို ပြောင်းရွှေ့လာခဲ့ရင် အများကြီးအကျိုးပြုမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ ၂။ မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ရာမို့စ်ကိုယ်တိုင်ကလည်း နောက်ရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်ရှိမှာဖြစ်ကြောင်း အတည်ပြုပြောကြားသွားပါတယ်။ ရာမို့စ်က ဘာနေဗြူးမှာသာ ကစားသမားဘဝကုန်ဆုံးသွားမယ်လို့ ဆိုခဲ့ပါတယ်။ ၃။ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား နေမာဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အသက်…

reading now

[ZawGyi] ၁။ မန်ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ပစ်မှတ်ထားနေတဲ့ အေဂျက်စ်နောက်ခံကြယ်ပွင့်လေး ဒီလစ်ခ်ျကို စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းကပါ စိတ်ဝင်စားလာပါတယ်။ ဘာနေဗြူးအသင်းဟာ ရာမို့စ်နေရာမှာ အစားထိုးဖို့အတွက် နယ်သာလန်သားလေးကို ချိန်ရွယ်နေတာပါ။ ၂။ စပိန်ထိပ်သီးကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့နေရမှာ အစားထိုးဖို့အတွက် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ချိတ်ဆက်နေတဲ့ဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ သိရပါတယ်။ ၃။ ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားပြန်လည်ဆွတ်ခူးနိုင်ဖို့ဆိုရင် တိုက်စစ်ကြယ်ပွင့်နေမာကို နူးကမ့်ဆီ ပြန်လည်ခေါ်ယူဖို့ လိုအပ်တယ်လို့ ဘရာဇီးလ်ဂန္ထဝင်ရီဗယ်လ်ဒိုက သုံးသပ်ခဲ့ပါတယ်။ ၄။ အင်တာမီလန်အသင်းဟာ နည်းပြစပယ်လက်တီနဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ လာမယ့်ရာသီ…

reading now

[ZawGyi] ၁။ ဂိုးသမားဟောင်း ပီပီရေနာကတော့ ဘောလုံးဟာ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့အတွက် မျှတမှုမရှိဘူးလို့ ဆိုလိုက်ပါတယ်။ မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပေမယ့် သူတို့လူစာရင်းနဲ့ နောက်ဆုံးသုံးရာသီအတွင် ချန်ပီယံလိဂ်ဖိုင်နယ်တောင် မရောက်ခဲ့တာဟာ ဆိုးရွားလှကြောင်းနဲ့ လီဗာပူးလ်အတွက် ဒီနှစ်ပရီးမီးယားလိဂ်မှာ (၉၇)မှတ်အထိ ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံမဖြစ်ခဲ့တာဟာ ကံဆိုးခဲ့ကြောင်း၊ ချန်ပီယံလိဂ်ဖလားဖိုင်နယ်တက်ရောက်နိုင်တာကြောင့်သာ စိတ်ဖြေစရာဖြစ်ခဲ့ရကြောင်း ရေနာက မှတ်ချက်ပြုခဲ့ပါတယ်။ ၂။ နောက်ခံလူ ရောဘတ်ဆင်ကတော့ လီဗာပူးလ်အသင်းကို စစရောက်ချင်းနေ့ရက်တွေမှာ အစစအရာရာ ပြောင်းလဲခဲ့ရပြီး ဆေးအဖွဲ့ရဲ့စစ်ဆေးမှုတွေကြောင့် ပျို့အန်သည်အထိပင် ဖြစ်ခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ၃။ တိုက်စစ်ကစားသမား ဆေဒီယိုမာနေးကတော့…

reading now

[ZawGyi] ၁။ နည်းပြဆိုးရှားအနေနဲ့ ဒီနှစ်နွေအပြောင်းအရွှေ့မှာ မန်ယူနိုက်တက်အသင်းကို မြေလှန်ကာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သင့်ပြီး အကယ်ဒမီက လူငယ်ကစားသမားတွေကိုလည်း အသင်းထံ ခေါ်ဆောင်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။ ၂။ မန်ယူနိုက်တက်ရဲ့ ဝါရင့်ကစားသမားကြီးအက်ရှ်လေယန်းဟာ ဒီနှစ်နွေမှာ အသင်းဖော်ဟောင်း ဝိန်းရူနီကစားနေတဲ့ အမေရိကန်မေဂျာလိဂ်ကလပ် DC United ကို ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း Manchester Evening News က ဖော်ပြခဲ့ပါတယ်။ ၃။ နယ်သာလန်ကလပ် ပီအက်စ်ဗွီအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားလေး စတီဗင်ဘာ့ဂ်ျဝစ်ခ်ျကို ပရီးမီးယားလိဂ်ကလပ်စပါးအသင်းက ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ Sky Sports ရဲ့ဖော်ပြချက်အရ…

reading now

[ZawGyi] ချယ်လ်ဆီးတိုက်စစ်မှူးအိုလီဗီယာဂျရူးက သူ့အနေနဲ့ အသင်းဟောင်း အာဆင်နယ်ကို ဂိုးသွင်းရတာ ခက်ခဲခဲ့ပေမယ့် ချယ်လ်ဆီးအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တာ ဂုဏ်ယူမိတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ပြင်သစ်သားဟာ ဂန်းနားတို့ကို (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အဆိုပါဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို အပိုင်ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လန်ဒန်မြို့ခံပြိုင်ဘက်နှစ်သင်းရင်ဆိုင်ခဲ့ကြတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲဟာ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ဂျရူး၊ ပတ်ဒရို၊ ဟာဇက်နဲ့ အီဝိုဘီတို့ရဲ့ ကန်သွင်းချက်တွေနဲ့ သွင်းဂိုးတွေ မြိုင်ခဲ့ပါတယ်။ " ပွဲကပထမပိုင်းကတည်းက စိတ်ဝင်စားဖို့ ကောင်းခဲ့တာပါ။ ဒါပေမယ့် ဂိုးမရှိသရေကျခဲ့တယ်။…

reading now

[ZawGyi] မန်ယူနိုက်တက်နည်းပြဆိုးရှားဟာ နောက်ခံလူတဦးဖြစ်တဲ့ အဲရစ်ဘိုင်ယီကို လာမယ့်ရာသီမှာ အခွင့်အရေးထပ်ပေးသွားမယ်လို့သိရပြီး အက်ရှ်လေယန်းကိုတော့ ထွက်ခွာခွင့်ပြုသွားမှာဖြစ်ကြောင်း Manchester Evening News က ဖော်ပြခဲ့ပါတယ်။ ဘိုင်ယီဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် မန်ယူနိုက်တက်ရဲ့ပွဲစဉ်အများစုကို လွဲချော်ခဲ့သလို ပုံမှန်ခြေစွမ်းလည်း ပျောက်ဆုံးခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာလည်း ဒဏ်ရာပြဿနာကြောင့် အိုက်ဗရီကို့စ်အသင်းအတွက် အာဖရိကဖလားပွဲ မကစားနိုင် ဖြစ်ခဲ့ပါတယ်။ ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ ဆိုးရှားဟာ လက်စတာနောက်ခံလူ ဟယ်ရီမက်ဂွဲရားနဲ့ နာပိုလီကစားသမား ကူလီဘာလီတို့အပေါ် စိတ်ဝင်စားမှု လျော့ကျလာကာ ဘိုင်ယီသာ ကြံ့ခိုင်မှုပြည့်ဝခဲ့မယ်ဆိုရင် အခွင့်အရေးပေးသွားဖို့ စီစဉ်လာတာဖြစ်တယ်လို့ သိရပါတယ်။…

reading now

[ZawGyi] ၁။ အာဆင်နယ်အသင်းဟာ ဂျာမန်ကလပ်ရက်ဘူးလ်လစ်ဘ်ဇစ်အသင်းရဲ့ နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲခဲ့တဲ့အတွက် အသက် (၂၀)နှစ်သားက အမ်းမရိတ်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ၂။ ချယ်လ်ဆီးအသင်းကို (၄-၁)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ကာ ယူရိုပါလိဂ်ဖလားကို လက်လွှတ်ခဲ့ရပေမယ့်လည်း ဂိုးသမားကြီးပီတာချက်ကတော့ မနေ့ညပွဲက သူ့ရဲ့လက်စွမ်းနဲ့ သူ့ကိုယ်သူ ကျေနပ်ဂုဏ်ယူမိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ သုံးသပ်သူတွေကတော့ အဆိုပါပွဲမှာ ဝါရင့်ဂိုးသမားကြီးရဲ့လေးလံမှုတွေကြောင့် မပေးသင့်တဲ့ဂိုးအချို့ကို ပေးခဲ့ရတယ်လို့ ယူဆနေကြပါတယ်။ ၃။ ဒီနှစ်ရာသီ ယူရိုပါလိဂ်အကောင်းဆုံးအသင်းမှာ အာဆင်နယ်ကစားသမားတွေဖြစ်ကြတဲ့ နောက်ခံလူ မစ်လန်းနိုင်းစ်နဲ့ တိုက်စစ်မှူး…

reading now

error: Content is protected !!