[ZawGyi] ချယ်လ်ဆီးအသင်းအနေနဲ့ နည်းပြသစ်အဖြစ် ဝုလ်ဗ်အသင်းနည်းပြနူနိုအက်စ်ပီရီတိုဆန်တိုကို ခန့်အပ်သင့်ကြောင်း လီဗာပူးလ်နောက်ခံလူဟောင်း စတိဗ်နီကိုးလ်က တိုက်တွန်းလိုက်ပါတယ်။ နည်းပြဆာရီဟာ စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်တဲ့အတွက် ခြင်္သေ့ပြာတို့အနေနဲ့ လာမယ့်ရာသီကို နည်းပြသစ်နဲ့ ဖြတ်သန်းရဖို့ အခြေအနေဖန်လာတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် (၃)နေရာအထိ ပို့ဆောင်ပေးနိုင်ခဲ့သလို ယူရိုပါလိဂ်ဖလားလည်း အရယူပေးနိုင်ခဲ့ပေမယ့် ဆာရီရဲ့နည်းစနစ်ပိုင်းကို ပရိသတ်တွေက သဘောမကျတဲ့အပြင် အင်္ဂလန်မြေနဲ့ အသားကျခြင်းမရှိတာက စတန်းဖို့ဒ်ဘရစ်ခ်ျကနေ အီတလီသားနည်းပြကြီး ထွက်ခွာစေခဲ့တဲ့ အကြောင်းအရင်းတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် ဆာရီနေရာကိုအစားထိုးနိုင်မယ့် နည်းပြတွေအဖြစ် ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီ၊ ဒါဘီနည်းပြ…

reading now

မန်ချက်စတာယူနိုက်အသင်းက အရေးအပါဆုံး ပုဂ္ဂိုလ် ၂ ဦးဟာ တောင်ပံတိုက်စစ်ကစားသမား အန်တိုနီ မာရှယ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သဘောထားခြင်းတိုက်ဆိုင်မှု မရှိဖြစ်နေတယ်လို့ Sky Sports က ထိပ်တန်းသတင်းထောက် ဒန်ကန် ကက်စ်တဲလ်က ဖော်ထုတ်ရေးသားလိုက်ပါတယ်။ ကက်စ်တဲလ်ရဲ့ ဖော်ပြချက်အရ မန်ယူအသင်း နည်းပြ ဆိုးလ်ရှားဟာ တာင်ပံတိုက်စစ်မှူး အန်တိုနီ မာရှယ်ကို ရောင်းထုတ်ဖို့ စိတ်ဆန္ဒရှိနေပေမယ့် အသင်းရဲ့ ဒုဥက္ကဌ အဒ် ဝုဒ်ဝါ့ဒ်ဟာ သူကိုယ်တိုင် ခေါ်ယူထားတဲ့ အဆိုပါပြင်သစ်သားကို အသင်းမှာ ဆက်လက်ထားရှိဖို့သာ ဆန္ဒရှိနေတာကြောင့် ရောင်းချဖို့…

reading now

၁။ အာဆင်နယ်အသင်းဟာ ဆမ်ဒိုးရီးယား ကြယ်ပွင့်တွေဖြစ်ကြတဲ့ နောက်ခံလူ ဂျိုအာချင် အန်ဒါဆင်နဲ့ ကွင်းလယ်လူ ဒန်းနစ် ပရတ်တို့ကို ခေါ်ယူဖို့ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး အပြီးသတ်နိုင်ဖို့ သဘောတူညီချက် အနည်းငယ်သာလိုအပ်တော့တယ်လို့ Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။ ၂။ အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီရဲ့ စိတ်ကြိုက်စားသမားတစ်ဦးဖြစ်တဲ့ ဂီတာဖေး နောက်ခံလူ ဒီဂျင်း ဒါကိုနမ်ကို ခေါ်ယူဖို့ အဲဗာတန်အသင်းကလည်း ကြိုးပမ်းလာပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါကစားသမားကို ပစ်မှတ်ထားနေပေမယ့် ခေါ်ယူဖို့ ကြိုးပမ်းမှုတော့ မရှိသေးပါဘူး။ ၃။…

reading now

၁။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် ဒိန်းမတ် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင်နဲ့ အစားထိုးသွားဖို့ ရည်ရွယ်ထားပြီးဖြစ်တယ်လို့ Evening Standard က ဖော်ပြလိုက်ပါတယ်။ မန်ယူအသင်းဟာ မိုနာကို ကွင်းလယ်လူ ယူရီ တိုင်လီမန်းစ်ကိုလည်း ပစ်မှတ်ထားနေပေမယ့် အဆိုပါ ကစားသမားကတော့ ရီးရဲလ်မက်ဒရစ်ကိုသာ ပြောင်းရွှေ့ချင်နေပါတယ်။ ၂။ နည်းပြဆာရီကို လက်လွှတ် ဆုံးရှုံးရတော့မယ့် ချယ်လ်ဆီးအသင်းဟာ နည်းပြသစ် ခန့်အပ်ဖိ့ ပြင်ဆင်နေပေမယ့် အဆင်ပြေမှု မရှိသေးတာကြောင့် အကျပ်တွေ့နေပါတယ်။ ဂန္တဝင်ကစားသမားဟောင်း ဖရန့်ခ်…

reading now

Sky Sports ရဲ့ သုံးသပ်သူ ဒန်နီ မေးလ်စ်က အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို အသင်းမှာဆက်မထားပဲ ရောင်းထုတ်လိုက်တာဟာ အသင်းအတွက် အသင့်တော်ဆုံး နည်းလမ်းဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။ အိုဇေးလ်ဟာ အမ်မရီရဲ့ လာမယ့်ရာသီ အစီအစဉ်တွေမှာ ပါဝင်မှု မရှိဘူးလို့လည်း သူက အခိုင်အမာဆိုခဲ့ပါတယ်။ “ကျွန်တော့် သတင်းအရင်းအမြစ်တွေဆီက ကြားထားသမျှဆိုရင် အာဆင်နယ်အသင်းဟာ မကြာခင်မှာ အိုဇေးလ်ကို ရောင်းထုတ်နိုင်မယ့်နည်းလမ်းကို ရှာတွေ့တော့မှာပါ။ သူက အသင်းအတွက် ပြဿနာကစားသမားဖြစ်နေပါတယ်။ တစ်ခါတစ်လေမှာ ကစားသမားတစ်ယောက်အတွက် ခင်ဗျား ပိုက်ဆံတွေအများကြီးသုံးနေရပြီး အသင်းကလည်း…

reading now

အင်္ဂလန် လက်ရွေးစင်အသင်းဟာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ တတိယနေရာလုပွဲမှာ ဆွစ်ဇာလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ယူရို ၆၈ မှာ တတိယနေရာ ရရှိခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် ဆုတံဆိပ်ပြန်လည် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်ပိုင်း ခြေစွမ်းပိုင်းအတက်ဘက်ကို ပြသနေတဲ့ အင်္ဂလန်အသင်းဟာ ၁၉၆၈ ခုနှစ် အီတလီမှာ ကျင်းပတဲ့ ယူရိုပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ယူဂိုဆလားဗီးယားကို ရှုံးနိမ့်ခဲ့တာကြောင့် တတိယလုခဲ့ရပြီး တတိယလုပွဲမှာ ဆိုဗီယက်ယူနီယံအသင်းကို ၂ ဂိုးပြတ်အနိုင်ရရှိပြီး…

reading now

အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနားအသင်းက ပြင်သစ်ကွင်းလယ်လူ ဂျော်ဒန် ဗရီတောက်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုပြုလုပ်နေတယ်လို့ Football London သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါကစားသမားဟာ နာပိုလီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေသူဖြစ်ပြီး အာဆင်နယ်အသင်းဟာ အဆိုပါအခြေအနေမှာ ရုတ်တရက် ဝင်ရောက်ချဉ်းကပ်လာတာဖြစ်ပါတယ်။ နာပိုလီအသင်းဟာအဆိုပါကစားသမားကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး လက်ရှိ အာဆင်နယ်အသင်းကြားဝင်လာမှုကြောင့် အဆိုပါအပြောင်းအရွှေ့မှာ သက်ရောက်မှုရှိလာနိုင်တယ်လို့ ပြင်သစ်မီဒီယာ L’Equipe က ဖော်ပြခဲ့ပါတယ်။ ကွင်းလယ်ဗဟိုနဲ့ ဘယ်တောင်ပံတွေမှာ ကစားနိုင်တဲ့ ဗရီတောက်ဟာ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာဆင်ဝင်းဂါးရဲ့…

reading now

အင်္ဂလန်က ထိပ်တန်းလောင်းကစားဒိုင်တွေက အာဆင်နယ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာတဲ့ တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်ကို မန်ချက်စတာယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူနိုင်ကြောင်း လောင်းကြေးဖွင့်ခဲ့ပါတယ်။ ဝဲလ်ဘတ်ဟာ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်ပြီး အိုလ်ထရက်ဖို့ဒ်မှာ ၆ ရာသီကြာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ဝဲလ်ဘတ်ဟာ မန်ယူအသင်းအတွက် ၁၄၂ ပွဲကားပြီး ၂၉ ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ကာ ၂၀၁၄ ခုနှစ်မှာ ပေါင် ၁၆ သန်းနဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ ဝဲလ်ဘတ်ဟာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်ပြီး…

reading now

အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သတင်းကြီးနေတဲ့ ဘယ်လ်ဂျီယံ တောင်ပံကစားသမား ယာနစ် ကာရက်စ်ကိုက သူ့အနေနဲ့ အင်္ဂလန် မြေမှာ ခြေစွမ်းကောင်းပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘယ်လ်ဂျီယံ တောင်ပံကစားသမား ယာနစ် ကာရက်စ်ကို ကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းရဲ့ ကြိုးပမ်းမှုတွေဟာ အရမ်းကိုနီးစပ်တဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိနေပြီလို့ မီဒီယာတွေက တညီတညွတ်တည်းဖော်ပြခဲ့ကြပြီး လက်ရှိမှာလည်း ကစားသမားကိုယ်တိုင်က အဆိုပါအချက်တွေကို အတည်ပြုပြောဆိုခဲ့ပါတယ်။ "ဆွေးနွေးမှုတွေက တိုးတက်မှုရှိနေပါတယ်။ ကျွန်တော်က လက်ရှိအသင်းမှာ အရေးပါတဲ့ကစားသမားဖြစ်နေတာကို သိပါတယ်။ ဒါပေမယ့် အသင်းက ကျွန်တော့်ကို ထွက်ခွာခွင်ပြုလိမ့်မယ်လို့…

reading now

မန်ယူအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဝိန်း ရူနီက သူ့ရဲ့ အသင်းဟောင်းအနေနဲ့ မက်ဆီ၊ ရော်နယ်ဒိုတို့လို ထိပ်တန်းကစားသမားတွေ ခေါ်ယူတာမျိုး မပြုလုပ်ဖို့ သတိပေးလိုက်ပြီး လူငယ်ကြယ်ပွင့်တွေနဲ့ ခေတ်သစ်တစ်ခု စတင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ရူနီက မန်ယူအသင်းအတွက် အမှန်တကယ်လိုအပ်နေတာဟာ ရယ်ဒီမိတ် ကစားသမားတွေမဟုတ်ပဲ အနာဂတ်ကို တည်ဆောက်ပေးနိုင်မယ့် လူငယ်ကြယ်ပွင့်ကစားသမားတွေဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှ ခေတ်သစ်တစ်ခု စတင်ဖို့အတွက် အချိန်ယူပြင်ဆင်သင့်တယ်လို့ ရူနီက ဆိုခဲ့ပါတယ်။ “ကျွန်တော့်အမြင်အရ အိုလီ့ အတွက် ပထမဆုံး လုပ်ရမှာက…

reading now