[ZawGyi] ချယ်လ်ဆီးနည်းပြဆာရီဟာ စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းကို လာမယ့်ရာသီမှာ ကိုင်တွယ်ဖို့ သဘောတူခဲ့ပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။ တူရင်ကလပ်အသင်းဟာ နည်းပြအယ်လီဂရီနဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ်ရှာဖွေနေတဲ့အသင်းဖြစ်ပြီး မန်စီးတီးနည်းပြပက်ဂွာဒီယိုလာကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် နာပိုလီအသင်းကို အောင်မြင်စွာကိုင်တွယ်ခဲ့ဖူးတဲ့ အီတလီသားနည်းပြကို ခေါ်ယူဖို့ ကြိုပမ်းလာခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဆာရီအနေနဲ့ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲပြီးရင် အီတလီမြေကို ပြန်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အန်တိုနီယိုကွန်တီနဲ့ ဟိုဆေးမော်ရင်ညိုတို့လည်း ဂျူဗင်တပ်အသင်းရဲ့ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပေမယ့် ကွန်တီဟာ အင်တာမီလန်အသင်းနဲ့သဘောတူညီမှုရရှိထားသလို ပေါ်တူဂီသားနည်းပြရဲ့အနာဂတ်ဟာလည်း မရေမရာဖြစ်နေဆဲပါ။ အီတလီအခြေစိုက်သတင်းဌာနတွေရဲ့…
reading now