[ZawGyi] တိုက်စစ်ကစားသမား အေဒင်ဟာဇက်ဟာ ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့် လီယွန်နယ်မက်ဆီလိုပဲ ဘောလုံးကိုလှလှပပကစားနိုင်သူဖြစ်တယ်လို့ ကစားသမားဟောင်း ဂျိုးကိုးလ်က ချီးကျူးခဲ့ပါတယ်။ ဒီနေ့ခေတ်ဘောလုံးလောကမှာ တဦးချင်းခြေစွမ်းကို ဝင်ကြေးပေးကြည့်ရင်တောင်တန်တဲ့ ပါရမီရှင်ကစားသမားမျိုးတွေ တဖြည်းဖြည်းရှားပါးလာတာကို တွေ့ရပါတယ်။ အဆိုပါကစားသမားတွေထဲမှာ ဘလွန်ဒီအောဆု (၅)ကြိမ်ရရှိထားတဲ့ မက်ဆီက ထိပ်ဆုံးမှာရှိနေတာဖြစ်ပြီး မှော်ဝင်ခြေစွမ်းနဲ့အတူ ပွဲတော်တော်များများကို အကောင်းဆုံးကစားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။ ဟာဇက်ဟာ စွဲဆောင်မှုရှိတဲ့ကစားဟန်နဲ့ ပရိသတ်ကို ဖျော်ဖြေမှုပေးနိုင်တဲ့ကစားသမားတယောက်ဖြစ်ပြီး ချယ်လ်ဆီးကွင်းလယ်လူဟောင်းကြီး ကိုးလ်ကတော့ အသက် (၂၈)နှစ်သားနဲ့ မက်ဆီကြားမှာ တူညီတဲ့အရည်အသွေးတွေရှိကြောင်း ယုံကြည်နေတာပါ။ " ကျွန်တော် ပိုက်ဆံပေးကြည့်ချင်တဲ့ ခြေစွမ်းရှိတဲ့…

reading now

[ZawGyi] သောမတ်စ်ပါတေးဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ အက်သလက်တီကိုအသင်းကနေ ထွက်ခွာဖွယ်ရှိနေကြောင်း ကစားသမားရဲ့အေးဂျင့်ဖြစ်သူကိုယ်တိုင်က ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ စာချုပ်ဖျက်သိမ်းကြေး ပေါင် (၄၃.၅)သန်းရှိနေတဲ့ ကွင်းလယ်လူကို အာဆင်နယ်နဲ့ မန်ယူနိုက်တက်အသင်းတို့က အပြိုင်ချိတ်ဆက်နေကြပြီး ပရီးမီးယားလိဂ်မြေကို ခေါ်ယူလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် (၂၅)နှစ်သားကတော့ အသင်းပြောင်းမယ့်သတင်းတွေကို ပြီးခဲ့တဲ့တပတ်လောက်ကမှ ပယ်ချထားခဲ့ပေမယ့် အခုချိန်မှာတော့ အေးဂျင့်ဖြစ်သူ ဒန်နီယဲလ်ဟီမီနက်ဇ်က သူ့ကစားသမားအတွက် ကမ်းလှမ်းမှုတွေ ရရှိထားတယ်လို့ ဆိုလာခဲ့တာပါ။ " အခုချိန်မှာ ကျွန်တော်အတပ်ပြောနိုင်တာက ဘယ်အသင်းနဲ့မှ စကားမပြောရသေးဘူး ဆိုတာပါပဲ။ စီးရီးအေကလပ် အင်တာမီလန်အသင်းဟာလည်း ထိပ်တန်းကလပ်အသင်းတသင်း ဖြစ်တယ်လေ။…

reading now

[ZawGyi] မန်ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကတော့ ဘေယန်မြူးနစ်အသင်းဟာ ကစားသမားဟောင်းတွေနဲ့ အသင်းကို တည်ဆောက်ခဲ့မှုတွေက ဥရောပအကောင်းဆုံးအသင်းတွေထဲက တသင်းအဖြစ် ရပ်တည်နေနိုင်စေကြောင်း ယုံကြည်နေပါတယ်။ သရဲနီတို့ဟာလည်း လက်ရှိအချိန်မှာ ရီယိုဖာဒီနန်နဲ့ ဒဲရန်ဖလက်ချာတို့အပါအဝင် ဂန္ထဝင်ကစားသမားတွေကို လုပ်ပိုင်ခွင့်ရာထူးနေရာတွေ ပေးအပ်နိုင်ဖို့ ဆွေးနွေးနေကာ အသင်းကို ပြန်လည်တည်ဆောက်သွားဖို့ ပြင်နေတာပါ။ အသင်းရဲ့ အပြောင်းအရွှေ့တွေ၊ စီမံခန့်ခွဲမှုတွေနဲ့ လုပ်ဆောင်ချက်တိုင်းကို ဂန္ထဝင်ကစားသမားတွေရဲ့ အကူအညီရယူပြီး ဆောင်ရွက်သွားဖို့ အမှုဆောင်ချုပ်အက်ဒ်ဝုဒ်ဝက်ဒ်က စီစဉ်နေတာ ဖြစ်ပါတယ်။ (၁၉၉၉)ခုနှစ် ဖလားသုံးလုံးအောင်ပွဲရ အမှတ်တရပွဲအပြီးမှာတော့ ဖာဂူဆန်က လက်ရှိမန်ယူနိုက်တက်ကြိုးပမ်းနေသလို ဘေယန်မြူးနစ်အသင်း ဆောင်ရွက်ခဲ့မှုတွေက အောင်မြင်မှုရရှိစေတဲ့…

reading now

[ZawGyi] ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ်က အာဆင်နယ်နည်းပြအူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ဖလားကို ဘယ်လိုရယူရမလဲဆိုတာ ကောင်းကောင်းသိသူဖြစ်တာကြောင့် သူ့အသင်းဖော်တွေအနေနဲ့ သတိကြီးကြီး ထားကစားသွားကြဖို့ သတိပေးခဲ့ပါတယ်။ လူးဝစ်နဲ့ အမ်မရီတို့ဟာ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းမှာ ခဏတာ လက်တွဲအလုပ်လုပ်ခဲ့ဖူးသူတွေဖြစ်ပြီး စပိန်သားနည်းပြအနေနဲ့ လူးဝစ်တယောက် (၂၀၁၆)ခုနှစ် ချယ်လ်ဆီးကို မပြောင်းရွှေ့မီမှာ ပဲရစ်မြေကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အမ်မရီဟာ ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား (၃)ကြိမ်အထိ ရယူထားခဲ့ဖူးပါတယ်။ အမ်မရီရဲ့ အဆိုပါအရည်အသွေးကို ဘရာဇီးလ်သားက လေးစားချီးကျူးခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းမှာလည်း ဒီလိုမျိုး စွမ်းဆောင်နိုင်သွားမှာကို စိုးရိမ်မှုရှိနေတာပါ။ " ဒီရာသီမှာ…

reading now

[ZawGyi] မန်ယူနိုက်တက်ဆီကနေ မက်မောဖွယ်ရာကမ်းလှမ်းမှုရရှိထားတယ်ဆိုတဲ့ သတင်းတွေကို အေဂျက်စ်အသင်းရဲ့လူငယ်ကြယ်ပွင့်နောက်ခံလူ ဒီလစ်ခ်ျက ငြင်းဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ နယ်သာလန်သားလေးကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပြီး အေဂျက်စ်အသင်းနဲ့လည်း ပေါင် (၆၁.၇)သန်းဝန်းကျင်နဲ့ သဘောတူညီမှုရရှိထားပေမယ့် အေးဂျင့်ရိုင်အိုလာရဲ့ (၂၀)ရာခိုင်နှုန်းကော်မရှင် တောင်းဆိုထားမှုကြောင့် အပြောင်းအရွှေ့က နှောင့်နှေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ အသက် (၁၉)နှစ်သားလေးဟာ မန်ယူနိုက်တက်အသင်းဆီကနေ တပတ်လုပ်ခ ပေါင် (၃)သိန်းခွဲရရှိမယ့် စာချုပ်ကမ်းလှမ်းမှုကို ရရှိထားပြီး အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဆိုတဲ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလစ်ခ်ျကတော့ အဆိုပါသတင်းတွေဟာ ကောလဟလသက်သက်သာဖြစ်ပြီး သူ့အနေနဲ့…

reading now

မန်ချက်စတာ ယူနိုက်တက်အသင်းက တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ်က အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ သူရင်ဆိုင်ဖူးသမျှ ကစားသမားတွေထဲမှာ လျှင်မြန်မှုအရှိဆုံးကစားသမားဖြစ်တာကြောင့် ရင်ဆိုင်ရခက်ခဲတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ဆာလာ၊ မာနေးတို့နဲ့ ပူးတွဲရယူထားတဲ့ အူဘာမီယန်းဟာ သူရင်ဆိုင်ခဲ့သမျှ ကစားသမားတွေထဲမှာ လျှင်မြန်မှု အရှိဆုံးကစားသမားဖြစ်တယ်လို့ ရက်ရှ်ဖို့ဒ်က BT Sport ရဲ့ ‘Perfect Player’ အစီအစဉ်မှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ “အမြန်နှုန်းနဲ့ ပတ်သက်လာရင်တော့ အူဘာမီယန်းကိုပဲ ကျွန်တော် ညွှန်းဆိုမှာပါ။ သူက ကျွန်တော်ရင်ဆိုင်ဖူးသမျှ ကစားသမားတွေထဲမှာအမြန်ဆုံး…

reading now

၁။ အာဆင်နယ်ခံစစ်မှူး ဆိုကရားတစ်က လက်ရှိနည်းပြ အူနိုင်း အမ်ရီဟာ သူကြုံဆုံခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ချီးမွမ်းစကားဆိုခဲ့ပါတယ်။ ဆိုကရားတစ်ဟာ ဒေါ့မွန်မှာ ဂျာဂင်ကလော့ပ်၊ အေစီမီလန်မှာ အယ်လီဂရီတို့ရဲ့ လက်အောက်မှာ ကစားခဲ့ဖူးပေမယ့် အမ်မရီသာ အကောင်းဆုံးနည်းပြဖြစ်ပြီး ပထမဆုံးရာသီဖြစ်ပေမယ့် အသင်းသားတွေရဲ့ ကျေနပ်မှုကိုရယူပြီး အသင်းကို တိုးတက်အောင်စွမ်းဆောင်ပြနိုင်သူလို့ ဆိုခဲ့တာဖြစ်ပါတယ်။ ၂။ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ပေါင် သန်း ၁၀၀ နီးပါးအထိ ဆုကြေးငွေတွေ ရရှိမှာ ဖြစ်ပြီး ဒီပမာဏဟာ အင်္ဂလိပ်ကလပ်တွေထဲ…

reading now

[ZawGyi] ကွင်းလယ်ဒေါက်တိုင်ကစားသမားဖြစ်တဲ့ ကန်တီဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရသွားခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ အဓိကကစာသမားတယောက် ယူရိုပါလိဂ်ဖိုင်နယ်ပွဲလွဲရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ပြင်သစ်သားဟာ ဝက်ဒ်ဖို့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာလည်း တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာကြောင့် ကာလအတန်ကြာအနားယူခဲ့ရကာ အဆိုပါဒဏ်ရာပြဿနာကနေ ပြန်ကောင်းတာလာ မကြာသေးသူ ဖြစ်ပါတယ်။ ဒီတပတ်မှာပဲ လေ့ကျင့်ခန်းစဆင်းခဲ့တဲ့ ကန်တီဟာ မနေ့က လေ့ကျင့်ခန်းအစီအစဉ်မှာတော့ ဒဏ်ရာထပ်ရသွားခဲ့တာဖြစ်ကြောင်း Goal က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကန်တီအနေနဲ့ ဒူးဒဏ်ရာ ရရှိသွားခဲ့တာလို့ သိရပြီး လက်ရှိအခြေအနေမှာတော့ ဒဏ်ရာအပြင်းအထန်ကို မသိရသေးပါဘူး။ ဆေးစစ်မှုတွေ လိုအပ်နေသေးပေမယ့် ဒဏ်ရာလက္ခဏာအရတော့…

reading now

၁။ ဘာစီလိုနာအသင်းအနေနဲ့ ပါကို အယ်လ်ကာဆာကို ရောင်းချခဲ့တာဟာ ကြီးမားတဲ့အမှားတစ်ခုဖြစ်တယ်လို့ Goal သတင်းဌာနက သုံးသပ်လိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ အယ်လ်ကာဆာကို အလောသုံးဆယ်ရောင်းချခဲ့ပြီး သင့်လျော်တဲ့ ဖြည့်ဆည်းမှုပြန်လည် မပြုလုပ်နိုင်ခဲ့တာက ယခုရာသီ ကုန်ခါနီးမှာ ရလဒ်ဆိုးတွေ ရင်ဆိုင်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ Goal က သုံးသပ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အဓိက တိုက်စစ်ကစားသမားတွေ ဒါဏ်ရာပြဿနာတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေဖြစ်လာချိန်မှာ အဆင်သင့်အစားထိုးစရာ ကစားသမားမရှိဖြစ်နေခဲ့တာဖြစ်ပြီး အကျိုးဆက်ကတော့ ရာသီကုန်ခါနီးမှာ မထင်မှတ်ထားတဲ့ အခြေအနေနဲ့ ဆုဖလား ၂ လုံးကို လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ ၂။…

reading now

[ZawGyi] ဂျူဗင်တပ်အသင်းဟာ မန်ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့အတွက် တိုက်စစ်မှူးဒီဘားလားနဲ့ နောက်ခံလူ အဲလက်စ်ဆန်ဒရိုတို့ကို အလိုက်ပေးကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ ဒီနွေအပြောင်းအရွှေ့မှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြနေသူဖြစ်ပြီး နည်းပြဇီဒန်းကိုင်တွယ်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တူရင်အသင်းကတော့ သူတို့ရဲ့ ကွင်းလယ်လူဟောင်းကို ခေါ်ယူနိုင်ဖို့ ပြန်လည်ကြိုးပမ်းလာတာဖြစ်ပြီး ပြောင်းရွှေ့ကြေးသပ်သပ်ချည်း ပေးဖို့မလွယ်တဲ့အတွက် ယူနိုက်တက်ကို ကမ္ဘာ့အဆင့်ကစားသမား (၂)ဦးနဲ့ အကဲစမ်းလိုက်တာပါ။ Sunday Express ကတော့ ဂျူဗင်တပ်အသင်းဟာ ပေါ့ဂ်ဘာအတွက် ဒီဘားလား၊ ဆန်ဒရိုတို့ကိုရင်းပြီး တူရင်မြေဆီ…

reading now

error: Content is protected !!