[UNICODE] ⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်က သူနဲ့ အသင်းဖော်ဂိုးသမား အယ်လစ်ဆန်တို့ ရန်ဖြစ်ခဲ့တယ်ဆိုတဲ့သတင်းတွေဟာ ဘာမှအဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေသာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ⚽ မန်စီးတီးဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုကတော့ သူ့အနေနဲ့ ဂွါဒီယိုလာရဲ့နည်းပြအဖွဲ့ထဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးအသင်းအတွက်သာ အာရုံစိုက်ထားပြီး ရာသီကုန်မှသာ အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဖာနန်ဒင်ဟိုက ဆိုခဲ့ပါတယ်။ ⚽ ပရီးမီးယားလိဂ်ကလပ် စပါးဟာ ရလဒ်တွေ ဆိုးရွားနေတဲ့နည်းပြမော်ရင်ဟိုရဲ့နေရာမှာ အစားထိုးဖို့အတွက် လိုက်ပဇစ်နည်းပြနစ်ဂျယ်မန်းကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။ စပါးဟာ လက်ရှိအချိန်မှာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေပြီး…
reading now