၁။ အာဆင်နယ်တိုက်စစ်မှူးဟောင်း အန်ဒရေ အာရှာဗင်က နည်းပြ အမ်မရီကိုသာ အချိန်ပေးပြီး စိတ်တိုင်းကျ တည်ဆောက်ခွင့်ပေးမယ်ဆိုရင် အသင်းကောင်းတစ်သင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။ "အသင်းကို နှစ် ၂၀ လောက် ဦးဆောင်လာတဲ့ လူတစ်ယောက်နေရာကို အစားဝင်ရတယ်ဆိုတာက သေချာပေါက် ခက်ခဲတဲ့ကိစ္စပါ။ အူနိုင်းအတွက် အချိန်ကောင်းမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်ပြောနိုင်ပါတယ်။ သူ့ရဲ့ ပထမရာသီက မဆိုးရွားခဲ့ပါဘူး။ သူအသင်းကောင်းတစ်သင်းဖြစ်အောင်တည်ဆောက်နေတာမို့ သူ့အတွက် အချိန်လိုပါတယ်။ သူကောင်းကောင်း လုပ်နိုင်မှာပါ။" လို့ ရုရှားသားက ဆိုခဲ့တာပါ။ ၂။ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဗလင်စီယာတိုက်စစ်မှူး ရိုဒရီဂိုကို…

reading now

မန်ယူ အသင်းအနေနဲ့  သူတို့  ရဲ့ ဂိုးသမား ဒီဂီယာ အနာဂတ် အတွက် စိုးရိမ်ပူပန် နေပြီ ဖြစ်ပါတယ်။ ဒီစပိန် သားက အခုထိ အသင်းနဲ့  စာချုပ်သစ် ချုပ်ဆိုဖို့  သဘောတူညီချက် မရရှိသေး သလို နောက် နှစ် ဇွန်လ ကျရင် အသင်းကနေ အလွတ်ပြောင်းရွှေ့ ကြေး နဲ့  ထွက်ခွာလို့  ရနေပါပြီ။ ၂ ဖက်အသင်းက စာချုပ်သက်တမ်း အတွက်…

reading now

၁။ ချယ်လ်ဆီးအသင်းကနေ ဗီတက်ဆီအသင်းထံ အငှားချထားတဲ့ ဘယ်လ်ဂျီယံ လူငယ်ကစားသမား ချာရဲလ် မူဆွန်ဒါက သူ့အနေနဲ့ ချယ်လ်ဆီးအသင်းထံ ပြန်လာပြီး သူ့ရဲ့အရည်အသွေးအစစ်အမှန်ကို ပြသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “လူတွေက ကျွန်တော့်အပေါ် သံသယရှိနေကြပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ၁၀၀% ယုံကြည်ချက်အပြည့်ရှိပါတယ်။ ကျွန်တော် ချယ်လ်ဆီး ဂျာစီကို တဖန်ပြန်ပြီး ဝတ်ဆင်ကစားဦးမှာပါ” လို့ သူက ပြောဆိုခဲ့ပါတယ်။ ၂။ အသက် ၃၄ နှစ်အရွယ် စပိန်တိုက်စစ်မှူး ဖာနန်ဒို လော်ရန်တေးနဲ့ နာပိုလီအသင်းရဲ့ တာဝန်ရှိသူတွေအကြား အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု စတင်နေပြီဖြစ်ပါတယ်။…

reading now

၁။ ပီအက်စ်ဂျီအသင်းဟာ ချယ်လ်ဆီးအသင်းကနေ သေချာပေါက် ထွက်ခွာဖို့ဖို့ ရှိနေတဲ့ ကွင်းလယ်လူ တီမူး ဘာကာယိုကို ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာနေပြီဖြစ်ပါတယ်။ အဆိုပါကစားသမားကို ခေါ်ယူဖို့ မိုနာကိုအသင်းကလည်း စောင့်ကြည့်နေပါတယ်။ ၂။ တူရကီကလပ် ဖီနာဘာချီအသင်းဟာ မန်ယူအသင်းက ခံစစ်မှူး မားကို့စ် ရိုဟိုကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ ၃။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မိုဟာမက် ဆာလာက သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာ မတူညီတဲ့ ဆုဖလားတွေကို ဆက်လက်ရယူဖို့ အပြင်းအထန် ကြိုးစားသွားမှာဖြစ်တယ်လို့…

reading now

၁။ ဂျူဗင်တပ်အသင်းဟာ လိုင်ယွန်အသင်းက အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကို ခေါ်ယူဖို့ စတင်ကြိုးပမ်းလာနေပြီဖြစ်ပါတယ်။ ဖူလ်ဟမ်နဲ့ ဆဲလ်တစ်ကစားသမားဟောင်း ဒမ်ဘီလီဟာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ချဉ်းကပ်မှုကိုလည်း ခံနေရသူဖြစ်ပါတယ်။ ၂။ မန်စီးတီးနောက်ခံလူဟောင်း ဒန်နီ မေးလ်စ်က ဝက်စ်ဟမ်းအသင်းက ကြယ်ပွင့် ခံစစ်မှူး အစ်ဆာ ဒီယော့ပ်အနေနဲ့ အပြောင်းအရွှေ့ကောလဟာလတွေကြောင့် အာရုံဝေဝါးနေပြီး အသင်းမှာ မတည်မငြိမဖြစ်နေတယ်လို့ သုံးသပ်လိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ပြင်သစ်သားဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတုန်းက မန်ယူ၊…

reading now

၁။ မန်စီးတီး တောင်ပံကစားသမား လီရွိုင်း ဆာနေးဟာ သူ့ရဲ့ ဒူးဒါဏ်ရာကို ယခုတစ်ပတ်ထဲမှာ သြစတြီးယားနိုင်ငံမှာ ခွဲစိတ်မှု ခံယူတော့မှာဖြစ်ပါတယ်။ ဆာနေးဟာ ခွဲစိတ်မှု ခံယူဖို့ ဆရာဝန်ရွေးချယ်ရာမှာ မန်စီးတီးအသင်း အဆိုပြုတဲ့ ဆရာဝန်ကို ပယ်ချပြီး ဂျာမနီ လက်ရွေးစင်အသင်းရဲ့ ဆရာဝန်နဲ့သာ ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်တာမို့ မန်ချက်စတာကလပ်အတွက် စိတ်ဆိုး ဒေါသထွက်စရာဖြစ်လာခဲ့ပါတယ်။ ၂။ Paddy Power Games ရဲ့ သုတေသနပြုချက်အရ လီဗာပူးလ်အသင်းကို အန္တရယ်အပေးနိုင်ဆုံးကစားသမားဟာ ဝက်စ်ဟမ်းအသင်းက တိုက်စစ်ကြယ်ပွင့် မီခေးလ် အန်တိုနီယိုဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။…

reading now

နေမာ အတွက် ဘာစီလိုနာ၊ ရီးရဲလ် နဲ့  PSG အသင်းတို့  ၃သင်း ဆိုင်ပြီးဆွေးနွေးတာ အခုထိ အထမမြောက်သေးပါဘူး။ ဘာကာရဲ့ ကမ်းလှမ်းမှုကို PSG အသင်းက ပယ်ချခဲ့ပြီး PSG အသင်းရဲ့ ကမ်းလှမ်းမှုကို ရီးရဲလ်က ပယ်ချခဲ့တာဖြစ်ပါတယ်။ PSG အားကစားဒါရိုက်တာ လီယိုနာဒိုက နေမာကို အစားထိုးဖို့ အတွက် ရီးရဲလ်ဆီက ဗင်နီဆီးယပ်စ်ကို မျက်စိကျနေတာဖြစ်ပါတယ်။ သူတို့ က နေမာကို ရီးရဲလ်ကို ရောင်းချဖို့ အတွက် ဒီကစားသမားကို အလိုရှိနေတာဖြစ်ပေမယ့်…

reading now

၁။ ရိုးမားအသင်းဟာ ချယ်လ်ဆီးတိုက်စစ်မှူး မစ်ချီ ဘက်ရှူဝါယီကို ခေါ်ယူဖို့ စတင်ကြိုးပမ်းလာနေပြီဖြစ်ပါတယ်။ ဘက်ရှူဝါယီဟာ နည်းပြသစ် လမ်းပတ်လက်အောက်မှာ ပွဲထွက်ခွင့် အခွင့်အရေးရရှိဖို့ မျှော်လင့်ချက် ထားခဲ့ပေမယ့် နည်းပြဖြစ်သူက အေဗရာဟမ်နဲ့ ဂျရူးတို့ကို ပိုမိုနှစ်သက်နေတာကြောင့် ပွဲထွက်ခွင့်သေချာမယ့်အသင်း တစ်သင်းသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။ ရိုးမားအသင်းဟာ ဂျီနိုအာအသင်းနဲ့ ကစားမယ့် စီးရီးအေ အဖွင့်ပွဲမတိုင်ခင် ဘယ်လ်ဂျီယံ တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ၂။ ဗလင်စီယာအသင်းဟာ အေစီမီလန်တိုက်စစ်မှူး အန်ဒရေ ဆေးလ်ဗားကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ဗလင်စီယာအသင်းအနေနဲ့ သူတို့ရဲ့…

reading now

၁။ မီဆွတ် အိုဇေးလ်ဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပြီးဖြစ်ပေမယ့် အမှန်တကယ် ပြောင်းရွှေ့ဖို့ကိုတော့ အင်တင်တင်နဲ့ မရေမရာခံစားနေရတယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။ အိုဇေးလ်အနေနဲ့ ယခုရာသီ မဟုတ်ရင်တောင်မှ လာမယ့်ရာသီမှာ မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားဖြစ်ဖို့ကတော့ သေချာသေလာက်ဖြစ်နေပြီလို့ အဆိုပါသတင်းက ဆက်လက်ဖော်ပြခဲ့ပါတယ်။ ၂။ ဘာစီလိုနာအသင်းက ကွင်းလယ်လူသစ် ဖရန်ကီ ဒီယောင်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့တော့မယ်လို့ နာမည်ကြီးနေတဲ့ သူ့ရဲ့ အသင်းဖော်ဟောင်း ဒွန်နီ ဗန်ဒီ ဘိခ်ကို အေဂျက်စ်မှာသာ ဆက်နေစေချင်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။…

reading now

၁။ ပြင်သစ် လီဂူး-၁ ကလပ် မိုနာကိုအသင်းဟာ ဆီဗီလာအသင်းက အသက် (၂၉) နှစ်အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ယာဆင် ဘင်ယက်ဒါကို ယူရိုသန်း (၄၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပြင်သစ်သတင်းဌာန L'Equipe ရဲ့ ဖော်ပြချက်အရ မိုနာကိုအသင်းဟာ ဘင်ယက်ဒါအတွက် ကစားသမားတစ်ဦးအလိုက်ပေးခဲ့ရတယ်လို့ သိရပြီး (၅)နှစ်စာချုပ်သစ်ချုပ်ဆိုသွားမယ်လို့ ဆိုပါတယ်။ အဆိုပါကစားသမားကို လူကာကူနေရာကို အစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းကလည်း ပစ်မှတ်ထားခဲ့ပေမယ့် အပြောင်းအရွှေ့ကတော့ ဖြစ်မလာခဲ့ပါဘူး။ ၂။ မန်ချက်စတာစီးတီးအသင်းက ခံစစ်မှူး အီလီကီယမ် မန်ဂလာဟာ…

reading now

error: Content is protected !!