[ZawGyi] အာဆင်နယ်နည်းပြအမ်မရီဟာ ပီအက်စ်ဂျီအသင်းရဲ့ဗဟိုနောက်ခံကြယ်ပွင့် ပရက်စ်နယ်ကင်ပန်ဘီကို ခံစစ်ပိုင်းအတွက် လိုချင်ကြောင်း ဘုတ်အဖွဲ့ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ဘတ်ဂျတ် ပေါင်သန်း (၄၀)သာ ရရှိထားတဲ့အတွက် ပစ်မှတ်ကစားသမားတွေ ခေါ်ယူရာမှာ ခက်ခဲနေပေမယ့် စပိန်သားနည်းပြဟာ ဆဲလ်တစ်ဘယ်နောက်ခံလူ တီယာနေးကို ခေါ်ယူပေးစေချင်ကြောင်းလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အသိပေးထားပါတယ်။ ဗဟိုခံစစ်ကစားသမားတယောက် ခေါ်ယူရေးဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်ပြီး အဲဒီအတွက် ဆမ်ဒိုးရီးယားနောက်ခံလူ အန်ဒါဆင်နဲ့ စိန့်အက်တီယန်နောက်ခံလူ ဆာလီဘာတို့ကို ချိတ်ဆက်နေပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သတင်းဌာနတွေကတော့ အမ်မရီဟာ ပီအက်စ်ဂျီအသင်းမှာ သူ စင်တင်ပေးခဲ့တဲ့ အသက်…

reading now

[ZawGyi] မန်ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာဟာ စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းထက် စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းကိုသာ ပြောင်းရွှေ့လိုနေကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ တူရင်ကလပ်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်လူဟောင်းကို ပြန်လည်ခေါ်ယူဖို့ အာရုံစိုက်နေပြီး မန်ယူနိုက်တက်အသင်း တောင်းဆိုမယ့် ပြောင်းရွှေ့ကြေးနဲ့ ကစားသမားရဲ့လစာငွေတို့ကို ပေးချေနိုင်ရန်အတွက် အဖြေရှာနေတယ်လို့ သိရပါတယ်။ အသက် (၂၆)နှစ်သားဟာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကမှ " စိန်ခေါ်မှုသစ်တွေ ရင်ဆိုင်ဖို့ အချိန်ကျပြီ " လို့ ဆိုခဲ့ကာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်ကြောင်း ဖွင့်ဟဝန်ခံထားခဲ့သူ ဖြစ်ပါတယ်။ အဲဒီအတွက် ပြင်သစ်သားအနေနဲ့…

reading now

[ZawGyi] အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် လောရီယန့်အသင်းရဲ့တိုက်စစ်ကြယ်ပွင့်လေး အလက်ဆစ် ကလော်ဒီ-မော်ရိုက်ကို မိုချန်ဂလာဘတ်အသင်းနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာမှာ အရေးနိမ့်သွားခဲ့ပါတယ်။ ဂန်းနားတို့ဟာ အသက် (၂၁)နှစ်သားလေးအတွက် (၂)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပြီး ပယ်ချခြင်းခံရပေမယ့် ယူရိုသန်း (၂၀) [ပေါင် ၁၇.၈၃သန်း] ဝန်းကျင်နဲ့ ဈေးတည့်သွားလိမ့်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ အစောပိုင်းသတင်းတွေအရလည်း ကစားသမားလေးကိုယ်တိုင်က အမ်းမရိတ်မြေထံ ပြောင်းရွှေ့ဖို့ သဘောတူညီထားတဲ့အတွက် အာဆင်နယ်အသင်း အပိုင်ခေါ်ယူနိုင်တော့မယ်ဆိုပြီး တွက်ဆခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန်ကလပ် မိုချန်ဂလာဘတ်အသင်းက ဂန်းနားတို့ထက် ပြောင်းရွှေ့ကြေးပိုပေးက ကြိုးစားလာခဲ့ချိန်မှာတော့ အခြေအနေတွေဟာ ပြောင်းလဲသွားခဲ့ပြီး…

reading now

[ZawGyi] ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ စပိန်ထိပ်သီးကလပ် အက်သလက်တီကိုမက်ဒရစ်ရဲ့ ကွင်းလယ်လူ ရိုဒရီကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း (၇၀)ပေးချေကာ ခေါ်ယူဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ အသက် (၂၂)နှစ်အရွယ် စပိန်သားကို မန်စီးတီးအပြင် ဘေယန်မြူးနစ်နဲ့ မန်ယူနိုက်တက်တို့ကလည်း ပစ်မှတ်ထားနေတဲ့အချိန်မှာ ကစားသမားအနေနဲ့ သူ့အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် အချိန်တပတ်ယူကာ စဉ်းစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ရိုဒရီက သူ့အနေနဲ့ အက်သလက်တီကိုအသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အက်သလက်တီကိုအသင်းရဲ့ အမှုဆောင်ချုပ် မီဂွယ်အိန်ဂျယ်စ်ဂေလ်မာရင်ကို အသိပေးခဲ့ပါတယ်။ မန်စီးတီး၊ ဘေယန်မြူးနစ်နဲ့ မန်ယူနိုက်တက်တို့ အသင်း (၃)သင်း အပြိုင်ပစ်မှတ်ထားနေတဲ့ကြားကနေလည်း…

reading now

[ZawGyi] ပြင်သစ်ကလပ် စိန့်အက်တီယန်အသင်းရဲ့ နောက်ခံကြယ်ပွင့် ဝီလီယံဆာလီဘာဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကိုသာ ပြောင်းမယ်လို့ ကတိပေးခဲ့ပြီးနောက် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ ပိုမိုနီးစပ်လာပါတယ်။ ဆာလီဘာအတွက် ပေါင် (၂၆)သန်း ဝန်းကျင်ခန့် စိန့်အက်တီယန်အသင်းက အလိုရှိနေသလို အငှားလည်း ပြန်ခေါ်ချင်တဲ့အတွက် ဆွေးနွေးမှုတွေက ကြန့်ကြာနေတာဖြစ်ပြီး ကစားသမားနဲ့တော့ ဂန်းနားတို့အနေနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရထားပြီးပြီလို့ ယုံကြည်ရပါတယ်။ အူနိုင်းအမ်မရီရဲ့အသင်းဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ အသုံးစားရိတ် ပေါင်သန်း (၄၀)သာ ရရှိထားတဲ့အတွက် ကစားသမားတွေနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပေမယ့် အပြောင်းအရွှေ့တွေကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးတာပါ။…

reading now

[ZawGyi] မနေ့ (တနင်္ဂနွေ)ကတင် ဂျူဗင်တပ်နည်းပြရာထူးကို တရားဝင်ရယူခဲ့တဲ့ နည်းပြဆာရီဟာ အသင်းဟောင်း ချယ်လ်ဆီးက ကစားသမား (၂)ဦးကို ခေါ်ယူဖို့ စတင်ကြိုးပမ်းလာခဲ့ပါတယ်။ အီတလီသားနည်းပြကြီးဟာ ခြင်္သေ့ပြာတို့ကို တရာသီသာ ကိုင်တွယ်ပြီးနောက် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် စီးရီးအေချန်ပီယံအသင်းဆီကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်မှာ နေရာတာ ခက်ခဲလွန်းလှတဲ့အပြင် အီတလီနိုင်ငံက မိသားစုနဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို လွမ်းမိတာကြောင့်လည်း စီးရီးအေကိုသာ ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း ဆာရီက ဖွင့်ဟခဲ့ဖူးပါတယ်။ အဆိုပါအဆင်မပြေမှုတွေဖြစ်နေချိန် နည်းပြအယ်လီဂရီထွက်ခွာသွားခဲ့တဲ့ ဂျူဗင်တပ်အသင်းက ဆာရီအတွက် မျက်စိကျစရာ အသင်းတသင်းဖြစ်လာခဲ့ကာ တူရင်သားတွေရဲ့…

reading now

[ZawGyi] အာဆင်နယ်နဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့ပစ်မှတ် ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် ရာဘီယူကတော့ အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အတည်ပြုသွားခဲ့ပါတယ်။ ပြင်သစ်သားဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွင့်ရထားသူ ဖြစ်ပါတယ်။ ဒီဇင်ဘာလကတည်းက ပြင်သစ်လီဂူးချန်ပီယံအသင်းအတွက် ပွဲစဉ်တပွဲမှာ ကစားခွင့်မရရှိခဲ့တဲ့ အသက် (၂၄)နှစ်သားဟာ ပဲရစ်မြေကို စွန့်ခွာကာ ဥရောပထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်ကြတဲ့ အာဆင်နယ်၊ မန်ယူနိုက်တက်တို့က စိတ်ဝင်စားနေသလို ဂျူဗင်တပ်အသင်းကလည်း ပစ်မှတ်ထားနေတဲ့ ရာဘီယူဟာ အခုချိန်မှာတော့ အီတလီချန်ပီယံနဲ့သာ ဆွေးနွေးနေတယ်လို့ ဆိုလာခဲ့ပါတယ်။ "…

reading now

ဘယ်လ်ဂျီယံ ကြယ်ပွင့် ယာနစ် ကာရက်စ်ကိုက သူ့ကို ခေါ်ယူဖို့ စိတ်အားထက်သန်စွာ ချဉ်းကပ်နေတဲ့ အသင်းတစ်သင်းရှိနေပြီး အဆိုပါအသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ Sky Sports ကို ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ ကာရက်စ်ကိုအနေနဲ့ အဲ့ဒီအသင်းဟာ ဘယ်အသင်းဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေမယ့် Goal အပါအဝင် မီဒီယာတွေကတော့ အဆိုပါအသင်းဟာ အာဆင်နယ်အသင်းဖြစ်တယ်လို့ အခိုင်အမာဆိုနေကြပါတယ်။ အာဆင်နယ်အသင်းဟာ အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမား ကာရက်စ်ကို ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ခေါ်ယူဖို့ ချဉ်းကပ်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့…

reading now

၁။ အီဒင် ဟာဇက်ကဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ရီးရဲလ်နဲ့ ချယ်လ်ဆီးတို့အကြားမှာ ပေါင် ၁၁၅ သန်းတန် သဘောတူညီချက်လည်း ရရှိထားပြီလို့ဆိုပါတယ်။ ၂။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျူဗင်တပ်အသင်းကနေ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ Corriere dello…

reading now

၁။ အာဆင်နယ်ခံစစ်မှူး ဆိုကရားတစ်က လက်ရှိနည်းပြ အူနိုင်း အမ်ရီဟာ သူကြုံဆုံခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ချီးမွမ်းစကားဆိုခဲ့ပါတယ်။ ဆိုကရားတစ်ဟာ ဒေါ့မွန်မှာ ဂျာဂင်ကလော့ပ်၊ အေစီမီလန်မှာ အယ်လီဂရီတို့ရဲ့ လက်အောက်မှာ ကစားခဲ့ဖူးပေမယ့် အမ်မရီသာ အကောင်းဆုံးနည်းပြဖြစ်ပြီး ပထမဆုံးရာသီဖြစ်ပေမယ့် အသင်းသားတွေရဲ့ ကျေနပ်မှုကိုရယူပြီး အသင်းကို တိုးတက်အောင်စွမ်းဆောင်ပြနိုင်သူလို့ ဆိုခဲ့တာဖြစ်ပါတယ်။ ၂။ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ပေါင် သန်း ၁၀၀ နီးပါးအထိ ဆုကြေးငွေတွေ ရရှိမှာ ဖြစ်ပြီး ဒီပမာဏဟာ အင်္ဂလိပ်ကလပ်တွေထဲ…

reading now

error: Content is protected !!