[ZawGyi] စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ မန်ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကိုသာ ခေါ်ယူချင်တယ်ဆိုရင် ငွေသားချည်းသပ်သပ် ပေါင်သန်း (၁၅၀)အထိ ပေးချေရနိုင်ဖွယ်ရှိနေတာကြောင့် အခက်တွေ့နေရတယ်လို့ Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ အခြေမကျဖြစ်နေတဲ့ ပြင်သစ်သားကို စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်အသင်းကလည်း စိတ်ဝင်စားမှုရှိနေတာကြောင့် မန်ယူနိုက်တက်အသင်းအနေနဲ့ စိတ်ကြိုက်ဈေးခေါ်လို့ရနိုင်တဲ့ အနေအထားတခုကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောသတင်းတွေအရတော့ (၂၀၁၆)ခုနှစ်မှာ ဂျူဗင်တပ်အသင်းဆီကနေ မန်ယူနိုက်တက်အသင်း ပေါင် (၈၉)သန်း ပေးချေခေါ်ယူထားခဲ့တဲ့ အသက် (၂၆)နှစ်သားကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ နည်းပြဇီဒန်းအနေနဲ့ လာမယ့်ရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်ကို…

reading now

[ZawGyi] ကွင်းလယ်ကြယ်ပွင့် ဒန်နီဆီဘာလော့စ်ကတော့ သူ့အနေနဲ့ ရီးယဲလ်မက်ဒရစ်ကနေ ရောင်းထုတ်မခံချင်ဘူးလို့ ဖွင့်ဟခဲ့ပေမယ့် အာဆင်နယ်၊ စပါးတို့နဲ့ ထွက်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့တွေကိုတော့ ငြင်းဆန်ခဲ့ခြင်း မရှိပါဘူး။ အသက် (၂၂)နှစ်သားဟာ ပြီးခဲ့တဲ့ရာသီမှာ စပိန်ထိပ်သီးကလပ်အတွက် လာလီဂါပွဲစဉ် (၁၃)ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့အတွက် ဒီနှစ်နွေအပြောင်းအရွှေ့မှာ ဘာနေဗြူးကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူပါ။ စပိန်သတင်းဌာနတွေရဲ့အဆိုအရ စပိန်သားကို ရီးယဲလ်မက်ဒရစ်အသင်း တရာသီ အငှားချသွားဖို့ စီစဉ်နေကာ အာဆင်နယ်နဲ့ စပါးအသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဆီဘာလော့စ်ဟာ ဒီလအတွင်းမှာ ကစားနေတဲ့ ဥရောပ…

reading now

[ZawGyi] ဘေယန်မြူးနစ်အသင်းဟာ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့နေရပေမယ့်လည်း လူငယ်ကြယ်ပွင့်လေး အိုဒွိုင်းအတွက် ကမ်းလှမ်းမှုပြုခဲ့ကြောင်း သိရပါတယ်။ ချယ်လ်ဆီအသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့တဲ့ အင်္ဂလန်သားလေးကို ဂျာမန်ထိပ်သီးကလပ်အနေနဲ့ ဇန်နဝါရီလအပြောင်းအရွှေ့တုန်းက ခေါ်ယူရန် နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ခြင်္သေ့ပြာတို့ကတော့ ရောင်းချရန် ငြင်းဆန်ခဲ့သလို ဒုတိယရာသီဝက်ကာလမှာလည်း ပွဲထွက်နေရာပေးခဲ့တာကြောင့် အသက် (၁၈)နှစ်သားလေးအနေနဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တိုက်စစ်ကစားသမား အေဒင်ဟာဇက် ထွက်ခွာသွားခဲ့ကာ ချယ်လ်ဆီးအသင်းကလည်း အပြောင်းအရွှေ့ကာလ (၂)ခု ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခံထားရတဲ့အတွက် လာမယ့်ရာသီဟာ အိုဒွိုင်းတယောက် စတန်းဖို့်ဒ်ဘရစ်ခ်ျမှာ တောက်ပမယ့်ရာသီအဖြစ် အများက…

reading now

[ZawGyi] ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာဟာ ဘာစီလိုနာအသင်းကို ပြန်လာလိုနေတယ်လို့ ဘာစီလိုနာအသင်းရဲ့ဒုဥက္ကဌ ယော်ဒီကာဒိုနာက အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလပ်အသင်းနှစ်သင်းကြား ဘာဆွေးနွေးနေမှုမှ မရှိတာကြောင့် ဘရာဇီးလ်သားအနေနဲ့ နူးကမ့်မှာ ပြန်ကစားနိုင်ဖို့ ဝေးကွာနေသေးတယ်လို့လည်း ဆိုခဲ့ပါတယ်။ နေမာဟာ (၂၀၁၇)ခုနှစ် နွေရာသီကာလမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀)နဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပဲရစ်မြေမှာ အခြေမကျ ဖြစ်နေသူပါ။ သွင်းဂိုးတွေနဲ့ ဆုဖလားတွေကို ပီအက်စ်ဂျီအသင်းမှာ ရယူနိုင်ခဲ့ပေမယ့် မပျော်မရွှင်ဖြစ်နေတဲ့ အသက် (၂၇)နှစ်သားကို ဘာစီလိုနာအသင်းကလည်း ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းတွေ…

reading now

[ZawGyi] ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဆီကနေ အငှားခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူ ကိုဗာချစ်ကို အပြီးသတ်ခေါ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရပါတယ်။ တရာသီအငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ခရိုအေးရှားသားကို အပြီးသတ်ခေါ်ယူလိုတယ်ဆိုရင် ချယ်လ်ဆီးအသင်းအနေနဲ့ ယူရိုသန်း (၅၀)ပေးချေရမှာဖြစ်ပေမယ့်လည်း ခေါ်ယူခဲ့တာပါ။ အသက် (၂၅)နှစ်သားရဲ့ လက်ရှိအငှားစာချုပ်ဟာ ဇွန်လ (၃၀)ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ကာ အဆိုပါကာလလွန်တာနဲ့ ခြင်္သေ့ပြာတို့နဲ့ အပြီးသတ်စာချုပ်လိမ့်မယ်လို့ Di Marzio က ဖော်ပြခဲ့ပါတယ်။ ဖီဖာရဲ့ အပြောင်းအရွှေ့ကာလ (၂)ခု ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခံထားရတဲ့ ချယ်လ်ဆီးအသင်းဟာ ချွင်းချက်အနေနဲ့ အငှားခေါ်ယူထားခဲ့တဲ့…

reading now

[ZawGyi] ပရီးမီးယားလိဂ်ထိပ်သီးကလပ် အာဆင်နယ်အသင်းဟာ စိန့်အက်တီယန်အသင်းရဲ့ ဗဟိုနောက်ခံလူ ဝီလီယံဆာလီဘာကို ပေါင် (၂၆.၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ပြင်သစ်ကလပ်အသင်းဟာ သူတို့ရဲ့ခံစစ်ကြယ်ပွင့်လေးအတွက် ပေါင် (၂၆.၅) [ယူရိုသန်း ၃၀] ဈေးသတ်မှတ်ခဲ့သလို လာမယ့်ရာသီမှာ အငှားချထားပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ အာဆင်နယ်နည်းပြအမ်မရီအနေနဲ့ အသက် (၁၈)နှစ်သားလေးကို ဂန်းနားတို့နဲ့ အလျင်အမြန်ပူးပေါင်းစေချင်ပေမယ့် အဆိုပါတောင်းဆိုချက်ကို လိုက်လျောခဲ့တယ်လို့လည်း Standard သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပြင်သစ်သားလေးအတွက် ဂန်းနားတို့အနေနဲ့ ပေါင် (၂၃)သန်းအရင်ပေးချေသွားဖို့ ရှိနေပြီး စွမ်းဆောင်ရည်အလိုက် နောက်ထပ် ပေါင်…

reading now

[ZawGyi] ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကြယ်ပွင့် နေမာဟာ စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းနဲ့ (၅)နှစ်စာချုပ်ဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။ ဘရာဇီးလ်သားဟာ ဒီနှစ်နွေမှာ ပဲရစ်မြေကနေ ထွက်ခွာချင်နေသူဖြစ်ပြီး ပီအက်စ်ဂျီဥက္ကဌ အယ်လ်-ခါလီဖီထံ ထွက်ခွာခွင့် အတိအလင်းတောင်းခံထားခဲ့ပါတယ်။ စပိန်သတင်းစာတစောင်ဖြစ်တဲ့ Sport ကတော့ အသက် (၂၇)နှစ်သားဟာ ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းမှုကို စဉ်းစားချိန်တောင်မယူဘဲ လက်ခံခဲ့တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ နေမာဟာ နူးကမ့်အသင်းမှာ ပြန်လည်ကစားဖို့အတွက် ပီအက်စ်ဂျီအသင်းမှာ လက်ရှိရရှိနေတဲ့ လုပ်ခလစာထက်လည်း လျော့ယူခဲ့တယ်လို့ အဆိုပါသတင်းဌာနကပဲ ဆိုပါတယ်။ ပီအက်စ်ဂျီအသင်းမှာ တနှစ်လုပ်ခ ပေါင် (၃၂.၈)သန်းရရှိနေတဲ့…

reading now

[ZawGyi] အေစီမီလန်အသင်းဆီကနေ ကမ်းလှမ်းမှုကို လက်ခံရရှိပြီးနောက်မှာ ကွင်းလယ်ကစားသမား လူးကပ်စ်တော်ရဲရားဟာ အမ်းမရိတ်မြေကနေ ထွက်ခွာချင်တယ်လို့ အာဆင်နယ်အသင်းဆီ တောင်းဆိုခဲ့ကြောင်း အီတလီသတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။ စီးရီးအေထိပ်သီးကလပ်ဟာ ဥရုဂွေးသားလေးကို ကနဦးအနေနဲ့ ပေါင် (၇)သန်းတန် (၂)ရာသီအငှားစာချုပ်နဲ့ ခေါ်ယူမှာဖြစ်ပြီး အငှားစာချုပ်ကုန်ချိန်မှာတော့ ပေါင် (၃၄)သန်းနဲ့ အပြီးသတ်ခေါ်ယူမယ်ဆိုတဲ့ အချက်နဲ့ ဂန်းနားတွေဆီကို ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်နွေမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ပေါင်သန်း (၄၀)သာ ဘတ်ဂျတ်ရရှိထားတဲ့ အာဆင်နယ်အသင်းအနေနဲ့ မနှစ်နွေမှာ ပေါင် (၂၆.၅)သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့်လေးကို ရောင်းချလိုဟန်…

reading now

[ZawGyi] ဒီနှစ်နွေမှာ စတန်းဖို့ဒ်ဘရစ်ခ်ျကို စွန့်ခွာခဲ့ကာ ဂျူဗင်တပ်နည်းပြရာထူးကို လက်ခံခဲ့တဲ့ ဆာရီက သူ့အနေနဲ့ အသင်းဟောင်းဆီက ကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ညိုကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အီတလီသားဟာ ဆာရီလက်အောက် နာပိုလီအသင်းမှာ (၃)နှစ်ကြာ ကစားခဲ့ဖူးသလို ဆာရီတယောက် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့စဉ်မှာလည်း ပေါင် (၅၂)သန်းနဲ့ တပါးတည်း လိုက်ပါပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဆာရီအနေနဲ့ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်ခဲ့ချိန်မှာတော့ တပည့်ဟောင်းကိုပါ တူရင်မြေကို ခေါ်ဆောင်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း စိတ်ဝင်စားမှုရှိနေတယ်လို့ ဖော်ပြမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း…

reading now

ချယ်လ်ဆီးအသင်းက ဘရာဇီးလ် တောင်ပံကစားသမား ဝီလီယံဟာ အသင်းကစားသမားခေါ်ယူခွင့်အပိတ်ခံထားရတာကြောင့် အခက်အခဲတွေ့နချေိန်မှာ အသင်းအပေါ် သစ္စာရှိမှုကို ပြသခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ ချီးကျူးအားပေးမှုကို ခံနေရပါတယ်။ talkSPORT ရဲ့ ဖော်ပြချက်အရ ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား ဝီလီယံကို ခေါ်ယူဖို့ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း ရှင်ဟွာအသင်းက ကြိုးပမ်းလာခဲ့တယ်လို့ သိရပါတယ်။ ရှန်ဟိုင်းအသင်းဟာ ဝီလီယံကို တစ်ပတ်လုပ်ခ ပေါင် ၂၃၀၀၀၀ အပြင် အပိုခံစားခွင့်အဖြစ် ဇိမ်ခံကားနှစ်စီးနဲ့ ကိုယ်ပိုင်ယာဉ်မောင်းတွေပါ ပံ့ပိုးပေးမယ်လို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဝီလီယံရဲ့ စာချုပ်တန်ဖိုးဟာ တစ်နှစ်ကို ပေါင ၁၂…

reading now

error: Content is protected !!