၁။ အာဆင်နယ်ခံစစ်မှူး ဆိုကရားတစ်က လက်ရှိနည်းပြ အူနိုင်း အမ်ရီဟာ သူကြုံဆုံခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ချီးမွမ်းစကားဆိုခဲ့ပါတယ်။ ဆိုကရားတစ်ဟာ ဒေါ့မွန်မှာ ဂျာဂင်ကလော့ပ်၊ အေစီမီလန်မှာ အယ်လီဂရီတို့ရဲ့ လက်အောက်မှာ ကစားခဲ့ဖူးပေမယ့် အမ်မရီသာ အကောင်းဆုံးနည်းပြဖြစ်ပြီး ပထမဆုံးရာသီဖြစ်ပေမယ့် အသင်းသားတွေရဲ့ ကျေနပ်မှုကိုရယူပြီး အသင်းကို တိုးတက်အောင်စွမ်းဆောင်ပြနိုင်သူလို့ ဆိုခဲ့တာဖြစ်ပါတယ်။ ၂။ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ပေါင် သန်း ၁၀၀ နီးပါးအထိ ဆုကြေးငွေတွေ ရရှိမှာ ဖြစ်ပြီး ဒီပမာဏဟာ အင်္ဂလိပ်ကလပ်တွေထဲ…

reading now