[UNICODE] talkSPORT ရဲ့ အစီအစဉ်တင်ဆက်သူ အချောအလှလေး လော်ရာဝုဒ်ဟာ သူမ အမာခံအားပေးတဲ့ အာဆင်နယ်ကို စပါးပရိသတ်တစ်ဦးက စော်ကားမော်ကားပြောဆိုလာချိန်မှာ ဆက်ဆက်ထိမခံဘဲ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ လော်ရာဝုဒ်ဟာ အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်ပြီး talkSPORT မှာ သူမရဲ့ breakfast show ကို တင်ဆက်နေခဲ့တာပါ။ အာဆင်နယ်ဟာ နယူးကာဆယ်ကို အဝေးကွင်းမှာ ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အဆင့်လေးနေရာကို အခါးသီးဆုံးမြို့ခံပြိုင်ဘက် စပါးထံ လွှဲပြောင်းပေးလိုက်ရပါတယ်။ စပါးအနေနဲ့ ရာသီပိတ်ပွဲဖြစ်တဲ့ နော့ဝှစ်ချ်နဲ့ပွဲမှာသရေတစ်မှတ် ရရုံက အာဆင်နယ်ဟာ အခုနှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်တော့မှာ…
reading now