အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနားအသင်းက ပြင်သစ်ကွင်းလယ်လူ ဂျော်ဒန် ဗရီတောက်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုပြုလုပ်နေတယ်လို့ Football London သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါကစားသမားဟာ နာပိုလီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေသူဖြစ်ပြီး အာဆင်နယ်အသင်းဟာ အဆိုပါအခြေအနေမှာ ရုတ်တရက် ဝင်ရောက်ချဉ်းကပ်လာတာဖြစ်ပါတယ်။ နာပိုလီအသင်းဟာအဆိုပါကစားသမားကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး လက်ရှိ အာဆင်နယ်အသင်းကြားဝင်လာမှုကြောင့် အဆိုပါအပြောင်းအရွှေ့မှာ သက်ရောက်မှုရှိလာနိုင်တယ်လို့ ပြင်သစ်မီဒီယာ L’Equipe က ဖော်ပြခဲ့ပါတယ်။ ကွင်းလယ်ဗဟိုနဲ့ ဘယ်တောင်ပံတွေမှာ ကစားနိုင်တဲ့ ဗရီတောက်ဟာ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာဆင်ဝင်းဂါးရဲ့…

reading now

အင်္ဂလန်က ထိပ်တန်းလောင်းကစားဒိုင်တွေက အာဆင်နယ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာတဲ့ တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်ကို မန်ချက်စတာယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူနိုင်ကြောင်း လောင်းကြေးဖွင့်ခဲ့ပါတယ်။ ဝဲလ်ဘတ်ဟာ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်ပြီး အိုလ်ထရက်ဖို့ဒ်မှာ ၆ ရာသီကြာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ဝဲလ်ဘတ်ဟာ မန်ယူအသင်းအတွက် ၁၄၂ ပွဲကားပြီး ၂၉ ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ကာ ၂၀၁၄ ခုနှစ်မှာ ပေါင် ၁၆ သန်းနဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ ဝဲလ်ဘတ်ဟာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်ပြီး…

reading now

အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သတင်းကြီးနေတဲ့ ဘယ်လ်ဂျီယံ တောင်ပံကစားသမား ယာနစ် ကာရက်စ်ကိုက သူ့အနေနဲ့ အင်္ဂလန် မြေမှာ ခြေစွမ်းကောင်းပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘယ်လ်ဂျီယံ တောင်ပံကစားသမား ယာနစ် ကာရက်စ်ကို ကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းရဲ့ ကြိုးပမ်းမှုတွေဟာ အရမ်းကိုနီးစပ်တဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိနေပြီလို့ မီဒီယာတွေက တညီတညွတ်တည်းဖော်ပြခဲ့ကြပြီး လက်ရှိမှာလည်း ကစားသမားကိုယ်တိုင်က အဆိုပါအချက်တွေကို အတည်ပြုပြောဆိုခဲ့ပါတယ်။ "ဆွေးနွေးမှုတွေက တိုးတက်မှုရှိနေပါတယ်။ ကျွန်တော်က လက်ရှိအသင်းမှာ အရေးပါတဲ့ကစားသမားဖြစ်နေတာကို သိပါတယ်။ ဒါပေမယ့် အသင်းက ကျွန်တော့်ကို ထွက်ခွာခွင်ပြုလိမ့်မယ်လို့…

reading now

မန်ယူအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဝိန်း ရူနီက သူ့ရဲ့ အသင်းဟောင်းအနေနဲ့ မက်ဆီ၊ ရော်နယ်ဒိုတို့လို ထိပ်တန်းကစားသမားတွေ ခေါ်ယူတာမျိုး မပြုလုပ်ဖို့ သတိပေးလိုက်ပြီး လူငယ်ကြယ်ပွင့်တွေနဲ့ ခေတ်သစ်တစ်ခု စတင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ရူနီက မန်ယူအသင်းအတွက် အမှန်တကယ်လိုအပ်နေတာဟာ ရယ်ဒီမိတ် ကစားသမားတွေမဟုတ်ပဲ အနာဂတ်ကို တည်ဆောက်ပေးနိုင်မယ့် လူငယ်ကြယ်ပွင့်ကစားသမားတွေဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှ ခေတ်သစ်တစ်ခု စတင်ဖို့အတွက် အချိန်ယူပြင်ဆင်သင့်တယ်လို့ ရူနီက ဆိုခဲ့ပါတယ်။ “ကျွန်တော့်အမြင်အရ အိုလီ့ အတွက် ပထမဆုံး လုပ်ရမှာက…

reading now

၁။ လက်စတာစီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းက လူငယ် နောက်ခံလူ ရီးစ် ဂျိမ်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေပါတယ်။ အရည်အသွေးမြင့် လူငယ်တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဂျိမ်းစ်ဟာ အင်္ဂလန် ယူ-၂၀ အသင်းအတွက် ကစားပေးရင်း ခြေကျင်းဝတ်မှာ ပြင်းထန်တဲ့ ဒါဏ်ရ ရရှိသွားခဲ့တာကြောင့် လန်ဒန်ကလပ်မှာရှိနေတဲ့ သူ့ရဲ့ အနာဂတ်ဟာ မတည်မငြိမ်ဖြစ်လာနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဂျိမ်းစ်ကို ရောင်းချဖို့ အင်တင်တင်ဖြစ်နေသေးပေမယ့် စဉ်းစားမှုတော့ တင်ပြုလုပ်နေပြီဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ၂။ Express ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ…

reading now

၁။ အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အီတလီ ဂန္တဝင် ဂိုးသမားကြီး ဂီယန်လွီဂီ ဘူဖွန်ဟာ အသင်းဟောင်း ပါးမားအသင်းမှာ ပြန်လည်ကစားဖွယ် ရှိနေပါတယ်။ ဘူဖွန်ဟာ နာမည်ကျော် ပါးမားလူငယ်အကယ်ဒမီရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ အဲ့ဒီကာလတုန်းက ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၅၂ သန်း (ပေါင် ၄၆ သန်း) နဲ့ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂။ ဂျူဗင်တပ်အသင်းရဲ့ ဗဟိုနောက်ခံလူ ဒန်နီယယ်လီ ရူဂါနီဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။…

reading now

၁။ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် လောရင့် ကိုစီယယ်နီကို ခေါ်ယူဖို့ အင်တာမီလန်အသင်းက ပစ်မှတ်ထားလာနေပါတယ်။ အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကိုစီယယ်နီဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပြီး လာမယ့်ရာသီသစ်အတွက် နည်းပြ အမ်မရီရဲ့ အစီအမံတွေမှာ ပါဝင်ခြင်းမရှိတော့သူဖြစ်ပါတယ်။ ၂။ ချာလ်တန်အသင်းဟာ အာဆင်နယ်အသင်းက လူငယ်တွေကို ထပ်မံ အငှားခေါ်ယူဖို့ သွားဦးမှာဖြစ်တယ်လို့ အဆိုပါအသင်းရဲ့ ကစားသမားသစ် ရှာဖွေရေး အရာရှိချုပ် စတိဗ် ဂါလန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ချာလ်တန်အသင်းမှာ အာဆင်နယ်လူငယ်ကြယ်ပွင့် ခရစ္စတီယန်…

reading now

၁။ အေစီမီလန်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး အန်ဒရေ ဆေးလ်ဗားရဲ့ တန်ကြေးကို ယူရို ၂၅ သန်း သတ်မှတ်လိုက်ပါတယ်။ ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆီဗီလာအသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းကောင်းပြသနိုင်ခဲ့တာကြောင့် စပိန်ကလပ်ဘက်က ခေါ်ယူဖို့ အလိုရှိနေပါတယ်။ တစ်ဖက်မှာလည်း ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်အသင်းက အဆိုပါ ၂၃ နှစ်သား ပေါ်တူဂီတိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ၂။ နယူးကာဆယ်အသင်းက လူငယ် ကွင်းလယ်လူ ရှောင် လောင်းစတက်ဖ်က သူ့အနေနဲ့ လက်ရှိအသင်းမှာ ဆက်နေဖြစ်ဖို့ ၁၀၀% သချောတယ်လို့ ထုတ်ဖော်ပြာဆိုလိုက်ပါတယ်။…

reading now

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ အထွန်းတောက်ဆုံး လူငယ်ကြယ်ပွင့် အစုအဖွဲ့ကို ပိုင်ဆိုင်နေပြီဖြစ်တယ်လို့ Goal သတင်းဌာနက သုံးသပ်ဖော်ပြလိုက်ပါတယ်။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ ရာသီတုန်းက နည်းပြသစ် အမ်မရီကို ခန့်အပ်ခဲ့ပြီး အသင်းကို အပြောင်းအလဲ တစ်ချို့ စတင်ပြုလုပ်ခဲ့ပေမယ့် ရာသီကုန်မှာ အဓိက ရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် လက်ရှိရာသီအစမှာ အသင်းရဲ့ တစ်ချို့ အစိတ်အပိုင်းတွေကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ နည်းပြ အမ်မရီက ပြင်ဆင်ထားပြီး အဆိုပါကိစ္စရပ်တွေထဲမှာ လက်ထောက်နည်းပြ စတိဗ်…

reading now

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါင် သန်း ၅၀ တန်ကြေးသတ်မှတ်ခံထားရတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ညာနောက်ခံလူ အာရွန် ဝွမ်ဘစ္စကာကို ခေါ်ယူဖို့ ကမ်းလှမ်းမှု စတင်ပြုလုပ်ခဲ့ပြီဖြစ်တယ်လို့ Sky Sports သတင်းဌာနက အတည်ပြုဖော်ပြလိုက်ပါတယ်။ အသင်းက ထွက်ခွာတော့မယ့် အန်တိုနီယို ဗလင်စီယာနဲ့ အသက် ၃၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အသင်းခေါင်းဆောင် အက်ရှ်လေ ယန်းတို့ရဲ့ နေရာကို အစားထိုးဖို့ ညာနောက်ခံလူသစ် ရှာဖွေနေတဲ့ မန်ယူအသင်းဟာ အစောပိုင်းကာလတွေတုန်းက ပီအက်စ်ဂျီ ခံစစ်မှူး သောမတ်စ် မူနီယာနဲ့ စပါး…

reading now

error: Content is protected !!