အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဘယ်လ်ဂျီယံ တောင်ပံကစားသမား ယာနစ် ကာရက်စ်ကိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ Football London သတင်းဌာနက ဖြော်ပခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ ကာရက်စ်ကိုရဲ့ မိခင်ကလပ် ဒါလီယန်း လီဖန်းအသင်းနဲ့ ပြောင်းရွှေ့ကြေး ကိစ္စ ဆက်လက် ဆွေးနွေးနေပြီး မကြာခင်မှာ အပြောင်းအရွှေ့ အပြီးသတ်နိုင်လိမ့်မယ်လို့ La Gazzetta dello Sport ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ရေးသားထားတဲ့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။ ဘယ်လ်ဂျီယံ တောင်ပံကစားသမား…

reading now

၁။ နာပိုလီအသင်းနည်းပြ ကာလို အန်ဆယ်လော့တီဟာ ရီးရဲလ် ကွင်းလယ်လူ ဂျိမ်းစ် ရိုဒရီဂွက်ဇက်ကို ခေါ်ယူဖို့ စတင်ကြိုးပမ်းလာပြီဖြစ်ပါတယ်။ ၂။ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ မန်နေဂျာ ဒီဒီယာ ဒက်စ်ချမ့်ပ်က သူ့ရဲ့ အသင်းသား ဖာလန်း မန်ဒီဟာ လိုင်ယွန်အသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားတော့မှာဖြစ်တယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ နဲ့ နှစ်ဘက်အသင်းအကြား သဘောတူညီမှု ရရှိပြီးသွားပြီလို့ ဒက်စ်ချမ့်ပ်က အတည်ပြု ပြောဆိုခဲ့ပါတယ်။ ၃။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဘယ်သူမှ လိုက်မမီနိုင်လောက်တဲ့ ဥရောပစံချိန်တစ်ခုကိုလည်း ရရှိခဲ့ပြီး…

reading now

၂၀၁၉-၂၀ ပရီးမီးယားလိဂ်ရာသီဟာ လာမယ့် သြဂုတ်လ ၁၀ ရက်နေ့ (စနေနေ့) မှာ စတင်မှာဖြစ်ပြီး မေလ ၁၇ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်တယ်လို့ ပရီးမီးယားလိဂ်က သတင်းထုတ်ပြန်ထားကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်းအရ ၂၈ ရာသီမြောက် ပရီးမီးယားလိဂ်ရာသီဖြစ်လာမယ့် ၂၀၁၉-၂၀ ရာသီရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ယခု ဇွန်လ ၁၃ ရက်နေ့ (ကြာသာပတေးနေ့) မှာ ထုတ်ပြန် ကြေညာသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကြေညာမယ့်အချိန်ကတော့ ဇွန်လ ၁၃ ရက်နေ့ မနက်…

reading now

ဆမ်ဒိုးရီးယားအသင်းဟာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ ဒင်းနစ် ပရတ်နဲ့ ဂျိုအာချင် အန်ဒါဆင်တို့အတွက် ပြောင်းရွှေ့ကြေးကို မူလသတ်မှတ်ထားတဲ့ ပေါင် ၄၃ သန်းထက် ၆ သန်း ပိုမိုတိုးမြှင့်ပေးဖို့ လန်ဒန်ကလပ်ထံ တောင်းဆိုလိုက်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ဆမ်ဒိုးရီးယားအသင်းဟာ မူလက အဆိုပါကစားသမား ၂ ဦးအတွက် တန်ကြေး ပေါင် ၄၄ သန်းအလိုရှိခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းက ပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းလာမှုကို လက်ခံဆွေးနွေးမှုပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆမ်ဒိုးရီးယားအသင်း တာဝန်ရှိသူတွေဟာ…

reading now

၁။ အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ထွက်ခွာတော့မယ့်လို့ အတည်ပြုထားပြီးဖြစ်တဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီချက် ရရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ကတ်တလန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ SPORT ရဲ့ ဖော်ပြချက်အရ ဂရစ်ဇ်မန်း နဲ့ ပီအက်စ်ဂျီအသင်းဥက္ကဌ အယ်လ်ခီလိုင်ဖီတို့ဟာ အပြောင်းအရွှေ့အတွက် ဆွေွးေးနခဲ့ပြီးပြီလို့ ဆိုပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဂရစ်ဇ်မန်းကို ခေါ်ယူလိုပါက စာချုပ်ဖျက်သိမ်းကြေး ပေါင် (၁၀၅)သန်းအထိ ပေးချေရမှာဖြစ်ပြီး ကစားသမားအတွက်လည်း လုပ်ခလစာမြင့်မြင့်မားမား ပေးချေရဖွယ် ရှိနေပါတယ်။ ဘာစီလိုနာက ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ လျော့ကျခဲ့ပြီးနောက်မှာ…

reading now

[ZawGyi] လီဗာပူးလ်အသင်းရဲ့ဂန္ထဝင်နောက်ခံလူကြီး ဂျေမီကာရေဂါကတော့ (၂၀၁၉)ခုနှစ် ဘလွန်ဒီအောဆုကို ဘာစီလိုနာတိုက်စစ်ကြယ်ပွင့် လီယွန်နယ်မက်ဆီသာ ရဖို့သေချာနေတယ်လို့ ပြောကြားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ Nations League ဗိုလ်လုပွဲမှာ လီဗာပူးလ်နောက်ခံလူဗန်ဒိုက်စ်ရဲ့ နယ်သာလန်အသင်းဟာ ပေါ်တူဂီအသင်းကို (၁-၀)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့အတွက် နိုင်ငံတကာဆုဖလားတလုံးကို လွှတ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ မက်ဆီနဲ့အပြိုင် ဘလွန်ဒီအောဆုအတွက် ရေပန်းစားနေတဲ့ ဗန်ဒိုက်စ်အဖို့ နယ်သာလန်အသင်းကို Nations League ဖလား အရယူမပေးနိုင်ခဲ့တာဟာ နစ်နာစရာတခု ဖြစ်ခဲ့ပါတယ်။ " ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးမှုမှာ ဗန်ဒိုက်စ်က…

reading now

မန်ချက်စတာယူနိုက်အသင်းက အရေးအပါဆုံး ပုဂ္ဂိုလ် ၂ ဦးဟာ တောင်ပံတိုက်စစ်ကစားသမား အန်တိုနီ မာရှယ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သဘောထားခြင်းတိုက်ဆိုင်မှု မရှိဖြစ်နေတယ်လို့ Sky Sports က ထိပ်တန်းသတင်းထောက် ဒန်ကန် ကက်စ်တဲလ်က ဖော်ထုတ်ရေးသားလိုက်ပါတယ်။ ကက်စ်တဲလ်ရဲ့ ဖော်ပြချက်အရ မန်ယူအသင်း နည်းပြ ဆိုးလ်ရှားဟာ တာင်ပံတိုက်စစ်မှူး အန်တိုနီ မာရှယ်ကို ရောင်းထုတ်ဖို့ စိတ်ဆန္ဒရှိနေပေမယ့် အသင်းရဲ့ ဒုဥက္ကဌ အဒ် ဝုဒ်ဝါ့ဒ်ဟာ သူကိုယ်တိုင် ခေါ်ယူထားတဲ့ အဆိုပါပြင်သစ်သားကို အသင်းမှာ ဆက်လက်ထားရှိဖို့သာ ဆန္ဒရှိနေတာကြောင့် ရောင်းချဖို့…

reading now

၁။ အာဆင်နယ်အသင်းဟာ ဆမ်ဒိုးရီးယား ကြယ်ပွင့်တွေဖြစ်ကြတဲ့ နောက်ခံလူ ဂျိုအာချင် အန်ဒါဆင်နဲ့ ကွင်းလယ်လူ ဒန်းနစ် ပရတ်တို့ကို ခေါ်ယူဖို့ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး အပြီးသတ်နိုင်ဖို့ သဘောတူညီချက် အနည်းငယ်သာလိုအပ်တော့တယ်လို့ Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။ ၂။ အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီရဲ့ စိတ်ကြိုက်စားသမားတစ်ဦးဖြစ်တဲ့ ဂီတာဖေး နောက်ခံလူ ဒီဂျင်း ဒါကိုနမ်ကို ခေါ်ယူဖို့ အဲဗာတန်အသင်းကလည်း ကြိုးပမ်းလာပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါကစားသမားကို ပစ်မှတ်ထားနေပေမယ့် ခေါ်ယူဖို့ ကြိုးပမ်းမှုတော့ မရှိသေးပါဘူး။ ၃။…

reading now

Sky Sports ရဲ့ သုံးသပ်သူ ဒန်နီ မေးလ်စ်က အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို အသင်းမှာဆက်မထားပဲ ရောင်းထုတ်လိုက်တာဟာ အသင်းအတွက် အသင့်တော်ဆုံး နည်းလမ်းဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။ အိုဇေးလ်ဟာ အမ်မရီရဲ့ လာမယ့်ရာသီ အစီအစဉ်တွေမှာ ပါဝင်မှု မရှိဘူးလို့လည်း သူက အခိုင်အမာဆိုခဲ့ပါတယ်။ “ကျွန်တော့် သတင်းအရင်းအမြစ်တွေဆီက ကြားထားသမျှဆိုရင် အာဆင်နယ်အသင်းဟာ မကြာခင်မှာ အိုဇေးလ်ကို ရောင်းထုတ်နိုင်မယ့်နည်းလမ်းကို ရှာတွေ့တော့မှာပါ။ သူက အသင်းအတွက် ပြဿနာကစားသမားဖြစ်နေပါတယ်။ တစ်ခါတစ်လေမှာ ကစားသမားတစ်ယောက်အတွက် ခင်ဗျား ပိုက်ဆံတွေအများကြီးသုံးနေရပြီး အသင်းကလည်း…

reading now

အင်္ဂလန် လက်ရွေးစင်အသင်းဟာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ တတိယနေရာလုပွဲမှာ ဆွစ်ဇာလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ယူရို ၆၈ မှာ တတိယနေရာ ရရှိခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် ဆုတံဆိပ်ပြန်လည် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်ပိုင်း ခြေစွမ်းပိုင်းအတက်ဘက်ကို ပြသနေတဲ့ အင်္ဂလန်အသင်းဟာ ၁၉၆၈ ခုနှစ် အီတလီမှာ ကျင်းပတဲ့ ယူရိုပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ယူဂိုဆလားဗီးယားကို ရှုံးနိမ့်ခဲ့တာကြောင့် တတိယလုခဲ့ရပြီး တတိယလုပွဲမှာ ဆိုဗီယက်ယူနီယံအသင်းကို ၂ ဂိုးပြတ်အနိုင်ရရှိပြီး…

reading now

error: Content is protected !!