ချယ်လ်ဆီး တိုက်စစ်ကစားသမား အီဒင် ဟာဇက်အနေနဲ့ စတမ်းဖို့ဒ် ဘရစ်ခ်ျကလပ်မှာ ဆက်ပြီး ရှိနေဦးမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဘော်လွန်းဒီအောဆုကို ဘယ်တော့မှ ရရှိမှာ မဟုတ်ဘူးလို့ အသင်းဖော်ဟောင်း ဖာဘရီဂတ်စ်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဖာဘရီဂတ်စ်က ဟာဇက်ကအနေနဲ့ သူ့ရဲ့ ခြေစွမ်းနဲ့ ထိုက်တန်မှုရှိတဲ့ အဆိုပါဆုကို ဆွတ်ခူးဖို့ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အီဒင်ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသူဖြစ်ပြီး မက်ဒရစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့အကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေ အဆုံးမသတ်နိုင်သေးတာကြောင့်သာ အပြီးသတ်ကြေညာချက်ထုတ်ပြန်နိုင်ခြင်းမရှေိသးတာဖြစ်ပါတယ်။…

reading now

အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီက အသင်းရဲ့ လက်ရှိ ရာသီ စွမ်းဆောင်ရည်အပေါ်မှာ ကျေနပ်မှု မရှိဖြစ်နေပြီး လက်ရှိအသင်းက နည်းစနစ်နဲ့ အံမဝင်တဲ့ ကစားသမားတွေကို အသင်းကနေ ထွက်ခွာခိုင်းသွားဖို့ ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Metro သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကို နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြခြင်းမရှိပဲ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ၄-၁ ရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ အာဆင်နယ်အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို ဘောလုံးကျွမ်းကျင်သူတွေနဲ့ အသင်းရဲ့…

reading now

ချယ်လ်ဆီးအသင်းကို ယူရိုပါလိဂ်ဖလားနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အီတလီလူမျိုးနည်းပြ မော်ရီဇီယို ဆာရီဟာ စီးရီးအေချန်ပီယံကလပ် ဂျူဗင်တပ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီလိုက်ပြီလို့ ယုံကြည်နားလည်ထားကြောင်း Goal သတင်းဌာနက ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ အီတလီကလပ်ဟာ ဆာရီရဲ့ စွမ်းဆောင်ရည်ကို သဘောကျနှစ်ခြိုက်မှုရှိနေပြီး တစ်နှစ်ကို ယူရို ၇ သန်းရရှိမယ့် မြင့်မားတဲ့လစာနှုန်းထားမျိုးနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တဲ့ အပေါ် ဆာရီက သဘောတူလက်ခံခဲ့တာဖြစ်ပါတယ်။ ဆာရီ အနေနဲ့ အဆိုပါ သဘောတူညီချက် ရရှိပြီးတဲ့နေောက်မှာ အသင်းက ထွက်ခွာခွင့်ပြုဖို့ ချယ်လ်ဆီးအသင်းထံ တောင်းဆိလိုက်ပြီဖြစ်တယ်လို့လည်း…

reading now

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆာဒီိယိုမာနေးက သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် ယူနိုက်တက်နည်းပြအဖြစ် ထိုစဉ်က တာဝန်ယူခဲ့တဲ့ လူးဝစ္စဗန်ဂါးလ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေတောင် ပြုလုပ်ခဲ့တယ်လို့ မာနေးက ၀န်ခံပြောကြားခဲ့တာ ဖြစ်ပါတယ်။ မာနေးဟာ ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိမှာ လီဗာပူးလ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်တိုက်တက်ရောက်ထားနိုင်သလို ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့အထိ မာနေးက ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ဂန္ထ၀င်တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မာနေးက…

reading now

၁။ ဂျူဗင်တပ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ယူရိုပါလိဂ်ဖလား ပူပူနွေးနွေးရယူထားတဲ့ အီတလီလူမျိုးနည်းပြ မော်ရီဇီယို ဆာရီကို တစ်နှစ်လုပ်ခ ပေါင် ၆.၂ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ သူတု့အသင်းက အသက် ၆၀ အရွယ်နည်းပြကြီးကို လာမယ့်ရာသီမှာ အသင်းမှာ ဆက်ပြီး ထားမထား လာမယ့်ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားတော့မှာဖြစ်တယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။ ၂။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာတော့မယ့် ကွင်းလယ်လူ အေဒရီယန် ရာဘီယော့ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားလာပြီဖြစ်ပါတယ်။ အစောပိုင်းကာလတွေတုန်းက အဆိုပါကစားသမားကို…

reading now

အာဆင်နယ် ဂန္တဝင်ဟောင်း ချာလီ နီကိုလပ်စ်က အသင်းက ဂျာမန် ကွင်းလယ်တိုက်စစ်ကစားသမား အိုဇေးလ်ကို အသင်းကနေ ထွက်ခွာခိုင်းသင့်တဲ့အချိန်ရောက်ပြီလို့ အမ်းမရိတ်အခြေစိုက်အသင်းကို တိုက်တွန်းပြောဆိုလိုက်ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ ဂန်းနားတွေအနေနဲ့ အိုဇေးလ်နဲ့ နောက်ခံလူတစ်ချို့ကို သံယောဇဉ်ဆက်မထားပဲ ရောင်းထုတ်ပစ်ဖို့ နီကိုလပ်စ်က တိုက်တွန်းပြောဆိုခဲ့တာပါ။ "ဒီအချိန်က နှုတ်ဆက်ပွဲ လုပ်ရတော့မယ့်အချိန်ပါပဲ" လို့ အာဆင်နယ်နဲ့ စကော့တလန် တိုက်စစ်မှူးဟောင်း နီကိုလပ်စ်က ပြောဆိုပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီအသင်းသား အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ ၆ ရာသီကြာ ကစားခဲ့သူဖြစ်ပြီး အဆိုပါကာလအတွင်းမှာ…

reading now

[ZawGyi] ၁။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား အေဒင်ဟာဇက်ကို ပေါင် (၁၀၆)သန်းနဲ့ စတင်ကမ်းလှမ်းပြင်ဆင်နေပါတယ်။ နောက်ခံလူရာမို့စ်ကတော့ ဘယ်လ်ဂျီယံသားဟာ ဘာနေဗြူးကို ပြောင်းရွှေ့လာခဲ့ရင် အများကြီးအကျိုးပြုမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ ၂။ မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ရာမို့စ်ကိုယ်တိုင်ကလည်း နောက်ရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်ရှိမှာဖြစ်ကြောင်း အတည်ပြုပြောကြားသွားပါတယ်။ ရာမို့စ်က ဘာနေဗြူးမှာသာ ကစားသမားဘဝကုန်ဆုံးသွားမယ်လို့ ဆိုခဲ့ပါတယ်။ ၃။ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား နေမာဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အသက်…

reading now

၁။ အီဒင် ဟာဇက်ကဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ရီးရဲလ်နဲ့ ချယ်လ်ဆီးတို့အကြားမှာ ပေါင် ၁၁၅ သန်းတန် သဘောတူညီချက်လည်း ရရှိထားပြီလို့ဆိုပါတယ်။ ၂။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျူဗင်တပ်အသင်းကနေ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ Corriere dello…

reading now

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်က သူ့ရဲ့ ခြေစွမ်းဟာ နည်းပြဟောင်း အာဆင်ဝင်းဂါးလက်ထက်မှာထက် နည်းပြသစ်အူနိုင်း အမ်မရီရဲ့ လက်အောက်မှာ ပိုမိုကောင်းမွန်လာတယ်လို့ Evening Standard နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လာကာဇက်ကို အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီးက ၂၀၁၇-၁၈ ရာသီမှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အသုံးပြုပြီး လိုင်ယွန်အသင်းထံကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အဆိုပါရာသီမှာတုန်းက ၁၇ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာတော့ လာကာဇက်ဟာ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၉ ဂိုးသွင်းယူနိုင်ခဲ့ပြီး…

reading now

ဘာစီလိုနာ၊ ရီးရဲလ်၊ အက်သလက်တီကို စတဲ့ ထိပ်သီးအသင်းတွေကြောင့် ပရိသတ်စိတ်ဝင်စားမှုအခိုင်အမာရရှိ ထားတဲ့ စပိန်ဘောလုံးလောကထဲက အသင်းတာဝန်ရှိသူတစ်ချို့နဲ့ ကစားသမားတစ်ချို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီအတွင်း လုပ်ပွဲကစားမှုများရှိနေခဲ့တယ်လို့ စွပ်စွဲမှုများထွက် ပေါ်ခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေခံနေရကြောင်း BBC ရဲ့ဖော်ပြချက်အရ သိရပါတယ်။ လက်ရှိသတင်းဖော်ပြမှုများတွင် အဆင့်အမြင့်ဆုံး အမှတ်ပေးလိဂ်နှစ်ခုဖြစ်တဲ့ လာလီဂါနဲ့ ဆီဂန်ဒါက အသင်းအချို့အနေနဲ့ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်စုံစမ်းခြင်းကိုခံနေရပြီး ပါဝင်ပတ်သတ်သူ ၁၁ ဦးကို ထိန်းသိမ်းထားပြီဖြစ်ပါတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရာသီသစ်မစတင်မီ လုပ်ပွဲပြဿနာကို အပြီးသတ်ဖော်ထုတ်ဖို့ စီစဉ်ထားတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပါတယ်။ အခြေအနေနဲ့ပတ်သက်၍…

reading now

error: Content is protected !!