မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါလ် ပေါ့ဘာက သူ့အနေနဲ့ ငယ်ဘဝတစ်လျှောက်လုံး အာဆင်နယ်ပရိတ်သတ်တစ်ယောက်အဖြစ် ကြီးပျင်းလာခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ ပြင်သစ်လူမျိုးပေါ့ဘာက သူ့ရဲ့ စံပြကစားသမားတွေဟာ အာဆင်နယ် ဂန္တဝင်ဟောင်းတွေဖြစ်ကြပြီး ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းသားတွေလည်းဖြစ်ကြတဲ့ ပက်ထရစ် ဗီယာရာ၊ သီယာရီ အွန်နရီ၊ ဆီလ်ဗိန်း ဝီးလ်တော့နဲ့ ရောဘတ် ပီရက်စ်တို့ဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပသေးတယ်။ အဆိုပါကစားသမားတွေ လန်ဒန်ကလပ်မှာ ကစားနေစဉ် အခိုက်အတန့်တွေနဲ့ စွမ်းဆောင်ရည်တွေက သူ့ကို ကွင်းလယ်လူတစ်ယောက်ဖြစ်လာစေဖို့ ပုံသွင်းခဲ့တာဖြစ်တယ်လို့ Times နဲ့ အင်တာဗျူးမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။…

reading now

၁။ ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ခေါ်ယူဖို့အတွက် သူတို့လုပ်နိုင်သမျှ ဘာမဆို ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ Marca သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ၂။ အီတလီ လက်ရွေးစင်ဂိုးသမားဟောင်း ဂီယန်လွီဂီ ဘူဖွန်ဟာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းကို ပြောင်းရွှေ့နိုင်ချေရှိနေတယ်လို့ Tuttosport က ဖော်ပြခဲ့ပါတယ်။ ပေါ်တိုအသင်းဟာ ကျန်းမာရေး အခြေအနေကြောင့် ဘောလုံးလောက ကနေအနားယူသွားပြီဖြစ်တဲ့ ဂိုးသမား အိုင်ကာ ကာစီးလက်ရဲ့ နေရာမှာ ဘူဖွန်နဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ ၃။ ဘာစီလိုနာအသင်းဟာ လာမယ့်…

reading now

မန်ချက်စတာစီးတီးအသင်းဟာ အားကစားဆိုင်ရာ အနုညာတအငြင်းပွားမှု ခုံရုံး (Court of Arbitration for Sport) ကနေတဆင့် UEFA ရဲ့စုံစမ်းစစ်ဆေးမှုကို တားဆီးဖို့ ကြိုးပမ်းခဲ့ပေမယ့် CAS က မန်စီးတီးရဲ့ တင်ပြချက်ကို ပယ်ချလိုက်တာကြောင့် ချန်ပီယံလိဂ်နဲ့ လွဲချော်ဖို့ ပိုမိုနီးစပ်သွားပြီဖြစ်တယ်လို့ The Sun က အတည်ပြု ဖော်ပြလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ အသုံးစားရိတ် သုံးစွဲရာမှာ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့ သက်သေအထောက်အထားတွေ ပေါ်ထွက်လတာကြောင့် UEFA…

reading now

၂၀၁၉-၂၀ ပရီးမီးယားလိဂ်ရာသီရဲ့ အဖွင့်ပွဲစဉ် ရေးဆွဲထားမှုအချက်အလက်တွေဟာ မထင်မှတ်ပဲ ပေါက်ကြားလာခဲ့တယ်လို့ Football London က ဖော်ပြလိုက်ပါတယ်။ ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ရာသီဟာ လာမယ့် သြဂုတ်လ ၁၀ ရက်နေ့ (စနေနေ့) မှာ စတင်မှာဖြစ်ပြီး မေလ ၁၇ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ကာ မနက်ဖြန် ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီ ခွဲမှာမှ ပွဲစဉ်တွေကို စတင်ထုတ်ပြန်သွားဖို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က စီစဉ်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို အတိအကျဖော်ပြထားတဲ့ ဓာတ်ပုံတစ်ပုံ…

reading now

၁။ အက်သလက်တီကို မက်ဒရစ်အသင်းဟာ မထင်မှတ်ထားပဲ ဘင်ဖီကာ ကြယ်ပွင့် ယော်အို ဖီးလစ်ဇ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့ပြီဖြစ်တယ်လို့ မီဒီယာတေက ဖော်ပြနေကြပြီဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပစ်မှတ် ကြယ်ပွင့်လေးဟာ အက်သလက်တီကိုအသင်းထံ ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ လူးကပ်စ် ဟာနန်ဒက်ဇ်နဲ့ ဂရစ်ဇ်မန်းတို့ရဲ့ အပြောင်းအရွှေ့တွေကြောင့် ဘက်ဂျက်တောင့်တင်းနေတဲ့ အက်လက်သလက်တီကိုအသင်းဟာ အဆိုပါကြယ်ပွင့်အတွက် ဘင်ဖီကာအသင်းတောင်းဆိုသမျှ တန်ကြေးကို မဆိုင်းမတွ ပေးချေဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ ၂။ လာဇီယိုအသင်းဟာ…

reading now

၁။ ချယ်လ်ဆီးအသင်းဟာ နည်းပြ ဆာရီ ထွက်ခွာပြီးတာနဲ့ နည်းပြသစ် တန်းပြီး ခန့်အပ်နိုင်ဖို့ စီစဉ်နေပါတယ်။ ၂။ လန်ဒန်ကလပ်ရဲ့ တာဝန်ရှိသူတွေဟာ နည်းပြဆာရီနဲ့ လမ်းခွဲဖို့ ဆန္ဒမရှိတော့ဘူးလို့ သိရပါတယ်။ ချယ်လ်ဆီးတာဝန်ရှိသူတွေနဲ့ ပရိတ်သတ်တွေဟာ ဆာရီရဲ့ အစောပိုင်း စွမ်းဆောင်ရည်တွေအပေါ် စိတ်ပျက်တဲ့ အမူအရာ ပြခဲ့တာက ဆာရီ့ကို အသင်းကနေ ထွက်ခွာစေတဲ့ အကြောင်းတရားဖြစ်ခဲ့ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ခုချိန်မှာတော့ ချယ်လ်ဆီးတာဝန်ရှိသူတွေကိုယ်တိုင်က အသင်းမှာ ဆက်ရှိနေစေချင်နေကြပြီဖြစ်ပါတယ်။ ၃။ ချယ်လ်ဆီးအသင်းဟာ ဒါဘီကောင်တီအသင်းရဲ့ နည်းပြ…

reading now

၁။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ အိုင်ဗန် ရာကီတစ်ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းထံ စတင်ဆက်သွယ်မှုပြုလုပ်လိုက်ပြီဖြစ်တယ်လို့ စပိန်သတင်းစာ PORT က ဖော်ပြခဲ့ပါတယ်။ ၂။ သရဲနီတွေဟာ နော်ဝစ်ခ်ျအသင်းက လူငယ်ကြယ်ပွင့် ညာနောက်ခံလူ မက်ဇ် အာရွန်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက နောက်ခံလူ ဝမ်ဘစ္စကာကို ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့ရင် အာရွန်ကို အစားထိုးခေါ်ယူသွားမှာဖြစ်ပါတယ်။ ၃။ ဒီလစ်ခ်ျရဲ့ အကြံပေးပုဂ္ဂိုလ်တွေက ဘာစီလိုနာအသင်းထံ မပြောင်းရွှေ့ခင် ပွဲထွက်ခွင့် အာမခံချက် သေချာပေါက် ရရှိနိုင်တဲ့ မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို…

reading now

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်ဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ချယ်ဆီးနည်းပြ ဆာရီရဲ့နေရာမှာ ချယ်လ်ဆီးဂန္တဝင်ဟောင်း ဖရန့်ခ် လမ်းပတ်နဲ့ အစားထိုးဖို့ တိုက်တွန်းလိုက်ကြောင်း Sky Sport က ဖော်ပြခဲ့ပါတယ်။ ဖာဒီနန်က အင်္ဂလန်အသင်းဖော်ဟောင်း လမ်းပတ်ဟာ ချယ်ဆီးအသင်းရဲ့ဂွါဒီယိုလာဖြစ်လာလိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အီတလီကသတင်းတွေအရ ချယ်ဆီးအသင်းနည်းပြဆာရီဟာ ဂျူဗင်တပ်နည်းပြအယ်လီဂရီရဲ့နေရာမှာ ၃ နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။ ချယ်ဆီးဂန္တဝင်ကစားသမား ဖရန့်လမ်းပတ်ဟာ ဒါဘီကောင်တီကို ပထမဆုံးကိုင်တွယ်တဲ့ရာသီမှာပဲ ချန်ပီယံရှစ် Play-off အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် ဆာရီရဲ့နေရာမှာ အစားထိုးခန့်အပ်ခံရဖွယ်ရှိတဲ့…

reading now

၁။ အာဆင်နယ်အသင်းကို ရောက်ရှိလတော့မယ့် ဘရာဇီးလ် တိုက်စစ်ကြယ်ပွင့် ဂါဘရီယယ် မာတီနယ်လီဟာ အာဆင်နယ်အသင်းရဲ့ Instagram ကို Follow လုပ်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပြီးမြောက်တာ သေချာနေပြီလို့ ပရိတ်သတ်တွေနဲ့ မီဒီယာတွေက ပြောဆိုနေကြပါတယ်။ မာတီနယ်လီဟာ အာဆင်နယ်အသင်းကို EU နိုင်ငံသားအဖြစ် ပြောင်းရွှေ့နိုင်ဖို့ အီတလီ ပတ်စ်ပို့ ရရှိတဲ့အထိ စောင့်ဆိုင်းနေခဲ့တာဖြစ်ပြီး EU နိုင်ငံသားမဟုတ်တဲ့ ကစားသမားတွေအနေနဲ့ အင်္ဂလန်မှာ အလုပ်လုပ်ခွင့်ပါမစ် ရရှိဖို့ ခက်ခဲတာကြောင့် ခုလို ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ဘရာဇီးလ်မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ မာတီနယ်လီဟာ သူအသက်…

reading now

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားဟာ လက်ရှိနွေရာသီမှာ အသင်းရဲ့ သမိုင်းတစ်လျှောက် အပြောင်းအရွှေ့ အသုံးစားရိတ် အများဆုံး အသုံးပြုခဲ့တဲ့ ရာသီဖြစ်တဲ့ ၂၀၁၇-၁၈ ရာသီက ထက်ပိုမိုပြီး ငွေကြေးသုံးစွဲသွားဖို့ ရှိနေတယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။ ၂၀၁၇-၁၈ ရာသီတုန်းက နည်းပြဟောင်း မော်ရင်ဟိုဟာ ကစားသမားခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေး ၁၇၈.၅၆ သန်း သုံးစွဲခဲ့ပြီး ဒါဟာ မန်ယူအသင်းရဲ့ သမိုင်းမှာ ငွေကြေးအများဆုံး သုံးစွဲခဲ့တာဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုဟာ အဆိုပါရာသီမှာ လူကာကူ၊…

reading now

error: Content is protected !!