ရီးရဲလ်ကစားသမားသစ် အီဒင်ဟာဇက်ဟာ ဘာနေဗျူးမှာ လစာငွေ ပေါင် (၄)သိန်းအထိ ရရှိမယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ မြင့်မားတဲ့ အကျိုးခံစားခွင့်ကို ဟာဇက်က ရရှိမှာဖြစ်ပြီးတော့ ဒီအခြေအနေပေါ်မှာ ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာက မကျေမနပ်ဖြစ်နေတယ်လို့ စပိန်သတင်းစာ Diario Gol သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာ ဟာဇက်နဲ့ တွဲဖက်ကစားခွင့်ရမယ့်အတွက် ဘန်ဇီမာက စိတ်ကျေနပ်နေပေမယ့်လည်း ကစားသမားသစ်ကို အသင်းက ပေးချေမယ့် လစာငွေနဲ့ပတ်သက်ပြီး စိတ်တိုင်းမကျဖြစ်နေတာလို့ သိရပါတယ်။ ဘန်ဇီမာဟာ ရီးရဲလ်မှာ တစ်နှစ်လုပ်ခ ယူရို (၉)သန်းရရှိနေတာဖြစ်ပြီး ဟာဇက်က ပိုမိုရရှိတော့မှာလည်း ဖြစ်ပါတယ်။ ဒီအတွက်…

reading now

၁။ Sky Sports ရဲ့ ဖော်ပြချက်အရ ဆယ်လ်တာဗီဂိုအသင်းဟာ သူတို့အသင်းက ဥရုဂွေးတိုက်စစ်မှူး မက်ဆီ ဂိုမက်ဇ်အတွက် ကမ်းလှမ်းလာတဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ဗလင်စီယာအသင်းတို့ဆီက ကမ်းလှမ်းချက် ၂ ခုစလုံးကို လက်ခံလိုက်တယ်လို့ သိရပါတယ်။ နှစ်သင်းလုံးဟာ ဆယ်လ်တာဗီဂိုအသင်းအလိုရှိနေတဲ့ ယူရို ၃၇ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး စပိန်ကလပ်ကတော့ ကစားသမား စိတ်ကြိုက်ရွေးချယ်တဲ့အသင်းထံ လက်လွှတ်မယ့် သဘောဖြစ်ပါတယ်။ ၂။ ရိုးမားအသင်းက ဂရိလက်ရွေးစင် ခံစစ်မှူး ကော့စ်တက် မနိုလက်စ်ဟာ နာပိုလီအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ Sky Sports…

reading now

Sky Sports ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လိုရီးယန့်အသင်းက ပြင်သစ်ကြယ်ပွင့် အလက်ဆစ် ကလော်ဒီ-မောရစ်ကို ခေါ်ယူဖို့အတွက် မူလ သူတို့ကမ်းလှမ်းထားတဲ့ ပေါင် ၇ သန်းထက် ၂ ဆ ခွဲတိုးမြှင့်ပြီး ပေါင် ၁၈ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။ ပြင်သစ်မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်အသင်းဟာ ဟာဇက်လက်သစ်လို့ နာမည်ကြီးနေတဲ့ အဆိုပါ အသက် ၂၁ နှစ်အရွယ်တောင်ပံကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရရှိထားပြီဖြစ်တာမို့ ယခုလို တန်ကြေးတိုးမြှင့်ကမ်းလှမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ်မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ အဆိုပါကြယ်ပွင့်ကစားသမားဟာ…

reading now

Sky Sports ရဲ့ ဖော်ပြချက်အရ ဒါဘီကောင်တီအသင်းနဲ့ သူတို့အသင်းရဲ့ နည်းပြ ဖရန့်ခ် လမ်းပတ်တို့အကြား စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုဖို့ စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့ သိရပါတယ်။ ချယ်လ်ဆီး ဂန္တဝင် တစ်ယောက်ဖြစ်တဲ့ လမ်းပတ်ဟာ နည်းပြဆာရီထွက်ခွာတော့မယ့် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်တော့မယ်လို့ အကြီးအျကယ်သတင်းပြေးနေသူဖြစ်ပါတယ်။ ခုလိုမျိုး လမ်းပတ်တစ်ယောက် ဒါဘီနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးနေကြောင်း သတင်းထွက်ပေါ်လာဟာ ချယ်လ်ဆီးအတွက်တော့ စိတ်ပျက်စရာသတင်းစကားဖြစ်လာခဲ့ပါတယ်။ လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီမှာ လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ ဆွတ်ခူးခဲ့ရာ စတန်းဖို့ဒ်ဘရစ်ခ်ျဆီ…

reading now

[ZawGyi] ၁။ အဲဗာတန်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ အန်ဒရီဂိုးမက်ဇ်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ နူးကမ့်အသင်းဘက်က ပေါ်တူဂီသားအတွက် ပေါင် (၂၇)သန်းဝန်းကျင် အလိုရှိနေပေမယ့်လည်း အဲဗာတန်အသင်းကတော့ အဆိုပါပမာဏလောက်အထိ တိုးပေးခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။ ၂။ ပရီးမီးယားလိဂ်ကလပ်ဝုဗ်လ်အသင်းဟာ အင်တာမီလန်အသင်းရဲ့နောက်ခံလူ ဇင်ဟိုဗန်ဟျူစဒန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် (၁၉)နှစ်သားလေးဟာ (၂၀၁၅)ခုနှစ်ကတည်းက ဘယ်လ်ဂျီယံကလပ် စတန်းဒက်လိဂ်အသင်းကနေ ဆန်စီရိုကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ၃။ စပိန်ကလပ် ရီးယဲလ်ဘက်တစ်အသင်းဟာ ပေါင် (၂၂)သန်း ဈေးသတ်မှတ်ထားတဲ့ ဖူလ်ဟမ်အသင်းရဲ့တိုက်စစ်မှူး အလက်ဇန်ဒါးမီထရိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့…

reading now

[ZawGyi] အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် တော်ရဲရားဟာ ပရီးမီးယားလိဂ်ကို ပထမဆုံးရောက်ရှိတဲ့ ရာသီမှာတင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ချစ်သူဖြစ်သူက လန်ဒန်မြေမှာ ပျော်ရွှင်ခြင်းမရှိတဲ့အတွက် အီတလီကိုသာ ပြန်လည်ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။ ဂန်းနားတို့အနေနဲ့ကတော့ ဥရုဂွေးသားလေးကို တစ်ရာသီခန့်အကြာမှာပဲ ပြန်လည်ဆုံးရှုံးရမယ့်အရေးနဲ့ ရင်ဆိုင်လာခဲ့ရပြီး အေစီမီလန်အသင်းက ခေါ်ယူဖို့ အလေးအနက်ထား ကြိုးပမ်းလာခဲ့ပါတယ်။ အီတလီသတင်းဌာနတွေရဲ့အဆိုအရ တော်ရဲရားရဲ့ ချစ်သူဟာ အင်္ဂလန်နိုင်ငံရဲ့လူနေမှုဘဝကို စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အေစီမီလန်ရဲ့ကမ်းလှမ်းမှုကို လက်ခံဖို့ တော်ရဲရားကို တွန်းအားပေးထားကြောင်း သိရပါတယ်။ အသက် (၂၃)နှစ်သားအတွက် ဂန်းနားတို့က ပေါင် (၃၅)သန်းနဲ့ သန်း (၄၀)ကြား…

reading now

[ZawGyi] မန်ယူနိုက်တက်အသင်းအနေနဲ့ ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို ရောင်းချဖို့ ဆန္ဒမရှိပေမယ့် ကစားသမားကတော့ စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ ရီးယဲလ်မက်ဒရစ်နည်းပြဇီဒန်းရဲ့ ဒီနွေအပြောင်းအရွှေ့ အဓိကပစ်မှတ်ကစားသမားဖြစ်နေပြီး မန်ယူနိုက်တက်ကတော့ အသင်းကို တည်ဆောက်နေချိန်မှာ အဓိက ကစားသမားတဦးကို လက်လွှတ်ဆုံးရှုံးခံလိုခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ပေါ့ဂ်ဘာကတော့ မန်ယူနိုက်တက်အသင်းရဲ့ဆန္ဒကို အလေးထားခြင်းမရှိဘဲ လာမယ့်ရာသီမှာ နည်းပြဇီဒန်းရဲ့လက်အောက်မှာ ကစားဖို့သာ အာရုံစိုက်ကြိုးပမ်းနေကြောင်း စပိန်သတင်းစာ Marc က ဖော်ပြခဲ့ပါတယ်။ ပေါ့ဂ်ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာအနေနဲ့လည်း ဘောလုံးလောကနဲ့ပတ်သက်ခွင့် ပိတ်ပင်ခံရမှုကနေ…

reading now

၁။ အာဆင်နယ်အသင်းရဲ့ ဝန်ထမ်းတွေဟာ ပိုးမွှားထိမ်းချုပ်ရေး သင်တန်းအရေးပေါ် တက်ခဲ့ကြရတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းဟာ ပရီးမီးယားလိဂ်အသင်း ၂၀ ထဲမှာ ကွင်းသန့်ရှင်းမှုအပိုင်း 5 Stars မရရှိထားတဲ့ ကွင်း ၂ ကွင်းထဲမှာ တစ်ကွင်းအနေနဲ့ အပါအဝင်ဖြစ်နေပြီး လက်ရှိမှာလည်း ကြွက်တွေသောင်းကျန်းနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ၂။ အာဆင်နယ်အသင်းဟာ ရိုးမားနောက်ခံလူ ကော့်စတက် မနိုလက်စ်အတွက် ယူရို ၃၆ သန်းနဲ့ ဖီအိုရင်တီးနားကွင်းလယ်လူ ဂျော်ဒန် ဗရီတောက်အတွက် ယူရို ၂၅ သန်း အသုံးပြုသွားဖို့ ရှိနေတယ်လို့…

reading now

၁။ ဘာစီလိုနာအသင်းဟာ ဒေါ့မွန်အသင်းက ဘယ်နောက်ခံလူ ရာဖယ်လ် ဂွာရဲယိုကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အစောပိုင်းကာလတွေတုန်းက နာချို မွန်ရီယယ်၊ ဂျူနီယာ ဖာပိုနဲ့ ဆိဒ် ကိုလာစီနက်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မထင်မှတ်ပဲ ဒေါ့မွန်နောက်ခံလူကို ခေါ်ယူဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။ ၂။ အေဂျက်စ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ထားခြင်းခံနေရတဲ့ မော်ရိုကိုကစားသမား ဟာကင်မ် ဇီယက်ခ်ျကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ရရှိရင် ရောင်းထုတ်သွားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။…

reading now

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အရေးပါတဲ့ တိုက်စစ်ကြယ်ပွင့် ကစားသမား ၂ ဦးကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ Football London က ဖော်ပြလိုက်ပါတယ်။ အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ လက်ရှိမှာ လာလီဂါ၊ စီးရီးအေနဲ့ တရုတ်စူပါလိဂ်ကလပ်တွေရဲ့ မျက်စိကျခြင်းကိုခံနေရတဲ့ သူတို့ရဲ့ တိုက်စစ်ကြယ်ပွင့် လာကာဇက်နဲ့ အူဘာမီယန်းတို့ကို စာချုပ်သစ်ချုပ်ဆိုတော့မှာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့က ချဉ်းကပ်နေပြီး အသက် ၃၀ အရွယ် အူဘာမီယန်းကိုတော့ တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုး…

reading now

error: Content is protected !!