မန်ချက်စတာယူနိုက်တက်အသင်းအတွက် လိုအပ်နေတဲ့ ဆုဖလားတွေကို သူ ယူဆောင်ပေးနိုင်တယ်လို့ အာဂျင်တီးနားအသင်းရဲ့ ဂန္ထ၀င်ကစားသမားဟောင်းကြီး နဲ့ နည်းပြဟောင်း မာရာဒိုနာက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Goal က ဖော်ပြပါတယ်။ နည်းပြဘ၀မှာ ကြီးမားတဲ့ အောင်မြင်မှု တစ်စုံတစ်ရာရယူဖူးခြင်းမရှိသေးတဲ့ မာရာဒိုနာရဲ့ ပြောဆိုမှုက အံ့အားသင့်စရာတော့ ဖြစ်ခဲ့ရပါတယ်။ Sportskeeda ၀က်ဘ်ဆိုက်ရဲ့ ဖော်ပြမှုမှာ မာရာဒိုနာက ယူနိုက်တက်အနေနဲ့ ဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်း ကြုံတွေ့နေရတဲ့ ပြသနာတွေကို သူဖြေရှင်းနိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားပြီးနောက် အမှတ်ပေးဖလားကို ရယူနိုင်ခြင်းမရှိတော့ပဲ ပြီးခဲ့တဲ့ရာသီကလည်း အဆင့်…
reading now