မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းက ညာနောက်ခံကြယ်ပွင့် အာရွန် ဝမ်ဘစ္စကားကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရရှိသွားပြီဖြစ်တယ်လို့ The Mirror အပါအဝင် ဗြိတိန်သတင်းဌာနတွေက ဖော်ပြလိုက်ပါတယ်။ အသင်းက ထွက်ခွာတော့မယ့် ဗလင်စီယာနဲ့ အသက် ၃၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အက်ရှ်လေယန်းတို့ကြောင့် လက်ရှိ အပြောင်းအရွှေ့ရာသီစတင်ကတည်းက ဈေးကွက်ထဲမှာ မန်ယူအသင်းအနေနဲ့ ညာနောက်ခံလူတစ်ဦးအသည်းအသန် ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အသက် ၂၁ နှစ်အရွယ်သာရှိသေးပြီး ပြီးခဲ့တဲ့ရာသီတုန်းက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့အတူ ထွန်းတောက်လာခဲ့တဲ့ အရည်အသွေးမြင့်…

reading now

မန်ချက်စတာ စီးတီးအသင်းဟာ နာပိုလီအသင်းက ခံစစ်ကစားသမား ကာလီဒူ ကူလီဘလီကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို ၉၅ သန်း (ပေါင် ၈၅ သန်း) နဲ့ စတင်ကမ်းလှမ်းသွားတော့မှာဖြစ်ပါတယ်။ ကူလီဘလီဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်ပြီး မြင့်မားတဲ့ပြောင်းရွှေ့ကြေးောတင်းဆိုထားတာကြောင့် အိုးလ်ထရက်ဖို့ဒ်အသင်းဘက်က ခေါ်ယူဖို့ လက်လျှော့ထားရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ ကွန်ပနီထွက်ခွာသွားတဲ့ ဗဟိုခံစစ်နေရာကို အားဖြည့်ဖို့ ပြင်ဆင်နေတဲ့ မန်စီးတီးအသင်းဟာ ကူလီဘလီအတွက် ကနဦးကမ်းလှမ်းမှု စတင်တော့မှာဖြစ်ပြီးတော့ တန်ကြေး ပေါင် ၈၅ သန်းနဲ့ စတင်ကမ်းလှမ်းတော့မှာဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ…

reading now

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရေရာတဲ့ အဖြေတစ်ခုကို ပရိတ်သတ်တွေဆီကို ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်။ ထိပ်တန်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ခါးသီးလှတဲ့ပြိုင်ဘက် အာဆင်နယ်အသင်းက တိုက်စစ်မှူး ပီယာရီ-အမ်းမရစ် အူဘာမီယန်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ နဲ့ ခေါ်ယူဖို့ စတင်ကမ်းလှမ်းတော့မှာဖြစ်ပါတယ်။ talkSPORT သတင်းဌာနက ထိပ်တန်းသတင်းထောက် အန်ဒီ ဂိုးလ်ဒ်စတိန်းရဲ့ ပြောဆိုချက်အရ လူကာကူကို လက်လွှတ်ရဖို့ နီးစပ်လာနေတဲ့ မန်ယူအသင်းက ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ရာသီ…

reading now

အင်တာမီလန်အသင်းဟာ မန်ယူအသင်းက သတ်မှတ်ထားတဲ့ တိုက်စစ်မှူး လူကာကူရဲ့ တန်ကြေးကို ပေးချေဖို့ မတတ်နိုင်ဖြစ်နေတာကြောင့် သူတို့အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မော်ရို အီကာဒီကို အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ Daily Star က ဖော်ပြလိုက်ပါတယ်။ အီကာဒီဟာ အင်တာမီလန်အသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိထားသူဖြစ်ပြီး စီးရီးအေကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေသူဖြစ်ပေမယ့် မန်ယူအသင်းဘက်က အဆိုပါတိုက်စစ်မှူးအတွက် တန်ကြေး ပေါင် သန်း ၈၀ အထိ အလိုရှိနေတာမို့ အင်တာမီလန်အသင်းအနေနဲ့ အခက်တွေ့နေတာဖြစ်ပါတယ်။ ဒါကြောင့်…

reading now

ချယ်လ်ဆီးအသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ အန်တိုနီယို ရူဒီဂါဟာ လက်ရှိရရှိထားတဲ့ ဒူးဒါဏ်ရာကြောင့် လာမယ့်ရာသီသစ်ရဲ့ အဖွင့်ပွဲစဉ်တွေကို ဆက်လက် လွဲချော်ဦးမှာဖြစ်တယ်လို့ Telegraph သတင်းစာက ဖော်ပြလိုက်ပါတယ်။ ရူဒီဂါဟာ ပြင်းထန်တဲ့ ဒူးဒါဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီ နောက်ဆုံး တစ်လတာ ပွဲစဉ်တွေကို လွဲချော်ခဲ့သူဖြစ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း ပါဝင်ကစားခွင့်နဲ့ လွဲချော်ခဲ့သူဖြစ်ပါတယ်။ ရူဒီဂါဟာ အဆိုပါ ဒူးအရွတ်စုတ်ပြဲတဲ့ဒါဏ်ရာကို မန်ယူအသင်းနဲ့ ဧပြီလ ၂၈ ရက်နေ့မှာကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရူဒီဂါရဲ့ ဒါဏ်ရာကို အလျှင်အမြန်ပျောက်ကင်းအောင် ချယ်လ်ဆီးအသင်းရဲ့ ဆေးအဖွဲ့က…

reading now

၁။ မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရိုမီယူ လူကာကူက ရာသီကြိုပွဲစဉ်တွေမစတင်ခင်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရှိလိုနေတယ်လို့ မန်ယူအသင်းထံ အသိပေးလိုက်ပါတယ်။ အဆိုပါကစားသမားဟာ အင်တာမီလန်အသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိထားတယ်လို့ သတင်းကြီးနေသူဖြစ်ပါတယ်။ ၂။ ဘိုင်ယန်မြူးနစ် ဗဟိုခံစစ်ကစားသမား မတ် ဟမ်းမဲလ်ဟာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း နှစ်ဘက်အသင်းတွေက တရားဝင် ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဟမ်းမဲလ်ဟာ ဒေါ့မွန်အသင်းမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ၃။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား…

reading now

လက်စတာစီးတီးအသင်းက အင်္ဂလန် ကွင်းလယ်တိုက်စစ် ကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆင်ဟာ မန်ယူအသင်းက နည်းပြချုပ် အိုလီ ဂန်နာ ဆိုးလ်ရှားနဲ့ ဆွေးနွေးပြောဆိုခွင့်ရဖို့ တောင်းဆိုမှုပြုလုပ်ခဲ့တယ်လို့ Independent က ဖော်ပြလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ ထိပ်တန်းကြယ်ပွင့်လေးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်အများစုက စိတ်ဝင်စားနေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ မန်ယူအသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်ပါဝင်စားနေပြီး နည်းပြ ဆိုးလ်ရှားနဲ့ စကားပြောဆိုကြည့်ချင်နေတာဖြစ်ပါတယ်။ မက်ဒီဆင်ဟာ သူသာ မန်ယူအသင်းကို ရောက်ရှိလာရင် အသင်းမှာ ဘယ်လောက် အရေးပါတဲ့ အခန်းကဏ္ဍကနေ…

reading now

၁။ ပီအက်စ်ဂျီကွင်းလယ်လူ အေဒရီယန် ရာဘီယော့ဟာ ဂျူဗင်တပ်အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ၂၄ နှစ်သား ကစားသမားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စီးရီးအေချန်ပီယံအသင်းနဲ့ သဘောတူညီချက် ရရှိထားတာဖြစ်ပါတယ်။ ၂။ ဘာစီလိုနာအသင်းနဲ့ ဗလင်စီယာအသင်းတို့ဟာ သက်ဆိုင်ရာ အသင်းတွေဆီက ဂိုးသမားတွေဖြစ်ကြတဲ့ ဂျက်စပါ ဆီလက်ဆင်နဲ့ နီတိုတို့ကို အပြန်အလှန် လဲလှယ်ဖို့ သဘောတူညီချက် ရရှိသွားပြီဖြစ်ပါတယ်။ ၃။ ပီအက်စ်ဂျီအသင်းဟာ သူတို့အသင်းက တိုက်စစ်မှူး နေမာကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ရီးရဲလ်မက်ဒရစ်ထံကနေ ကွင်းလယ်လူ ကက်စမဲရိုးကို ပြန်လည်တောင်းဆိုဖို့…

reading now

၁။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဂရာနစ် ရှာခါဟာ ရန်ပုံငွေ ခြေစမ်းပွဲကစားပေးနေစဉ်မှာ ကွင်းထဲကို ပြေးဝင်လာတဲ့ ပရိတ်သတ်ရဲ့ နမ်းရှုပ်ခှီးမြှောက်မှုကို ခံခဲ့ရတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ကိုဆိုဗိုဒေသ လွတ်လပ်ရေး နှစ် ၂၀ ပြည့်အဖြစ် ကျင်းပပြုလုပ်တဲ့ အဆိုပါ ရန်ပုံငွေ ခြေစမ်းပွဲမှာ ကွင်းထဲကို ပြေးဝင်လာတဲ့ ပရိတ်သတ်က ရှာခါရဲ့ ဘောကန်ဖိနပ်ကို ငုံ့ပြီး နမ်းရှုပ် အရိုအသေပေးခဲ့တာဖြစ်ပါတယ်။ ရှာခါဟာ ဆွစ်ဇာလန်နိုင်ငံသားဖြစ်ပေမယ့် မိဘနှစ်ပါးလုံးဟာ ကိုဆိုဗိုနွယ်ဖွားတွေဖြစ်ကြပြီး ကိုဆိုဗိုလက်ရွေးစင်အသင်းမှာ ပြောင်းရွှေ့ကစားဖို့အထိ ကြိုးပမ်းခဲ့ဖူးသူဖြစ်တာမို့…

reading now

ပြီးခဲ့တဲ့ရာသီတုန်းက စီးရီးအေအမှတ်ပေးဇယားမှာ အဆင့် ၅ နေရာမှာရပ်တည်ခဲ့တဲ့ အေစီမီလန်အသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကနေနှုတ်ထွက်ဖို့ ကြိုးစားနေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ပြီး ယူရိုပါလိဂ် ဝင်ခွင့်သာ ရရှိထားတဲ့ အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတည်းကစတင်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကန နှုတ်ထွက်ခွင့်ရမယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ သတင်းတွေကဆိုပါတယ်။ လက်ရှိမှာ အေစီမီလန်အသင်းနဲ့ UEFA တို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေ စတင်နေပြီဖြစ်ပြီး ၇၂ နာရီအတွင်း UEFA ဘက်က အဖြေပေးသွားဖို့ ရှိတယ်လို့ SempreMilan.com…

reading now

error: Content is protected !!