နွေရာသီအပြောင်းအရွှေ့ကာလမှာ ခြေလှမ်းသွက်ခဲ့ပြီး ကစားသမား (၅)ဦးအထိ ခေါ်ယူထားပြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ အပြောင်းအရွှေ့ဈေးကွက်ထဲက အလှုပ်ခတ်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ အေဂျက်ဇ်နောက်ခံလူ ဒီလစ်ကို ရယူဖို့ ကြိုးစားပွဲမှာ ပါဝင်လာခဲ့ပြီလို့ RMC Sport ရဲ့ ဖော်ပြချက် သိရှိပြီး ထိပ်သီးအသင်း (၄)သင်းဟာ ဒတ်ခ်ျနောက်ခံလူအတွက် ပြိုင်ဆိုင်နေကြပြီ ဖြစ်ပါတယ်။ ကစားသမားရဲ့ ရည်ရွယ်ချက်ကို သိရှိရဖို့ ရီးရဲလ်မက်ဒရစ်ဘက်က သတင်းစုဆောင်းမှုတွေ ပြုလုပ်နေပြီး ဒီလစ်အတွက် တိုက်ပွဲဝင်တော့မှာ ဖြစ်ပါတယ်။ အလုပ်များခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့နေ့ရက်ကို ရီးရဲလ်က မရပ်တန့်သေးပဲ ဗဟိုခံစစ်မှူးအတွက် ကြိုးပမ်းမှုပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။ ဟာဇက်၊…

reading now

ချယ်ဆီးအသင်းဟာ နည်းပြဆာရီကို တစ်ရာသီသာ နည်းပြစေခဲ့ပြီးနောက် ယခုနွေရာသီမှာ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာခွင့်ပြုခဲ့ပြီး ယင်းဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ဂျော်ဂျင်ဟိုဟာ စတန်းဖို့ဒ်ဘရစ်ဂ်ျကနေ ထွက်ခွာလိုနေတယ်လို့ Mirror ရဲ့ဖော်ပြချက်အရ သိရပါတယ်။ အီတလီလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီက ဆာရီ ပြောင်းရွှေ့သွားတဲ့ ချယ်ဆီးအသင်းကို နာပိုလီအသင်းကနေ လိုက်လံပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုဆာရီ ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားချိန်မှာလည်း ဆက်လက်လိုက်ပါသွားဖို့ စိတ်ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ သူတို့ရဲ့ အရေးပါတဲ့ ကွင်းလယ်လူကို လက်လွှတ်ဆုံးရှုံးရမှာကို မလိုလားဘူးဖြစ်နေတယ်လို့ သိရပြီး ကစားသမားအနေနဲ့ စီးရီးအေကို…

reading now

စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဆန္ဒရှိနေကြောင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဂျူဗင်တပ်အနေနဲ့ ပေါ့ဘာကို အပြီးသတ်ခေါ်ယူနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းတော့မှာဖြစ်သလို ကာယကံရှင် ပြင်သစ်သားကိုယ်တိုင်ကလည်း သူ့ရဲ့ အောင်မြေဖြစ်တဲ့ စီးရီးအေကို ပြန်လည်ခြေချဖို့ စိတ်အားထက်သန်နေတာမို့ အဆိုပါအပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ချေရှိနေတဲ့ အပြောင်းအရွှေ့ တစ်ခုဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂျူဗင်တပ်အသင်းဟာ နောက်ထပ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ချယ်လ်ဆီးကစားသမား ဂျော်ဂျင်ဟိုကို မျက်စိကျနေပါတယ်။ လက်ရှိနည်းပြသစ် ဆာရီရဲ့ အချစ်တော်ကစားသမားဖြစ်တဲ့ ဂျော်ဂျင်ဟိုဟာ နည်းပြဆာရီ လန်ဒန်ကလပ်ကနေ ထွက်ခွာသွားတဲ့နောက်မှာ အသင်းပြောင်းရွှေ့ကစားလိုတဲ့ အရိပ်အယောင်တွေပြသနေသူဖြစ်သလို ဆာရီကိုယ်တိုင်ကလည်း…

reading now

အင်္ဂလန်နဲ့မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးဟာ တရားမဝင်လောင်စကစားမှုတွေ ကျူးလွန်ခဲ့တာကြောင့်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ပေါင် ၈၀၀၀ ပေးဆောင်ဖို့ ဒဏ်ရိုက်ခဲ့တယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။ စခိုးလ်အနေနဲ့ ၂၀၁၅ သြဂုတ်လ ၁၇ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့အတွင်း လောင်းကစားမှု အကြိမ်ရေပေါင်း ၁၄၀ အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလောင်းကစားတွေက အက်ဖ်အေရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာ ကျခဲ့တဲ့အတွက် ပေါလ်စခိုးလ်ကို ဒဏ်ရိုက်ခဲ့တာ ဖြစ်ပြီး အနာဂတ်မှာ…

reading now

[ZawGyi] ၁။ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာဟာ အသင်းဟောင်း ဘာစီလိုနာအသင်းကိုသာ ပြန်သွားချင်နေပြီး ပီအက်စ်ဂျီအသင်းအတွက် ကစားပေးလိုစိတ်မရှိတော့ဘူးလို့ သိရပါတယ်။ ၂။ မန်ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ပစ်မှတ်ကစားသမားတွေကို နည်းပါးတဲ့ကမ်းလှမ်းမှုတွေနဲ့သာ ချဉ်းကပ်နေတဲ့အတွက် နည်းပြဆိုးရှားရဲ့ ပြန်လည်တည်ဆောက်ရေး အစီအစဉ်တွေဟာ အထမမြောက်ဖြစ်နေတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ၃။ အဲဗာတန်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့နောက်ခံလူ ကတ်ဇူးမားကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပါပြီ။ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ရာသီမှာ မာဆေးဆိုဒ်အသင်းဆီ အငှားသွားရောက်ပြီး ခြေစွမ်းပြသခဲ့သူ ဖြစ်ပါတယ်။ ၄။ အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ပစ်မှတ်ကစားသမား ဆမ်ဒိုးရီးယားနောက်ခံလူ ဂျိုအာချင်အန်ဒါဆင်ကို လီယွန်အသင်းက…

reading now

၁။ ဂျူဗင်တပ်အသင်ဟာ ပေါ့ဘာကို ခေါ်ယူဖို့အတွက် သူတို့အသင်းက ဘရာဇီးလ် တောင်ပံကစားသမား ဒေါက်ဂလပ် ကော်စတာကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေးကမ်းလှမ်းသွားဖို့ရှိနေပါတယ်။ ကော်စတာဟာ မန်ယူအသင်းအလိုရှိနေတဲ့ ပစ်မှတ်ကစားသမား တစ်ဦးဖြစ်ပါတယ်။ ၂။ အင်တာမီလန်အသင်းနဲ့ အက်သလက်တီကိုအသင်းတို့ဟာ ဆောက်သမ်တန်အသင်းက အသက် ၂၉ နှစ်အရွယ် အင်္ဂလန် ဘယ်နောက်ခံလူ ရိုင်ယန် ဘာထရန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ၃။ ချယ်လ်ဆီးအသင်းက ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ဆရာဟောင်း ဆာရီနဲ့ ပြန်လည် လက်တွဲဖို့အတွက် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေပြီလို့…

reading now

[ZawGyi] ၁။ ဘွန်ဒက်လီဂါကလပ် ရက်ဘူးလ်လစ်ဇစ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး စမစ်ရိုလ်ကို ဒီနှစ်နွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားလာပြန်ပါတယ်။ အသက် (၁၈)နှစ်သားလေးကို လစ်ဇစ်နည်းပြနီဂယ်လ်မန်းစ်အနေနဲ့ ထပ်မံအငှားခေါ်ယူဖို့ မျက်စိကျနေတာပါ။ ၂။ နောက်ခံလူ ဟက်တာဘယ်လာရင်တယောက် ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေမှာ အသင်းနဲ့ ပူးပေါင်းနိုင်လိမ့်မယ်လို့ အာဆင်နယ်အသင်းက မျှော်လင့်နေဆဲဖြစ်ပါတယ်။ စပိန်သားဟာ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူနေရသူဖြစ်ကာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း လာမယ့်ရာသီအစပွဲစဉ်တွေကို လွဲချော်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့သူပါ။ ၃။ လိဂ်ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်းအသင်းဟာ အာဆင်နယ်နောက်ခံလူ ကားလ်ယန်ကင်ဆင်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ Sky…

reading now

နိုင်ငံတကာက အာဆင်နယ်အသင်းရဲ့ ပရိတ်သတ်တစ်ချို့ဟာ သတင်းတုတစ်ပုဒ်ကြောင့် အရှက်တကွဲဖြစ်နေကြရတယ်လို့ Football London က ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်းဟာ အာဆင်နယ်အသင်းက အေဂျက်ဇ်ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဟာကင်မ် ဇီယက်ခ်ျကို အရစ်ကျစနစ်နဲ့ ခေါ်ယူမယ်လို့ ဖော်ပြထားတဲ့သတင်းဖြစ်ပြီး အဆိုပါသတင်းမှာ တရားဝင် ရုံးစာပုံစံ စာရွက်တစ်ရွက်ရဲ့ ဓာတ်ပုံလည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါသတင်းဟာ ဘယ်ကဘယ်လို စတင်လာတယ်ဆိုတဲ့ သတင်းအရင်းအမြစ်ကို အတိအကျ မသိရပေမယ့် အသင်းရဲ့ အပြောင်းအရွှေ့လုပ်ရပ်တွေအပေါ် စိတ်ပျက်နေတဲ့ အာဆင်နယ်အသင်း ပရိတ်သတ်တွေရဲ့ အမျက်ဒေါဒကိုတော့ ဆွပေးနိုင်ခဲ့ပြီး အကြီးအကျယ် မျှဝေပြောဆိုခဲ့ကြပါတယ်။ အဆိုပါဓာတ်ပုံအတုထဲမှာ အာဆင်နယ်အသင်းက အေဂျက်စ်အသင်းထံ…

reading now

၁။ ဆမ်ဒိုးရီးယား ခံစစ်မှူး ဂျိုအာချင် အန်ဒါဆင်က သူ့အနေနဲ့ စီးရီးအေကနေ ထွက်ခွာတော့မယ်လို့ Goal နဲ့ အင်တာဗျူးမှာ အတည်ပြုပြောဆိုခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင်ကစားသမား အန်ဒါဆင်ဟာ လက်ရှိမှာ အာဆင်နယ်၊ စပါးစတဲ့အသင်းတွေ အပါအဝင် အသင်းတော်တော်များများနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ၂။ အဲဗာတန်အသင်းဟာ ဘာစီလိုနာအသင်းက ကွင်းလယ်လူ အန်ဒရေ ဂိုမက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ သဘောတူညီချက် ရရှိသွားခဲ့ပြီလို့ Sky Sports က…

reading now

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပီအက်စ်ဂျီိအသင်းကို လွန်ခဲ့တဲ့ ၂ နှစ်က ပြောင်းရွှေ့သွားခဲ့တဲ့နေမာကို ပြန်လည်ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုခဲ့ကြောင်း Sportsmole ရဲ့ဖော်ပြချက်အရ သိရပါတယ်။ နေမာဟာ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မကြာခဏ စပိန်ကို ပြန်လာလိုနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ယခုနွေရာသီမှာ နေမာအတွက် ကြီးမားတဲ့ကမ်းလှမ်းမှုမျိုး ရရှိလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဘာစီလိုနာအသင်းဟာ နေမာနဲ့ ပြန်လည်ဆုံစည်းဖို့အတွက် တရားဝင်ချဉ်းကပ်မှုတွေ ပြုလုပ်သွားဖွယ်ရှိနေပါတယ်။ El Mundo…

reading now

error: Content is protected !!