မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့အသင်းကနေ ထွက်ခွာဖို့ နီးစပ်လာနေတဲ့ စပိန်လက်ရွေးစင် ဂိုးသမား ဒေးဗစ် ဒီဂီယာအတွက် ပြောင်းရွှေ့ကြေး တန်ဖိုးကို သတ်မှတ်လိုက်ပြီဖြစ်ကြောင်း Goal သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဆိုပါ သတင်းဖော်ပြချက်အရ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ဒီဂီယာအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၇၅ သန်းလို့ မန်ယူအသင်းက သတ်မှတ်လိုက်တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီဂီယာကို ရောင်းချလိုခြင်းမရှိပေမယ့် ကစားသမားတောင်းဆိုတဲ့ တစ်ပတ် လုပ်ခ ပေါင် ၅ သိန်းကို ပေးချေဖို့ အခက်တွေ့နေသလို စပိန်သားရဲ့…

reading now

အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ပက်ထရစ် ဗီယာရာဟာ ချယ်လ်ဆီးနည်းပြသစ် ရာထူးအတွက် ရေပန်းစားသူတွေစာရင်းမှာ တစ်ဦးအပါအဝင်ဖြစ်လာပြီဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဥရောပအောင်မြင်မှုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ဆာရီကို ဂျူဗင်တပ်အသင်းထံ လက်လွှတ်ရဖို့ သေချာနေပြီဖြစ်ပြီး နည်းပြသစ်ရှာဖွေနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိမှာ ဒါဘီကောင်တီနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ချယ်လ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း လမ်းပတ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် လမ်းပတ်ကိုယ်တိုင်က ချယ်လ်ဆီးကို လက်ရှိအချိန်မှာ ကိုင်တွယ်ဖို့ ဆန္ဒမရှိသေးကြောင်း ပြောဆိုထားတာကြောင့်…

reading now

၁။ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပြီး သိပ်မကြာခင်မှာပဲ မန်ချက်စတာ စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဖုန်းဆက် ဂုဏ်ပြုစကားဆိုခဲ့တယ်လို့ ကြိုးကြာနီတို့ရဲ့ နည်ပြကြီး ဂျာဂင်ကလော့ပ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “စက္ကန့်ပိုင်းလောက်အကြာမှာပဲ ပပ် ဂွာဒီယိုလာနဲ့ ကျွန်တော် ဖုန်းပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်သင်းအကြား လာမယ့်နှစ်မှာ ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ကြဦးမယ်လို့ ပြောခဲ့ကြပါတယ်။ ကျွန်တော်တို့ ရနိုင်သမျှ အရာအားလုံးကို ရယူနိုင်ဖို့ ကြိုးပမ်းကြမှာပါ” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။ ၂။ အဲဗာတန်အသင်းဟာ အသင်းက တောင်ပံကစားသမား သီယို ဝေါလ်ကော့ကို…

reading now

၁။ ဗလင်စီယာအသင်းဟာ ဘာစီလိုနာအသင်းက ဂိုးသမား ဂျက်စ်ပါ ဆီလက်ဆင်ကို ခေါ်ယူနိုင်ဖို့ အခွင့်အေ၇းကောင်းပိုင်ဆိုင်ထားပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အဆိုပါကစားသမားကို ယူရို သန်း ၃၀ နဲ့ ရောင်းချဖို့ ရှိနေပါတယ်။ ၂။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိ အက်စ်ပန်ညိုမှာကစားနေတဲ့ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ မာရီယို ဟာမိုဆိုကို မြို့ခံပြိုင်ဘက် အက်သလက်တီကို ထံ မရောက်ဖို့ ကြားဝင် စွက်ဖက်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ ၂၃ နှစ်သားကို အက်သလက်တီကို မက်ဒရစ်အသင်းက…

reading now

ဂျူဗင်တပ် ဂန္တဝင် ကစားသမားကြီး အန်ဒရေ ပီယာလိုက လက်ရှိ ဂျူဗီတိုက်စစ်မှူး စီ ရော်နယ်ဒိုတစ်ယောက် အနာဂတ်မှာ ဘယ်လိုအသင်းမျိုးကို ပြောင်းရွှေ့မလဲဆိုတာကို သုံးသပ်ပြောဆိုလိုက်ပါတယ်။ ပီယာလိုက အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် စီ ရော်နယ်ဒိုအနေနဲ့ အနာဂတ်အတွက် ရွေးချယ်စရာတွေ များပြားနေဆဲဖြစ်ပြီး သူစဉ်းစားရမှာက ဘယ်အချိန်မှာ တူရင်မြေကို စွန့်ခွာမလဲဆိုတာသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပီယာလိုက စီ ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်ကနေ ထွက်ခွာမယ်ဆိုရင် မေဂျာလိဂ်နဲ့ အာရှလိုနေရာမျိုးတွေမှာ သွားရောက်ကစားနိုင်ပေမယ့် သူ့ရဲ့ အရည်အသွေးကြောင့် ဥရောပမြေက ထိပ်တန်းကလပ်တွေမှာ ဆက်ပြီး…

reading now

၁။ အာဆင်နယ် ဂိုးသမား ဘန်းဒ် လီနိုဟာ ဒါဏ်ရာပြဿနာကြောင့် ဂျာမနီအသင်းရဲ့ လူစာရင်းကနေ နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ ၂။ အာဆင်နယ်အသင်းဟာ ဘေဆယ်အသင်းက အသက် ၂၆ နှစ်အရွယ် စွယ်စုံရ နောက်ခံလူ အီဒါ ဘလန်တာကို ခေါ်ယူဖို့ အခွင့်အရေး ရရှိထားတယ်လို့ သိရပါတယ်။ ဗဟိုနောက်ခံလူနဲ့ ဘယ်နောက်ခံလူ ၂ နေရာလုံးမှာ အံဝင်အောင် ကစားနိုင်တဲ့ အဆိုပါ ကိုလံဘီယာသားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄ သန်းနဲ့ စတင်ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ၃။ အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းက…

reading now

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်းက အသင်းသားတွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်ဟာ အာဆင်နယ်အသင်းအတွက် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင်ရရှိဖို့ သေရေးရှင်ရေးတမျှ အရေးပါတဲ့ ပွဲစဉ်ဖြစ်ပြီး မဖြစ်မနေ အနိုင်ရရှိအောင် ကြိုးစားကစားဖို့ လိုအပ်ခဲ့ပေမယ့် အာဆင်နယ်အသင်းက အသင်းသားတချို့ရဲ့ စွမ်းဆောင်ရည်ဟာ စိတ်ပျက်စရာဖြစ်နေခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အာဆင်ဝင်းဂါးက "ပထမပိုင်းတုန်းက ကျွန်တော်တို့အသင်းရဲ့ ကစားပုံက အဆင်ပြေပြေရှိနေတယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ်။ ချယ်လ်ဆီးက ပထမဂိုး စသွင်းလိုက်ချိန်မှာတော့ အသင်းက…

reading now

၁။ မန်ချက်စတာစီးတီးအသင်းဟာ သူတို့ရဲ့ ကွင်းလယ်လူ အီလ်ကေး ဂွန်ဒိုဂန်ကို ရောင်းထုတ်ဖို့ အစီအစဉ်မရှိပဲ စာချုပ်သက်တမ်းကုန်ဆုံးချန် ၂၀၂၀ ခုနှစ်အထိ အသင်းမှာ ဆက်လက်ထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဂွန်ဒိုဂန်ဟာ လာမယ့်ရာသီကုန်ကျမှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာရမှာဖြစ်ပါတယ်။ ၂။ မိုနာကိုအသင်းဟာ သူတို့အသင်းက အသက် ၂၀ အရွယ် လူငယ်နောက်ခံလူ ရိုနယ် ပီယာရီ-ဂါဘရီယယ်ကို ဘွန်ဒက်စ်လီဂါကလပ် မိန့်ဇ်အသင်းထံ ရောင်းချိဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အဆိုပါ လူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း မိန့်ဇ်အသင်းဘက်က အတည်ပြုထားပြီး မကြာခင်…

reading now

အကျပိုင်း အရွယ်ရောက်နေပြီဖြစ်တဲ့ အက်ရှ်လေ ယန်းရဲ့ ညာတောင်ပံ ခံစစ်ကို အားဖြည့်ချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းက ညာနောက်ခံလူ သောမတ်စ် မူနီယာကို ခေါ်ယူနိုင်ဖို့အတွက် အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီဖြစ်တယ်လို့ Sport Witness က ဖော်ပြလိုက်ပါတယ်။ မန်ယူအသင်းရဲ့ ပရိတ်သတ်တစ်ယောက်လို့ ဝန်ခံထားတဲ့ မူနီယာကို အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဆရာဟောင်းဖြစ်တဲ့ လက်ရှိ အာဆင်နယ်အသင်းနည်းပြ အူနိုင်း အမ်မရီကလည်း ကိုယ်တိုင် စည်းရုံးမှုပြုလုပ်နေပေမယ့် ကစားသမားကတော့ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ အဆိုပါသတင်းက…

reading now

ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ချယ်ဆီးကြယ်ပွင့် အီဒင်ဟာဇက်ဟာ ဘာနေဗျူးကလပ်ကို ပြောင်းရွှေ့ချိန်မှာ ဂန္တဝင်တိုက်စစ်မှူးဟောင်း စီ ရော်နယ်ဒိုရဲ့ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားခွင့်ရမှာဖြစ်တယ်လို့ The Sun ရဲ့သတင်းအရ သိရပါတယ်။ ဘယ်လ်ဂျီယံကြယ်ပွင့် ဟာဇက်ဟာ ရီးရဲလ်ကို ဒုတိယအကြိမ် နည်းပြအဖြစ် ပြန်လည်တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဇီဒန်းရဲ့ ပထမဆုံးသော အဓိကကစားသမားခေါ်ယူမှုဖြစ်လာမှာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းအနေနဲ့ သူတို့ အသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင် ခရစ်စတီယာနိုရော်နယ်ဒို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ကိုသာ ဝတ်ဆင်ကစားစေမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် မက်ဒရစ်အသင်းဟာ စီ ရော်နယ်ဒိုရဲ့…

reading now

error: Content is protected !!