နာနီဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလား (၄)လုံး ရယူဖူးတဲ့ တောင်ပံကစာသမားဟောင်း လူးဝစ် နာနီက လက်ရှိမန်ယူအသင်းကို ကြည့်ပြီး နာကျင်နေရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Express သတင်းစာက ဖော်ပြခဲ့ပါတယ်။ "ကျွန်တော် အခုချိန်ထိ ယူနိုက်တက်ပွဲတွေကို ကြည့်နေဆဲပါ၊ ဒါက ကျွန်တော့်ကို ၀မ်းနည်းနာကျင်စေပါတယ်၊ လာမယ့်ရာသီမှာ သူတို့တွေက အခုထက်ပိုကောင်းအောင် ပြုလုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ Omnisport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ နာနီက ပြောခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ရာသီမှာ အဆင့် (၆)နေရာသာ ရရှိခဲ့ပြီး…

reading now

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း လူးဝစ် ဗန်ဟားလ်က မန်ယူအသင်းရဲ့ နည်းပြ အက်ဒ် ဝုဒ်ဝါ့ဒ်ဟာ ဘောလုံးအကြောင်းကို နကန်းတစ်လုံးမှ နားမလည်တဲ့သူဖြစ်တယ်လို့ ဝေဖန်ပြောဆိုလိုက်ကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ "သူ့ (ဝုဒ်ဝါ့ဒ်) ရဲ့ ဘောလုံးအပေါ် နားလည်မှုက သုညပါ။ ဘိုင်ယန်မှာဆို ဦးဆောင်သူတွေက ဘောလုံးလောကသားတွေပါ။ ဒီလို လုပ်ဆောင်တာမျိုးကို ကျွန်တော် အမြဲ အသိအမှတ်ပြုပါတယ်။ မန်ယူမှာတော့ တစ်စိမ်းတစ်ယောက်ရဲ့ လက်ထဲမှာပါ။" လို့ ဗန်ဂါးလ်က ဂျာမန်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ 11 Freunde နဲ့…

reading now

အာဆင်နယ်ကြယ်ပွင့်ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ပြီးခဲ့တဲ့အပတ်က ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာ နည်းပြ အမ်မရီကို စော်ကားတဲ့စကားလုံးတွေကို ပြောကြားတာကြောင့် အသင်းကနေ ထွက်ခွာရဖို့ ပိုမိုသေချာခဲ့ပြီဖြစ်တယ်လို့ တူရကီ မီဒီယာ Fanatik ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး The Sun က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဘာကူမှာ ချယ်ဆီးအသင်းရဲ့ ၄ ဂိုး ၁ ဂိုးနဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပြီး ယခုရာသီကို ဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရသလို လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်မရဘဲ ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ ၃ နှစ်ဆက်…

reading now

၁။ ချယ်လ်ဆီးအသင်းက လူငယ်တိုက်စစ်မှူး တင်မီ အေဗရာဟမ်ဟာ အသင်းကနေ ထွက်ခွာရဖို့ သေချာနေပြီဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ရရှိရင် အေဗရာဟမ်ကို ရောင်းထုတ်တော့မှာဖြစ်ပြီး အက်စတွန်ဗီလာအသင်းက ခေါ်ယူဖို့ ညှိနှို်းနေပြီဖြစ်ပါတယ်။ ၂။ ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ မာရီယို ဂေါ့ဇီတစ်ယောက်အသင်းကနေထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ဒေါ့မွန်အသင်းရဲ့ အမှုဆောင်အရာရှိ ဟန်းစ်-ဂျိုအာချင် ဝတ်ဇ်ကီက ပြောဆိုလိုက်ပါတယ်။ ဂေါ့ဇီဟာ အသင်းက ထွက်ခွာခွင့်အတွက် တောင်းဆိုထားတာမျိုးမရှိသလို အသင်းကလည်း သူ့ကို ရောင်းချဖို့…

reading now

၁။ ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်းက ကွင်းလယ်လူ ဖီလစ်ပီ ကော်တင်ဟိုကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စတင်ကြိုးပမ်းနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့် သဘောတူညီချက်ပါ ထည့်သွင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၂။ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းက အသက် ၂၂ နှစ်အရွယ် လူငယ်နောက်ခံလူ ဆာဂျီယို ရီဂူလွန်ကို ရောင်းချသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ရီဂူလွန်ဟာ နည်းပြဟောင်း ဆိုလာရီလက်ထက်တုန်းက ပွဲထွက်ခွင့်အခွင့်အရေး ရရှိခဲ့ပေမယ့် တကျော့ပြန် နည်းပြ ဇီဒန်းကတော့ သူ့ကို နှစ်သက်သဘောကျခြင်းမရှိဘူးလို့…

reading now

၁။ အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဉ်တုန်းက အိုဇေးလ်ရဲ့ အပြုအမူကို အကြီးအကျယ် စိတ်ဆိုးဒေါသထွက်နေကြတယို့ Daily Star သတင်းစာက ဖော်ပြခဲ့ပါတယ်။ အိုဇေးလ်ဟာ အသင်းရှုံးနိမ့်နေချိန် နည်းဗျူဟာ အပြောင်းအလဲအတွက် လူစားလဲခံချန်မှာ ကွင်းထဲက အလျှင်အမြန် ထွက်ခွာခဲ့ခြင်းမရှိပဲ စိတ်ပျက်လက်ပျက် အမူအရာနဲ့ ဖြေးဖြေးခြင်းလမ်းလျှောက်ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်ရဲ့ အဆိုပါအပြုအမူကို ပရိတ်သတ်တွေနဲ့ ဂန္တဝင်တွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ၂။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အရည်အသွေးမြင့် ကြယ်ပွင့် ကစားသမား ဇေဗီယာ အမေချီကို လက်လွှတ်ရဖို့ နီးစပ်လာနေပြီဖြစ်တယ်လို့…

reading now

အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပစ်မှတ်ကစားသမား အေဒရီယန် ရာဘီယော့ဟာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းကို ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ Goal သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့် ကွင်းလယ်လူ အေဒရီယန် ရာဘီယော့ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁ လသာလိုတော့တဲ့ ကစားသမားဖြစ်ပြီး အလွတ်ပြောင်းရွှေ့ခွင့် နဲ့ ပြောင်းရွှေ့ခွင့် ရှိနေပေမယ့် လက်ရှိအချိန်အထိ အသင်းသစ် ရှာဖွေနိုင်သေးခြင်းမရှိသေးသူဖြစ်ပါတယ်။ ရာဘီယော့ဟာ ပြီးခဲ့တဲ့ရာသီဝက်ကတည်းက ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်အစရှိတဲ့ ထိပ်တန်းအသင်းကြီးတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆင်ပြေမှုမရှိခဲ့သလို လက်ရှိမှာ အာဆင်နယ်၊ မန်ယူတို့နဲ့…

reading now

ဘာစီလိုနာအသင်းဟာ လာလီဂါပြိုင်ဘက် ဗလင်စီယာအသင်းက စပိန်လက်ရွေးစင် တိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ Goal သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီဟာ ရိုဒရီဂိုရဲ့ ခြေစွမ်းကို အထူး သဘောကျနှစ်သက်သူဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကတည်းက ခေါ်ယူဖို့ စိတ်ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ကာတလန်ကလပ်တာဝန်ရှိသူတွေဟာ နည်းပြစိတ်ကြိုက်ကစားသမားဖြစ်တဲ့ အဆိုပါ စပိန်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ဗလင်စီယာအသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုပြုလုပ်နေပြီး အရေးပါတဲ့ အဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဗလင်စီယာအသင်းဟာ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုဒရီဂိုရဲ့ စာချုပ်ဖျက်သိမ်းခကို ယူရို…

reading now

၁။ လက်စတာစီးတီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပစ်မှတ်ထားခြင်းခံနေရတဲ့ ၎င်းတို့ရဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းရာရဲ့ တန်ကြေးကို ပေါင် သန်း ၉၀ သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ခံစစ်အားဖြည့်ဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ဟာ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ယခုသတ်မှတ်လိုက်တဲ့ ဈေးကြောင့် ၂ သင်းလုံး နောက်ဆုတ်သွားကြဖွယ် ရှိနေပါတယ်။ လက်စတာ သတ်မှတ်လိုက်တဲ့ ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့မယ်ဆိုရင် မက်ဂွိုင်းယားဟာ ဘောလုံးသမိုင်းတစ်လျှောက် ဈေးအကြီးဆုံး နောက်ခံလူဖြစ်လာမှာဖြစ်ပါတယ်။ ၂။ ဂျူဗင်တပ်အသင်းဟာ ရက်ဒ်ဘူးလ် ဆာလ်ဘာ့ဂ်အသင်းက ကွင်းလယ်တိုက်စစ်ကစားသမား…

reading now

အာဆင်နယ်အသင်းကနေ ထွက်ခွာလာခဲ့တဲ့ အတွက် သူ့ရဲ့ ကစားသမားဘဝဟာ တိုးတက်မှု ရှိလာခဲ့တယ်လို့ ယုံကြည်ကြောင်း ချယ်လ်ဆီးတိုက်စစ်မှူး အိုလီဗီယာ ဂျရူးက ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ဂျရူးက ခုလို ပြောဆိုခဲ့တာဖြစ်ပြီး ချယ်လ်ဆီးမှာ ကစားရတာဟာ ဆုဖလားရဖို့ အခွင့်အလမ်းပိုများတယ်လို့ သူကဆိုခဲ့ပါတယ်။ “အာဆင်နယ်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့နိုင်ခဲ့တာကြောင့် တိုးတက်မှုတွေ ရှိလာပါတယ်။ ဒီမှာက ဆုဖလားရနိုင်ချေ အခွင့်အလမ်းပိုများပါတယ်။ ကမ္ဘာ့ဖလား ရပြီး တစ်နှစ်အကြာမှာ ယူရိုပါလိဂ်ဖလားကို ဆက်ပြီး ဆွတ်ခူးနိုင်ခဲ့တာက ကျွန်တော့်အတွက် ကြီးကျယ်တဲ့ အောင်မြင်မှုပါ”…

reading now

error: Content is protected !!