မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်ကြေး ပေါင် သန်း ၆၀ သတ်မှတ်ခြင်းခံထားရတဲ့ လက်စတာ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေတယ်လို့ Daily Mail သတင်းစာက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကမှ နော်ဝစ်ခ်ျအသင်းကနေ လက်စတာစီးတီးအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မက်ဒီဆင်ဟာ ပရီးမီးယားလိဂ်မှာ အထူးခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး မန်ယူအသင်းအပြင် အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီးနဲ့ စပါးအသင်းတွေကလည်း ချဉ်းကပ်နေပါတယ်။ လက်စတာစီးတီးအသင်းအတွက် ၃၆ ပွဲပါဝင်ကစားပေးထားပြီး ၇ ဂိုးသွင်းကာ ၇…

reading now

အင်တာမီလန်အသင်းဟာ စတီဗင် ဂျာရတ်လက်သစ်လို့ နှိုင်းယှဉ်ချီးကျူးခြင်းခံထားရတဲ့ ကာဂလီယာရီအသင်းက စီးရီးအေကြယ်ပွင့် နီကိုလို ဘာရယ်လာကို ခေါ်ယူဖို့အတွက် သဘောတူညီချက် ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ Corriere dello Sport က အတည်ပြု ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ ဆန်စီရို အခြေစိုက်အသင်းဟာ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ အီတလီလက်ရွေးစင်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းဟာ ကာဂလီယာရီအသင်းကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း (ပေါင် ၃၁ သန်း) နဲ့ ကမ်းလှမ်းထားပြီး…

reading now

အာဆင်နယ်အသင်းဟာ အသင်းက ကွင်းလယ်တိုက်စစ်ကစားသမား မီဆွတ် အိုဇေးလ်တစ်ယောက် အသင်းကနေ ထွက်ခွာသွားစေမယ့် နည်းလမ်းကို ရှာဖွေနေပြီး ဝယ်လက်မရှိရင် အငှားချထားဖို့အထိ စဉ်းစားနေတယ်လို့ Football London က ဖော်ပြခဲ့ပါတယ်။ အိုဇေးလ်ဟာ ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာ နည်းပြ အမ်မရီကို စော်ကားတဲ့စကားလုံးတွေကို ပြောကြားခဲ့တဲ့အပြင် အသင်းရှုံးနိမ့်နေချိန် လူစားလဲလှယ်ရာမှာ စိတ်ပျက်လက်လက် အမူအရာနဲ့ ဖြေးဖြေးချင်း ကွင်းထဲက ထွက်ခွာလာခဲ့တာကြောင့် ဘုတ်အဖွဲ့ရဲ့ စိတ်ဆိုး ဒေါသထွက်မှုကိုလည်း ခံနေရသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဘက်က အိုဇေးလ်ကို လုံးဝ အရောင်းစာရင်းတင်ထားတာမျိုးမဟုတ်ပေမယ့်…

reading now

အင်တာမီလန်အသင်းရဲ့ နည်းပြသစ် အန်တိုနီယို ကွန်တီဟာ အာဆင်နယ်တိုက်စစ်မှူး ပီယာရီ-အမ်းမရစ် အူဘာမီယန်းကို ခေါ်ယူဖို့ မျက်စိကျလာနေတယ်လို့ The Express သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ရဲ့ ပူးတွဲဂိုးသွင်းရှင်တစ်ဦးဖြစ်တဲ့ အူဘာမီယန်းကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေ အများအပြားရှိနေပြီး ဥရောပ ထိပ်သီး ရီးရဲလနဲ့ တရုတ် စူပါလိဂ်ကလပ်အသင်းတွေဖြစ်ကြတဲ့ ကွမ်ကျိုး အဲဗားဂရန်ဒီနဲ့ ရှန်ဟိုင်း SIPG တို့လည်းပါဝင်နေပါတယ်။ လက်ရှိမှာတော့ အင်တာမီလန်အသင်းပါ ထပ်ပြီး တိုးလာတာဖြစ်ပါတယ်။ အန်တိုနီယို ကွန်တီဟာ လက်ရှိ အင်တာမီလန်အသင်းက အာဂျင်တီးနား…

reading now

၁။ ဂျိုအာချင် အန်ဒါဆင်နဲ့ ဒန်းနစ် ပရတ်အတွက် အာဆင်နယ်အသင်းရဲ့ ယူရို ၄၂ သန်း (ပေါင် ၃၇ သန်း) တန် ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီးတဲ့နောက်မှာ ဆမ်ဒိုးရီးယားအလိုရှိနေတဲ့ ယူရို သန်း ၅၀ (ပေါင် ၄၄ သန်း) ကို ပေးချေဖို့ အာဆင်နယ်အသင်းက သဘောတူညီလိုက်ပြီဖြစ်တယ်လို့ အီတလီမီဒီယာတွေနဲ့ The Mirror သတင်းစာတို့က ဖော်ပြခဲ့ပါတယ်။ ၂။ ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ယူရိုပါလိဂ်ဖလား ချန်ပီယံ ချယ်လ်ဆီးအသင်းတို့ရဲ့ ဥရောပ စူပါဖလားလုပွဲကို လာမယ့်…

reading now

၁။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်က ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့ သတင်းတွေ ကြီးနေတဲ့ မိုဟာမက် ဆာလာကို ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလာနေပတယ်။ ဆာလာဟာ နည်းပြ ဖြစ်သူ ဂျာဂင်ကလော့ပ်နဲ့အဆင်မပြေမှုတွေ ရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလကတည်းက အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ၂။ ဗလင်စီယာအသင်းဟာ ဆဲလ်တာဗီဂိုအသင်းက ဥရုဂွေး တိုက်စစ်မှူး မက်ဆီ ဂိုမက်ဇ်ကို ခေါ်ယူဖို့ အထူးစိတ်ဝင်စားနေပါတယ်။ ဗလင်စီယာအသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုဒရီဂိုကို ဘာစီလိုနာအသင်းထံ လက်လွှတ်ရဖို့…

reading now

အာဆင်နယ်အသင်းက တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့အတွက် တရုတ်စူပါလိဂ်ကလပ်တွေဆီကနေ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းတန် ကမ်းလှမ်းချက်တွေ ရရှိထားတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။ ကွမ်ကျိုး အဲဗားဂရန်ဒီနဲ့ ရှန်ဟိုင်း SIPG တို့ဟာအသက် ၃၀ အရွယ် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ကို တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ပေးချေမယ်ဆိုတဲ့ မက်လုံးနဲ့ ဆွဲဆောင်နေတာဖြစ်ပါတယ်။ ကွမ်ကျိုး အဲဗားဂရန်ဒီအသင်းဟာ ၂၀၁၈ ဇန်နဝါရီလတုန်းက အူဘာမီယန်းကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် ၆၂ သန်းနဲ့ ကမ်းလှမ်းခဲ့ဖူးပြီး…

reading now

လီဗာပူးလ်အသင်းက အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပြီးနောက်မှာ အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုခဲ့တယ်လို့ ယုံကြည်ရကြောင်း TalkSPORT သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ဖော်ပြခဲ့တဲ့ အဆိုပါသတင်းမှာ ဆာလာဟာ အန်ဖီးလ်ကနေ ထွက်ခွာဖို့အတွက် နည်းပြ ကလော့ပ်ထံမှာ တောင်းဆိုခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။ ဆာလာဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလကတည်းက စဉ်းစားနေခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေကိုလည်း "အနာဂတ်နဲ့…

reading now

၁။ ဝက်စ်ဟမ်းအသင်းဟာ ဘာစီလိုနာအသင်းက ကွင်းလယ်လူ အန်ဒရေ ဂိုမက်စ်ကို ခေါ်ယူဖို့အတွက် ပေါင် သန်း ၂၀ နဲ့ ထပ်မံ ကမ်းလှမ်းလိုက်ပါတယ်။ ပထမတစ်ကြိမ် ပေါင် ၁၈ သန်းနဲ့ ကမ်းလှမ်းတုန်းက ဘာစီလိုနာအသင်းဘက်က ပယ်ချထားပြီး ပေါင် ၂၅ သန်း အလိုရှိကြောင်း အသိပေးထားပါတယ်။ ၂။ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့အသည်းအသန် ချိတ်ဆက်မှုကို ခံနေရတဲ့ သောမတ် မူနီယာက သူ့အနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ဆက်ရှိနေဖို့သာ ဆန္ဒရှိတယ်လို့ အသင်းထံ အသိပေးလိုက်တာမို့ ပရီးမီးယားလိဂ် ကလပ်…

reading now

အာဆင်နယ်အသင်းဟာ ဆမ်ဒိုးရီးယားအသင်းက ကြယ်ပွင့် ကစားသမား ၂ ဦးဖြစ်တဲ့ ဂျိုအာချင် အန်ဒါဆင်နဲ့ ဒန်းနစ် ပရတ်တို့ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၂ သန်းနဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ခံစစ်နဲ့ ကွင်းလယ်ပိုင်းမှာ အင်အားဖြည့်တင်းဖို့ ဆန္ဒရှိနေတဲ့ အာဆင်နယ်အသင်းဟာ အန်ဒါဆင်နဲ့ ပရတ်တို့ကို ပြီးခဲ့တဲ့ ရာသီကတည်းက ကင်းထောက်တွေ စေလွှတ်ပြီး အနီးကပ်စောင့်ကြည့်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စတင် ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ Tuttosport က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အသက် ၂၃…

reading now

error: Content is protected !!