ဆွစ်ဇာလန်အသင်းဘက်ကို ဟက်ထရစ်သွင်းယူပြီး နေးရှင်းလိဂ်ဗိုလ်လုပွဲဆီ ပေါ်တူဂီကို ပို့ဆောင်ပေးခဲ့တဲ့ တိုက်စစ်မှူးရော်နယ်ဒိုကို စကားလုံး အမျိုးမျိုးနဲ့ ချီးမွမ်းခဲ့ပြီးပြီမို့ ချီးကျူးစရာ စကားလုံးတောင် ရှားပါးနေပြီလို့ ပေါ်တူဂီနည်းပြ ဆန်းတို့စ်က ပွဲအပြီးမှာ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ စီ ရော်နယ်ဒိုဟာ သူ့ရဲ့ ပေါ်တူဂီအသင်းအတွက် တစ်ကျော့ပြန် ကစားပေးတဲ့ ပွဲစဉ်မှာ လှပပြောင်မြောက်တဲ့ ဖရီးကစ်သွင်းဂိုးအပါအ၀င် ပေါ်တူဂီအတွက် အနိုင်ဂိုး (၃)ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆန်းတို့စ်က ဘောလုံးလောကရဲ့ ပါရမီရှင်လို့ ရိုးရိုးရှင်းရှင်းနဲ့ ထိထိမိမိ ချီးကျူးသွားခဲ့ပါတယ်။ အသက် (၃၄) နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးရဲ့…

reading now

ရေဗားပလိတ်အသင်းက ကွင်းလယ်တိုက်စစ်ကြယ်ပွင့် အစ်ဇီကီယယ် ပလာစီယိုစ်က အာဆင်နယ်အသင်းက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အပေါ်မှာ ဂုဏ်ယူမိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါကစားသမားကို ခေါ်ယူနိုင်လိမ့်မယ်လို့ သတင်းပြေးနေတဲ့အသင်းဖြစ်ပြီး အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး အာဂျင်တီးနားမီဒီယာတွေရဲ့ ကမ်းလှမ်းချက်ကို ပလာစီယိုစ်က ဖြေကြားရာမှာတော့ "ကျွန်တော့်ကို ရီးရဲလ်၊ အာဆင်နယ်တို့လို အသင်းတွေမျိုးတွေ စိတ်ဝင်စားကြတဲ့အတွက် ဂုဏ်ယူမိပါတယ်။" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ရီးရဲလ်မက်ဒရစ်ပစ်မှတ်ဟောင်း ပလာစီယိုစ်ဟာ တောင်အမေရိကရဲ့ အတောက်ပဆုံးကြယ်ပွင့်ဖြစ်လာမယ့်ကစားသမားလို့ ခန့်မှန်းသုံးသပ်ခြင်းခံထားရသူဖြစ်ပါတယ်။ ပလာစီယိုစ်ဟာ ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို…

reading now

၁။ အာဆင်နယ် လူငယ်အသင်းရဲ့ နည်းပြ ဖရက်ဒီ ယွန်းဘာ့ဂ်ဟာ စီနီယာ အသင်းကြီးရဲ့ လက်ထောက်နည်းပြဖြစ်လာတော့မှာဖြစ်ပါတယ်။ ယွန်းဘာ့ဂ်နဲ့အတူ လူငယ်အသင်းက ခြေစွမ်းထက်ကစားသမားတစ်ချို့လည်း အသင်းကြီးထံ ပါလာဖို့ ရှိနေတယ်လို့ သိရပါတယ်။ ၂။ အာဆင်နယ်အသင်းဟာ ဘာစီလိုနာ ခံစစ်မှူး အမ်တီတီကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်း နည်းပါးလာတာကြောင့် ရက်ဘူးလ် လိုက်ပ်ဇစ်အသင်းရဲ့ လူငယ်နောက်ခံလူ ဒါယုတ် အူပါမီကာနိုကို ခေါ်ယူဖို့ ကင်းထောက်တွေ စေလွှတ်ပြီး ဆက်လက်စောင့်ကြည့်နေပါတယ်။ အာဆင်နယ်အသင်းရဲ့ ကင်းထောက်တွေဟာ လာမယ့် တနင်္လာနေ့မှာ ကစားမယ့် ပြင်သစ် ယူ-၂၁…

reading now

၁။ ဒါဘီကောင်တီအသင်းဟာ သူတို့ရဲ့ နည်းပြ ဖရန့်ခ် လမ်းပတ်ကို ချယ်လ်ဆီးအသင်းထံ လက်လွှတ်ရဖွယ် ရှိနေတာကြောင့် လမ်းပတ်ထွက်ခွာသွားရင် ချာလ်တန်အသင်းကို ချန်ပီယံရှစ်ကို တန်းတက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လီ ဘောင်ယာနဲ့ အစားထိုးဖို့ ပစ်မှတ်ထားကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒါဘီကောင်တီအသင်းရဲ့ လှုပ်ရှားမှုတွေအရ လမ်းပတ်ဟာ ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာဖို့ ပိုမိုနီးစပ်လာခဲ့ပြီဖြစ်တယ်လို့ Mail က ဆက်လက်ဖော်ပြခဲ့ပါတယ်။ ၂။ ဆောက်သမ်တန်အသင်းဟာ မာနေးလက်သစ်လို့ တင်စားခံနေရတဲ့ စတန်းဒတ် လိဂ်အသင်းက တောင်ပံကစားသမား မူဆာ ဒီဂျီနီပိုကို…

reading now

တောင်ပံတိုက်စစ်ကစားသမား အီဒင် ဟာဇက် အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့အကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေဟာ အပြီးသတ်နိုင်ခဲ့ပြီဖြစ်ပြီး ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ကို ကြေညာတော့မှာဖြစ်တယ်လို့ Guardian သတင်းစာက ဖြော်ပလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အီဒင်ဟာဇက်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၁၃ သန်းအထိ အလိုရှိခဲ့တာဖြစ်ပေမယ့် နောက်ဆုံးမှာတော့ မက်ဒရစ်အသင်း ပေးချေတဲ့ ပေါင် ၈၈.၅ သန်း (ယူရို သန်း ၁၀၀) ကိုသာ လက်ခံ သဘောတူလိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဒရစ်အသင်းဟာ ပွဲထွက်ခွင့်နဲ့ အောင်မြင်မှုပေါ်မူတည်ပြီး အပိုဆုကြေးထပ်မံပေးချေမယ်လို့ ကတိထားခဲ့တာကြောင့်…

reading now

၁။ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ သောမတ် ပါတေးရဲ့ ဖခင်ဖြစ်သူက သူ့ရဲ့ သားဟာ အင်္ဂလန်မှာ သွားရောက်စားဖို့ စိတ်ဆန္ဒရှိနတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းဟာ အဆိုပါကစားသမားရဲ့ စာချုပ်ဖျက်သိမ်းခကို ပေါင် ၄၄ သန်း သတ်မှတ်ထားပြီး အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ၂။ စပါးအသင်းရဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင်ဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတိတလင်း ကြေညာထားပေမယ့် အသင်းပိုင်ရှင် ဒန်နီယယ် လီဗိုင်းကတော့ အဆိုပါ ကစားသမားကို ရောင်းချဖို့…

reading now

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ချိတ်ဆက်မှုကို ခံနေရတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုမှုပြုလုပ်ထားတယ်လို့ စပိန်ရုပ်သံလိုင်း El Chiringuito ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး The Sun က ဖော်ပြခဲ့ပါတယ်။ အသက် ၂၀ အရွယ်တိုက်စစ်မှူး အမ်ဘာပေဟာ ပြီးခဲ့တဲ့ရာသီတုန်းက အရေးပါတဲ့ တိုက်စစ်မှူး နေမာတစ်ယောက် ဒါဏ်ရာပြဿနာတွေနဲ့ ရုံးကန်နေရချိန်မှာ သွင်းဂိုး ၃၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၂ ကြိမ်ဖန်တီးပေးကာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်ခဲ့သူဖြစ်ပါတယ်။…

reading now

အာဆင်နယ်အသင်းဟာ အလက်ဇန်းဒါး လာကာဇက်ရဲ့ အနာဂတ်ကိစ္စကို ရေရေရာရာ ဆွေးနွေးဖို့ ကာယကံရှင်ကစားသမားနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့က ချဉ်းကပ်နေပြီး အာဆင်နယ်အသင်းတာဝန်ရှိသူတွေဘက်က အဆိုပါကစားသမားရဲ့ စိတ်ဆန္ဒကို တိတိကျကျ သိရှိလိုနေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လူးဝစ် ဆွာရက်ဇ်ရဲ့ နေရာမှာ လာကာဇက်နဲ့ အစားထိုးချင်နေပြီး အက်သလက်တီကို မက်ဒရစ်အသင်းကလည်း အသင်းက…

reading now

ဆမ်ဒိုးရီးယားအသင်းဟာ အာဆင်နယ်အသင်းက ကမ်းလှမ်းခြင်းခံထားရတဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဒင်းနစ် ပရတ်ကို ရောင်းချဖို့ နှုတ်အားဖြင့် သဘောတူညီခဲ့ကြောင်း ကာယကံရှင် ဘယ်လ်ဂျီယံကစားသမားက ထုတ်ဖော်ပြောဆိုလိုက်ပြီဖြစ်ပါတယ်။ အီတလီမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ဆမ်ဒိုးရီယားအသင်းဟာ ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ သဘောတူညီလိုက်ပြီဖြစ်ပြီး ဘယ်လ်ဂျီယံ ကြယ်ပွင့်ဟာ အာဆင်နယ်အသင်းနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ညှိနှိုင်းခွင့် ရရှိတော့မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေးနေရာမှာ ဒန်းနစ် ပရတ်နဲ့ အစားထိုးဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ Tuttosport ရဲ့ ဖော်ပြချက်အရ…

reading now

ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် စပါးအသင်းက ဒိန်းမတ် ကွင်းလယ်ကြယ်ပွင့် ခရစ္စတီယန် အဲရစ်ဆင်က အတွေ့အကြုံသစ်တွေ ရယူဖို့အတွက် ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာချင်နေပြီဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ကြောင်း Daily Mail ရဲ့သတင်းအရ သိရပါတယ်။ အစောပိုင်းကာလတွေတုန်းကတည်းက လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အနာဂတ်ကို အဲရစ်ဆင်ဟာ တေိကျရေရာတဲ့ အဖြေထုတ်ပေးလိုက်တာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ယူအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက်ကတော့ သတင်းကောင်းဖြစ်လာခဲ့ပါတယ်။ အဲရစ်ဆင်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူဖြစ်ပြီး စပါးအသင်းက ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို သဘောတူညီမှု မပေးသေးသူဖြစ်ပါတယ်။ အသက်…

reading now

error: Content is protected !!