၁။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လိုင်ယွန်အသင်းရဲ့ ဘယ်နောက်ခံလူ ဖာလန်း မန်ဒီကို လာမယ့်အပတ်မှာ အပြီးသတ်ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်း (ပေါင် ၅၉ သန်း) လိုင်ယွန်အသင်းထံ ပေးချေရမှာဖြစ်ပါတယ်။ ၂။ ချယ်လ်ဆီးအသင်းက နောက်ခံလူ အန်ဒရီယာစ် ခရစ္စတီယန်ဆင်က အသင်းကနေ ထွက်ခွာဖို့ မစဉ်းစားတော့ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင်က သူ့အနေနဲ့ စတမ်းဖို့ဒ် ဘရစ်ခ်ျမှာ ကျော်ရွှင်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ ၃။ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့…

reading now

ချယ်လ်ဆီးအသင်းရဲ့ နည်းပြ မော်ရီဇီယို ဆာရီဟာ ရှေ့လာမယ့်အပတ်မှာ သူ့ကို ခေါ်ယူဖို့ ချဉ်းကပ်နေတဲ့ စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ Guardian သတင်းစာက အတည်ပြု ဖော်ပြလိုက်ပါတယ်။ ဆာရီဟာ စီးရီးအေချန်ပီယံအင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းဘက်က သူ့ကို လက်လွှတ်ဖို့ စာရွက်စာတမ်းပြင်ဆင်မှုတွေ ပြီးစီးချိန်မှာ အပြီးသတ်ပြောင်းရွှေ့မှာဖြစ်ပါတယ်။ ဆာရီရဲ့ အေးဂျင့်ဖြစ်သူ ဖာလီ ရမာဒနီဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ချယ်လ်ဆီးအသင်း တာဝန်ရှိသူတွေနဲ့ ဆာရီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ လာရောက် ဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးမှု ရလဒ်တွေအရ…

reading now

ဘယ်လ်ဂျီယံ တောင်ပံကစားသမား ယာနစ် ကာရက်စ်ကို ကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းရဲ့ ကြိုးပမ်းမှုတွေဟာ တိုးတက်မှုရှိလာနေပြီးရပ်တွေကို စတင် ဆွေးနွေးနေပြီဖြစ်တယ်လို့ မီဒီယာတွေက တညီတညွတ်တည်းဖော်ပြခဲ့ကြပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိ တရုတ်စူပါလိဂ်ကလပ် ဒါလီယန်း လီဖန်းအသင်းမှာကစားနေတဲ့ အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမား ကာရက်စ်ကို ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သဘောတူညီချက်တွေ ရရှိဖို့ ခြေတစ်လှမ်းအကွာသာလိုတော့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အီတလီထိပ်တန်းမီဒီယာ La Gazzetta dello…

reading now

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ချဉ်းကပ်မှုပြုလုပ်ခဲ့ပြီး ယခုနွေရာသီမှာ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း စပိန်အားကစားသတင်းဌာန SPORT ရဲ့ဖော်ပြချက်ကို ကိုးကားပြီး Goal က ဖော်ပြခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၁ သိန်းခွဲအထိ ရရှိမယ့်စာချုပ်သစ်ကို မန်ယူဘက်က ကမ်းလှမ်းထားပေမယ့် လက်ခံသဘောတူခြင်းမရှိသေးသူဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနည်းပြ ဗယ်ဗာဒီက လာမယ့်ရာသီအတွက် တိုက်စစ်မှာ လီယွန်နယ်မက်ဆီ၊ လူးဝစ္စဆွာရက်ဇ်တို့နဲ့အတူ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို တွဲကစားစေချင်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ…

reading now

၁။ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဥက္ကဌဖြစ်သူ အင်းနရစ် ဆီရီဇိုက ဂရစ်ဇ်မန်းကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းဘက်က ဘာကမ်းလှမ်းမှုမှ ပြုလုပ်လာခြင်းမရှိသေးဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂရစ်ဇ်မန်းအနေနဲ့ အသင်းပြောင်းရွှေ့တော့မယ်လို့ တရားဝင်ကြေညာထားပေမယ့် ဘယ်အသင်းကို ပြောင်းမလဲဆိုတာတော့ သူလည်းမသိဘူးလို့ ဆီရီဇိုက ပြောဆိုခဲ့ပါတယ်။ ၂။ လက်ရှိ အင်တာမီလန်အသင်းကို နည်းပြသစ်အဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ချယ်လ်ဆီးနည်းပြဟောင်း အန်တိုနီယို ကွန်တီဟာ ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ဆီဇာ အက်ဇ်ပီလီကွေတာနဲ့ စပါးအသင်းက ဝါရင့်တိုက်စစ်မှူး ဖာနန်ဒို လော်ရန်တေးတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ၃။…

reading now

၁။ လိုင်လီအသင်းဟာ သူတို့အသင်းက လူငယ်ခံစစ်ကစားသမား ဂါဘရီယယ်အတွက် ဂျူဗင်တပ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ အန်ဒရီယာ ဘာဇာဂလီရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့ရည်ရွယ်ပြီး ယူရို ၂၂ သန်း (ပေါင် ၁၉.၅ သန်း) နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ၂။ ဂျူဗင်တပ် ကွင်းလယ်လူ ဘလာဆီ မာတွီဒီက သူ့အနေနဲ့ စီးရီးအေချန်ပီယံအသင်းမှာ အထူးကို ပျော်ရွှင်နေပြီး အသင်းပြောင်းရွှေ့မှာမဟုတ်ဘူးလို့ အတည်ပြုပြောဆိုလိုက်ပါတယ်။ ပြင်သစ် လက်ရွေးစင် ဘလာဆီဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပြီး…

reading now

၁။ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ကလင်တန် မော်ရစ်ဆင်က လီဗာပူးလ်နဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ တိုက်စစ်မှူး ဒန်နီယယ် စတားရစ်ခ်ျအနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့နိုင်တယ်လို့ talkSPORT ကို ပြောဆိုခဲ့ပါတယ်။ "ထိပ်သီးအသင်းတွေဆိုပေမယ့် မန်စီးတီးနဲ့ လီဗာပူးလ်တော့မဟုတ်ဘူးပေါ့။ သူ့အနေနဲ့ အာဆင်နယ်ကို သွားနိုင်ပါတယ်" လို့ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူးဟောင်းက ပြောဆိုခဲ့ပါတယ်။ ၂။ အာဆင်နယ်အသင်းဟာ ကလပ် ဘရုဂျက်အသင်းက အသက် ၂၁ နှစ်အရွယ် နိုက်ဂျီးရီးယား တိုက်စစ်မှူး အီမန်နူယယ် ဒန်းနစ်ကို ခေါ်ယူဖို့ ပေါင် ၁၂ သန်းနဲ့…

reading now

၁။ အာဆင်နယ်အသင်းဟာ CSKA မော်စကိုအသင်းက လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဖီဒေါ် ချာလော့ဗ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ Sky Sports သတင်းဌာနက အတည်ပြုလိုက်ပါတယ်။ အာရှာဗင်နောက်ပိုင်း နောက်ထပ် ရုရှားရဲ့ ထိပ်တန်းကြယ်တစ်ပွင့်ဖြစ်လာမယ့်သူလို့ ချီးမွမ်းခံနေရတဲ့ ချာလော့ဗ်ကို ခေါ်ယူဖို့ မိုနာကိုအသင်းနဲ့ ဆီဗီလာအသင်းတွေကလည်း စိတ်ဝင်စားနေပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချာလော့ဗ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက CSKA အသင်းအတွက် ၁၇ ဂိုးသွင်းယူကာ ၇ ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ ၂။ ပီအက်စ်ဂျီအသင်းက ရောင်းထုတ်ဖို့ စီစဉ်နေပြီဖြစ်တဲ့ ကွင်းလယ်တောင်ပံကစားသမား ဂျူလီယန်…

reading now

Goal ရဲ့ အတည်ပြု ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ အီဒင် ဟာဇက်အတွက် ရီးရဲလ်မက်ဒရစ်အသင်းကမ်းလှမ်းလာတဲ့ ယူရို သန်း ၁၀၀ (ပေါင် ၈၈ သန်း) တန် ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကိုင်ရာနဲ့ ရီးရဲလ်မက်ဒရစ် စီအီးအို ဟိုဆေး အိန်ဂျယ် ဆန်းချက်ဇ်တို့ဟာ ပြီးခဲ့တဲ့ တနင်္လာနေတုန်းက လန်ဒန်မှာ တွေ့ဆုံခဲ့ပြီး အပြောင်းအရွှေ့ကိစ္စကို အပြီးသတ် ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ အဆိုပါသတင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စပိန်မီဒီယာတွေက ဖော်ပြနေခဲ့ကြတာဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ ထိပ်တန်းမီဒီယာတွေအားလုံးက…

reading now

အာဆင်နယ်အသင်းဟာ ဆမ်ဒိုးရီးယား ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ကွင်းလယ်လူ ဒင်းနစ် ပရတ်နဲ့ နောက်ခံလူ ဂျိုအာချင် အန်ဒန်ဆင်တို့ကို ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာနေပြီဖြစ်တယ်လို့ အီတလီအခြေစိုက်မီဒီယာတွေရဲ့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဂန်းနားတွေဟာ အဆိုပါကြယ်ပွင့် ကစားသမား ၂ ဦးကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၇ နဲ့ ကနဦး ကမ်းလှမ်းခဲ့ပေမယ့် ဆမ်ဒိုးရီးယားအသင်းက ပေါင် ၄၄ သန်းအထိ အလိုရှိကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါအချိန်ကတည်းက ဆမ်ဒိုးရီးယားအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံကြောင်း အကြောင်းပြန်ခဲ့ပြီး…

reading now

error: Content is protected !!