[UNICODE] အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အူနိုင်း အမ်မရီက အသင်းက ဝါရင့် ကွင်းလယ်ဖန်တီးရှင် မီဆွတ် အိုဇေးလ်ဟာ လူငယ်တွေကို ကျော်လွန်ပြီး ပွဲထွက်ကစားခွင့်ရဖို့ မထိုက်တန်ဘူးလို့ ပြတ်ပြတ်သားသားပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီကနေ့ မနက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဝါရင့်ကွင်းလယ်လူ အိုဇေးလ်ကို လူစာရင်းကနေ လုံးဝချန်လှပ်ခဲ့ပြီး လူငယ်တွေကိုသာ နေရာပေးကစားစေခဲ့သလို လူငယ်ကြယ်ပွင့်တွေကလည်း နည်းပြရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်အောင် ခြေစွမ်းကောင်းပြသခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ အိုဇေးလ်ဟာ အသင်းရဲ့ ဒုတိယဦးစားပေးပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်မှာပါ ပွဲကစားခွင့် ပျောက်ဆုံးခဲ့တဲ့နောက်မှာ…
reading now