အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို ကိုပါအမေရိကပြိုင်ပွဲကို ပြင်းထန်စွာဝေဖန်ခဲ့မှုကြောင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL) က လက်ရွေးစင်အသင်းအတွက် ၃ လ ပွဲကစားခွင့်ပိတ်ပင်ခဲ့ပြီး ဒဏ်ငွေ ဒေါ်လာ ၅ သောင်း ပေးချေဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ BBC ရဲ့သတင်းအရ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ ချီလီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲ တတိယလုပွဲမှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပွဲအပြီးမှာ ကိုပါအမေရိကဖလားက ဘရာဇီးလ်အသင်းရရှိအောင် ဖန်တီးထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ယမန်နေ့က…

reading now

လီယွန်နယ်မက်ဆီဟာ ချီလီအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရပြီးနောက် ကိုပါအမေရိကပြိုင်ပွဲမှာ အကျင့်ပျက်ခြစားမှုတွေရှိနေကြောင်း ပြောကြားခဲ့ပြီး ယင်းပြောဆိုမှုကြောင့် နိုင်ငံတကာပွဲစဉ်တွေကို ၂ နှစ်အထိ ပါဝင်ကစားခွင့်ပိတ်ပင်ခံရဖွယ်ရှိနေတယ်လို့ RT Sport ရဲ့ဖော်ပြချက်အရ သိရပါတယ်။ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိက ဆီမီးဖိုင်နယ်အဆင့်မှာ ဘရာဇီးလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ ယင်းပွဲစဉ်မှာ အငြင်းပွားဖွယ် ပင်နယ်တီ ၂ ကြိမ်အထိ ခွင့်ပြုဖို့ ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အာဂျင်တီးနားကြယ်ပွင့် မက်ဆီက ကိုပါအမေရိကပြိုင်ပွဲက တာဝန်ရှိသူတွေနဲ့ ဒိုင်လူကြီးတွေဟာ အိမ်ရှင် ဘရာဇီးလ်အသင်း ဗိုလ်စွဲဖို့အတွက်…

reading now

ဘရာဇီးလ်နဲ့ လီဗာပူးလ်အသင်း နံပါတ်(၁)ဂိုးသမား အယ်လစ်ဆန်ကတော့ ဘောလုံးသမိုင်းမှာ ဘယ်ဂိုးသမားမှ မရဖူးသေးတဲ့ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါပြီ။ အဲဒါကတော့ ဘောလုံးသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း အဓိကပြိုင်ပွဲကြီး (၃) ရပ်မှာ ရွှေလက်အိတ် (Golden Glove) ဆု ရခဲ့တဲ့ ပထမဆုံး ဂိုးသမားဆိုတဲ့ စံချိန်မှတ်တမ်းပါပဲ။ ဘရာဇီးလ်အသင်းနဲ့အတူ ကိုပါအမေရိကဖလား ဆွတ်ခူးခဲ့တဲ့ အယ်လစ်ဆန်ဟာ ပြိုင်ပွဲတစ်လျှောက်လုံးမှာ ပေးဂိုး (၁) ဂိုးသာရှိခဲ့ပြီး ရွှေလက်အိတ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမတိုင်ခင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အယ်လစ်ဆန်ဟာ လီဗာပူးလ်အသင်း ဗိုလ်စွဲအောင် အဓိကလက်စွမ်းပြကစားခဲ့ပြီး Clean…

reading now

[ZawGyi] ဘရာဇီးလ်နည်းပြတီတီကတော့ အာဂျင်တိုင်းတိုက်စစ်ကြယ်ပွင့် မက်ဆီအနေနဲ့ ရှုံးနိမ့်နေချိန်မှာ ပြိုင်ဘက်ကို လေးစားမှုထားဖို့ လိုအပ်ကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။ မက်ဆီက ဒီနှစ်ကိုပါအမေရိကပြိုင်ပွဲဟာ ဘရာဇီးလ်အသင်းအတွက်ပဲ သီးသန့်ဖန်တီးထားခြင်းဖြစ်တယ်လို့ ဆီမီးဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့အပြီး ဝေဖန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ တတိယနေရာလုပွဲအဖြစ် ချီလီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဘာစီလိုနာကြယ်ပွင့်ဟာ အနီကဒ်ပြထုတ်ပယ်ခြင်းခံခဲ့ရသလို ပြိုင်ပွဲအပေါ် နောက်ထပ်တကြိမ် ဝေဖန်ခဲ့ပါသေးတယ်။ ဘရာဇီးလ်အသင်းကတော့ ဗိုလ်လုပွဲအဆင့်မှာ ပီရူးအသင်းကို (၃-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ကစားနိုင်ခဲ့ပြီး ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ကာ အောင်မြင်မှုတခုကို ပုံဖော်နိုင်ခဲ့ပါတယ်။ " မက်ဆီအနေနဲ့ကတော့ ကိုယ့်အသင်းရှုံးနိမ့်နေချိန်မှာ အရှုံးကို လက်ခံတတ်ဖို့၊ ပြိုင်ဘက်ကို…

reading now

၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ အာဂျင်တီးနားအသင်း ရှုံးနိမ့်မှုအပြီး နိုင်ငံလက်ရွေးစင်ကစားသမားဘ၀ ကနေ အနားယူပြီလို့ ၂ကြိမ်တိုင်တိုင် ကြေညာထားပြီးမှ ပြန်လည်ကစားနေခဲ့သူဖြစ်တဲ့ မက်ဆီဟာ လက်ရွေးစင်ကစားသမားဘဝ အောင်မြင်မှုတွေကို မျှော်လင့်တောင့်တနေဆဲဖြစ်ကြောင်းသိသာစေတဲ့ စကားကိုပြောဆိုလိုက်ပါတယ်။ အဲ့ဒါကတော့ ယခုတစ်ကြိမ် ကိုပါအမေရိကမှ ကျရှုံးခဲ့ပေမယ့် အနားယူဦးမှာ မဟုတ်ဘူးလို့ ဆက်လက်ထုတ်ဖော်ပြောဆိုလာတာပါ။ ဘရာဇီးကို အရေးနိမ့်ပြီး ကိုပါအမေရိကဖလားဗိုလ်လုပွဲနဲ့ ဝေးခဲ့ရတဲ့ပွဲအပြီးမှာတော့ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့လို့ နိုင်ငံလက်ရွေးစင်ကစားသမားဘ၀က အနားယူဖို့ မရှိပါဘူးလို့ မက်ဆီက ထုတ်ဖော်ပြောခဲ့ တယ်လို့ Daily Mailက ဖော်ပြလာပါတယ်။ အသက်…

reading now

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာဟာ ကိုပါအမေရိကဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘရာဇီးလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းရဲ့ခံစားချက်ကို ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ လီယွန်နယ်မက်ဆီဟာ ဘရာဇီးလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကောင်းကောင်းကစားနိုင်ခဲ့သူဖြစ်ပြီး ယင်းပွဲစဉ်ဟာ အငြင်းပွားစရာတွေနဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်အတွင်းမှာ VAR စနစ်ကိုသာ အသုံးပြုမယ်ဆိုရင် အာဂျင်တီးနားအသင်းအတွက် ပင်နယ်တီအလွယ်တကူရရှိနိုင်တဲ့ အခြေအနေတွေ ဖြစ်ရပ်တွေဖြစ်ပွားခဲ့ပြီး အဂူရိုကို ဒါနီအဲဗက်စ်က ပင်နယ်တီဧရိယာထဲမှာ ဆွဲလှဲချခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဆက်ကစားစေခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှားကနေ ဘရာဇီးလ်အသင်းက…

reading now

ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ဟာ လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာတွ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး ဘရာဇီးလ်ပရိသတ်တွေဟာ အာဂျင်တီးနားကြယ်ပွင့် လိုင်ယွန်နယ် မက်ဆီကို ပစ်မှတ်ထား လှောင်ပြောင်သရော်နေကြတယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ လီယွန်နယ်မက်ဆီဟာ လက်ရွေးစင်အသင်းနဲ့ကစားရတဲ့အချိန်တိုင်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပြီး လက်ရှိ ကိုပါအမေရိက ပြိုင်ပွဲမှာလည်း ပါရာဂွေအသင်းနဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကနေတဆင့် သွင်းယူထားတဲ့ သွင်းဂိုး တစ်ဂိုးသာ သွင်းယူထားနိုင်သေးပြီး ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။ ဗင်နီဇွဲလားအသင်းကို ၂-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ မက်ဆီက ကိုပါအမေရိကပြိုင်ပွဲမှာ ခြေစွမ်းမပြသနိုင်တာဟာ အိမ်ရှင်နိုင်ငံ ဘရာဇီးလ်ရဲ့ကွင်းအခြေအနေကြောင့်လို့…

reading now

[ZawGyi] အာဂျင်တီးနားတိုက်စစ်ကြယ်ပွင့် လီယွန်နယ်မက်ဆီက ကျင်းပနေဆဲ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူ့ရဲ့အကောင်းဆုံးပုံစံကို အခုထက်ထိ မရရှိသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ သောကြာနေ့က မာရာကာနာမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားအသင်းကို (၂)ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ကာ အိမ်ရှင်ဘရာဇီးလ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တွေအပါအဝင် (၄)ပွဲကစားပြီးချိန်မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကြယ်ပွင့်အဖြစ် တင်စားခြင်းခံရတဲ့ မက်ဆီကတော့ ပယ်နယ်တီကနေတဆင့်သာ သွင်းဂိုး (၁)ဂိုးပဲ ရယူထားနိုင်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ ဘရာဇီးလ်အသင်းနဲ့ ကစားရမယ့်ပွဲမတိုင်မီမှာ ဘာစီလိုနာကြယ်ပွင့်က သူ့နိုင်ငံအသင်းအတွက် အကောင်းဆုံးပုံစံကို ပေးဆပ်နိုင်ခြင်း မရှိသေးဘူးလို့ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။…

reading now

error: Content is protected !!