ချယ်ဆီးနည်းပြဟောင်း မော်ရီဇီယိုဆာရီဟာ နွေရာသီက ဂျူဗင်တပ်နည်းပြရာထူးကို မာဆီ မီလီယာနို အယ်လီဂရီထံမှ ဆက်ခံခဲ့တာဖြစ်ပါတယ်။ အယ်လီဂရီက ဂျူဗင်တပ်ကို ၈နှစ်ဆက် ဆုဖ လားရယူပေးနိုင်ခဲ့ပေမယ့် ရော်နယ်ဒိုက ဆာရီလက်ထက်၌ ကလပ်ဟာ ပိုမိုကောင်းမွန်လာကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက အသင်းတိုးတက်လာမှုအဖို့ ကျေနပ်ကြောင်း၊ ဆာရီ၏နည်းစနစ်က ၎င်းတို့ကို ပိုမိုအန္တရယ်ရှိသည့်အသင်းဖြစ်လာစေကြောင်း လိုကိုမိုးတစ်မော်စကိုနှင့် ချန်ပီယံလိဂ်ပွဲကြို သတင်း စာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။ ‘ကျနော်တို့ ဆာရီနဲ့အတူ တိုးတက်လာခဲ့တယ်။ ကျနော်ပိုပြီး လွတ် လွတ်လပ်လပ် ကစားခွင့်ရတယ်။ ပြုပြင်စရာကျန်သေးပေမယ့် ကျနော်တို့တိုးတက်လာလို့ ကျနော်…
reading now