[UNICODE] ⚽ နယူးကာဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက် ဘယ်နောက်ခံကစားသမားလေး ဘရန်ဒန်ဝီလီယံကို အငှားနဲ့ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့်လည်း မန်ယူဘက်က အကြောင်းပြန်ဖို့ ကြန့်ကြာနေတာကြောင့် အခြားပစ်မှတ်များထံ ပြောင်းလဲချိတ်ဆက်နေပြီဖြစ်ပါတယ်။ ⚽ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် မိန့်ဇ်အသင်းရဲ့ တိုက်စစ်မှူး ဖီလစ်ပီမာတီတာကို (၁၈)လအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ⚽ မာဆေးလ်နည်းပြ ဘိုအက်စ်ကတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမား မော်ဂန်ဆန်ဆွန်ကို အက်စတွန်ဗီလာအသင်းက တန်ကြေးထက်များစွာ လျော့နည်းပြီး ကမ်းလှမ်းလာမှုအပေါ် ဝေဖန်သွားခဲ့ပြီး မာဆေးလ်ကလည်း အဆိုပါကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ⚽ ဖူလ်ဟမ်အသင်းဟာ ယခုအပြောင်းအရွှေ့အတွင်းမှာ ကစားသမားလျှော့ချမှုအများအပြား…
reading now