All posts by editor

[UNICODE] ⚽ စီးရီးအေထိပ်သီးဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့နွေရာသီက မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဂရင်းဝုဒ်ကို မက်မောလောက်ဖွယ် ပမာဏနဲ့ ခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးဟာဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လီဗာပူးဟာ သူ့အတွက် ဘိုင်ယန်မြူးနစ်တောင်းတဲ့ ပေါင် သန်း (၃၀) ပေးချေသွားမှာပါ။ ⚽ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကတော့ သူ့အနေနဲ့ ရီးရဲမက်ဒရစ်ခြေချော်ဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ "လက်ကျန်ပွဲစဉ်တွေကို အကောင်းဆုံး အနိုင်ကစားသွားမှာပါ။ရီးရဲအသင်း ခြေချော်ဖို့လည်း မျှော်လင့်ပါတယ်"လို့…

reading now

[UNICODE] ဘုန်းမောက် - စပါး တန်းဆင်းဇုန်က ရုန်းထွက်နိုင်ဖို့အတွက် ဘုန်းမောက်အစွမ်းကုန် ကြိုးပမ်းသွားမှာပါ။ လက်ရှိအချိန်မှာတော့ စပါးအသင်းရဲ့ ခြေစွမ်းကပုံမှန်အနေအထားမှာ မရှိဘဲ အတက်အကျမမှန်ပါဘူး။ ဒါပေမဲ့ အမှတ်လိုအပ်ချက်ပြင်းထန်နေလို့ စပါး ကပ်အနိုင်ရသွားမှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ် - ဘုန်းမောက် ၁-၂ စပါး အက်စတွန်ဗီလာ - ယူနိုက်တက် ယူနိုက်တက်ရဲ့ လက်ရှိအရှိန်ကို ဗီလာတို့ ရပ်တန့်နိုင်ဖို့ မဖြစ်ပါဘူး။ ဒီပွဲကို နိုင်သွားခဲ့ရင် အဆင့်လေးနေရာအတွက် အခြေအနေကောင်းသွားမှာက ယူနိုက်တက်အတွက် ကြီးမားတဲ့ မျှော်လင့်ချက်ပါ။ အဝေးကွင်း ဆိုပေမယ့် ယူနိုက်တက်…

reading now

[UNICODE] မန်စီးတီး ၅-၀ နယူးကာဆယ် မန်စီးတီးကတော့ သက်သောင့်သက်သာနဲ့ပဲ နိုင်ပွဲတစ်ပွဲကို ပုံဖော်သွားခဲ့ပါတယ်။ ဒီလိုပွဲမျိုးမှာ လူငယ်တွေကို ပိုမိုဦးစားပေး ပွဲထုတ်လာသင့်ပေမယ့် ဂွါဒီယိုလာကတော့ လူစုံနီးနီးနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ မန်စီးတီးအတွက်ဂိုးတွေကိုတော့ ဂျေဇူး၊ မာရက်ဇ်၊ ဒေးဗစ်ဆေးလ်ဗား၊ စတာလင်နဲ့ ဖာနန်ဒက်ဇ်က ကိုယ့်ဂိုးကိုယ် သွင်းခဲ့တာပါ။ ဘရိုက်တန် ၁-၃ လီဗာပူး ခြေစွာနေတဲ့ ဘရိုက်တန်ဟာ လီဗာပူးကိုလည်း အကောင်းဆုံးဒုက္ခပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် (၈) မိနစ်အတွင်းမှာပဲ (၂) ဂိုး ခွင့်ပြုလိုက်ရတာဟာ ပွဲ အဆုံးသတ်သလို ဖြစ်သွားခဲ့တယ်။ ဘရိုက်တန်က…

reading now

[UNICODE] ⚽ု ယူနိုက်တက်ကို စောင့်ကြည့်ချင်စရာကောင်းတဲ့အသင်းတစ်သင်းဖြစ်အောင် ဖာနန်ဒက်စ်က အသွင်းပြောင်းနိုင်ခဲ့တယ်လို့ ကစားသမားဟောင်း ဒါယော့ခ်က ချီးကျူးသွားခဲ့ပါတယ်။ "အချက်အလက်တွေအရတော့ ကျွန်တော်တို့က ရှုံးပွဲမရှိတာ (၁၆) ပွဲရှိပြီ။ ဒါက ဖာနန်ဒက်စ်ရောက်လာတဲ့ အကျိုးဆက်တွေပါ"လို့ ဒါယော့ခ်က ဆိုခဲ့ပါတယ်။ ⚽ မန်ချက်စတာယူနိုက်တက်ဟာ အင်တာမီလန်ကို အငှားချထားတဲ့ တိုက်စစ်ကစားသမား ဆန်းချက်ဇ်ကို အပြီးသတ်ရောင်းချသွားတော့မှာလို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဆန်းချက်ဇ်ရဲ့ မြင့်မားလွန်းတဲ့လစာကို မပေးချေလိုတော့တာပါ။ ⚽ သူ့အသင်းဟောင်း မန်ယူနိုက်တက်အနေနဲ့ ဒေါ့မွန်ကြယ်ပွင့်ဆန်ချိုကို ခေါ်ယူရန် အမှန်တကယ် မလိုအပ်ဘူးလို့ ဘာဘာတော့ဗ်က သတိပေးသွားခဲ့ပါတယ်။…

reading now

[UNICODE] ⚽ အာဆင်နယ်အနေနဲ့ နောက်မျိုးဆက်တွေ အတုယူမမှားစေဖို့ အိုဇေးလ်ကို ရောင်းထုတ်လိုက်သင့်ပြီလို့ ဂန္ထဝင်ဟောင်း မာတင်ကီအွန်က ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ "အိုဇေးလ်က ထိပ်တန်းစွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားသူဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ်မဆန်တာတော့ ရှက်ဖို့ကောင်းပါတယ်။ သူ့ကိုကြည့်ပြီးနောက်မျိုးဆက်တွေ အတုယူမှားသွားနိုင်ပါတယ်"လို့ မာတင်ကီအွန်က ဝေဖန်သွားခဲ့တာပါ။ ⚽ တီယာနေးဟာ အာဆင်နယ်နောက်တန်းရဲ့စတားတစ်ယောက်ဖြစ်လာမှာဖြစ်ကြောင်း၊ တီယာနေးဟာ တိုက်စစ်ကို လိုက်ပါမှုလည်း ကောင်းမွန်ပြီး ထိပ်တန်းအဆင့် အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားသူလို့ အက်ရှ်လေကိုးက ချီးကျူးသွားခဲ့ပါတယ်။ ⚽ ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်ဟာ လက်စတာအသင်းနဲ့ပွဲစဉ်မှာ အနီကတ် ပြသခံခဲ့ရတဲ့ လူငယ်ကြယ်ပွင့်အန်ကီတက်ချ်အတွက် အယူခံဝင်သွားမှာလို့ သိရပါတယ်။…

reading now

[UNICODE] ⚽ ချဲလ်ဆီးအသင်းဟာ ဈေးလျှော့နဲ့ ရောင်းတော့မယ့် လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ကြိုးပမ်းလာတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေကြပါတယ်။ လာဇီယိုဟာ အရင်က ဆာဗစ်ကို ပေါင်သန်း(၁၀၀) အထက်မှ စဉ်းစားမယ်လို့ ဆိုခဲ့ပေမယ့် အခုတော့ ပေါင်သန်း (၇၀) ရရင်ပဲ ရောင်းတော့မယ်လို့ သတင်းထွက်နေတာပါ။ ⚽ ဂျာမနီတိုက်စစ်မှူးတီမိုဝါနာမှာ လက်ရှိအချိန်မှာ အနားယူနေပြီး ဇူလိုင်လအတွင်း လာရောက်ပူးပေါင်းမှာဖြစ်ကြောင်း၊ ဇီးယက်ချ်ကတော့ အသင်းနဲ့ပူးပေါင်းမှုနောက်ကျမယ်လို့ ချဲလ်ဆီးနည်းပြလမ်းပတ်က ဆိုခဲ့ပါတယ်။ ⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဟာ လေဗာကူဆင်ကြယ်ပွင့်ကိုင်ဟာဗက်ဇ်ထက်စာရင် နောက်တန်းကို ဦးစားပေးအားဖြည့်သွားမှာလို့ သိရပါတယ်။…

reading now

[UNICODE] ⚽  စီးရီးအေကလပ် နာပိုလီအသင်း ဒါရိုက်တာက သူတို့ရဲ့ တိုက်စစ်မှူးမီလစ်မှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် သူ့ကို ခေါ်ယူဖို့ အဓိကပြိုင်ဘက် ဂျူဗင်တပ်က အရှိန်မြှင့် ကြိုးပမ်းလာနေပါတယ်။ ⚽ ေ အစီမီလန်နည်းပြ ပီအိုလီက လာမယ့်ရာသီတွင် သူ့နေရာကို လိုက်ပဇစ်နည်းပြဟောင်း ရက်နစ်နဲ့ အစားထိုးတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး "မလိုအပ်တာတွေတွေးပြီး ကျွန်တော် အချိန်မကုန်ချင်ပါဘူး။ လက်ရှိအသင်းမမှာ ကျွန်တော် ပျော်နေပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ⚽  ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ စပါးနဲ့ ဝက်စ်ဟမ်းအသင်းတို့မှာ ဘာစီလိုနာနောက်ခံလူ…

reading now

[UNICODE] ⚽ ချဲလ်ဆီးနည်းပြလမ်းပတ်ကတော့ သူတို့အသင်းအနေနဲ့ သင်ယူဦးမှာဖြစ်ပြီး ပိုကောင်းလာလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။ "အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် လုံလောက်တဲ့ဂိုးတွေတော့ မရခဲ့ပါဘူး။ ကျွန်တော်တို့ပွဲစဉ်တွေကနေ သင်ယူမှုတွေ ပြုလုပ်ရဦးမှာပါ"လို့ လမ်းပတ်က ပြောဆိုသွားခဲ့ပါတယ်။ ⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဟာ လန်ဒန်ဒါဘီပွဲပေါင်း (၂၅၆) ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ (၁၃၂) ပွဲအထိ နိုင်ပွဲရယူနိုင်ခဲ့ပြီး ဒါဟာ လန်ဒန်အသင်းတွေထဲမှာတော့ ဒါဘီနိုင်ပွဲအများဆုံး ရရှိထားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ⚽ ပူလီဆစ်ဟာ မယုံနိုင်စရာကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ကြောင်း၊ သူ့ရဲ့ ဆွဲပြေးမှု၊ ဖန်တီးနိုင်စွမ်းတွေဟာ ကောင်းမွန်တယ်လို့ ချဲလ်ဆီးအမျိုးသမီးအသင်းကစားသမားဟောင်း…

reading now

[UNICODE] ⚽ လူငယ်ကြယ်ပွင့် အန်ကီတက်ချ်မှာ သူတစ်ပါးကို နာကျင်အောင် လုပ်တတ်သူမဟုတ်ဘဲ အနီကတ်ဟာ ပြင်းထန်လွန်းတယ်လို့ အာဆင်နယ်ဂိုးသမား မာတီနက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။ "အန်ကီတက်ချ်ဟာ စိတ်ဓာတ်ကြမ်းတမ်းသူမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူက ခြေလျောသွားခဲ့တာဖြစ်ပြီး ဒဏ်ရာရလိုစိတ် မရှိပါဘူး။ အနီကတ်က ပြင်းထန်လွန်းပါတယ်။ အန်ကီတက်ချ်က နှစ်လိုဖွယ်ကောင်လေးပါ"လို့ မာတီနက်ဇ်က ကာကွယ်ပြောဆိုသွားခဲ့တာပါ။ ⚽ အာဆင်နယ်အသင်းဟာ နောက်ခံလူ ဆာလီဘာကို စိန့်အက်တီယန်ထံ အငှားစာချုပ်သက်တမ်း တိုးမြှင့်ပေးဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ စိန့်အက်တီယန်ဟာ ပြင်သစ်ဖလားဗိုလ်လုပွဲအတွက် ဆာလီဘာကို လိုအပ်နေတာဖြစ်ပြီး အစောပိုင်းက…

reading now

[UNICODE] ⚽ (၂) နှစ်ကျော်အကြာမှ ပရီးမီးယားလိဂ်ဂိုးပြန်သွင်းနိုင်ခဲ့ဲတဲ့ ဝက်ဖို့ဒ်တိုက်စစ်မှူး ဝဲလ်ဘတ်က ဒီဂိုးမှာ သူ့အတွက် အဓိပ္ပာယ်များစွာ ရှိကြောင်း၊ သူ့အနေနဲ့ ဂိုးသွင်းပြီးချိန်မှာ ပျော်ရွှင်လွန်းသဖြင့် ပြောစရာစကားတောင် မရှိဖြစ်ရတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ⚽ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ချ်ဟာ စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခ ပေါင် (၁) သိန်း (၃) သောင်းအထိ ရယူချင်နေတယ်လို့ သိရပါတယ်။ အေဘရာဟမ်ချ်ဟာ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် (၅) သောင်း သာ ရနေတာပါ။ ⚽ နည်းပြအာတီတာလက်အောက်မှာ ဘယ်ကစားမှ…

reading now

error: Content is protected !!