All posts by ANT

ဒီရာသီ ယူနိုက်တက်သာ ပရီးမီးယားလိဂ်ထိပ်ဆုံး၆သင်း မဝင်ခဲ့ပါက ထုတ်ပယ်ခံရမည်ကို ဆိုးရှား စိုးရိမ်လျက်ရှိပေမယ့် ကကပ်ဘက်ကမူ အသင်းပြန်လည် တည်ဆောက်ရန် ၄င်းအား အချိန် ပေးထားပါတယ်။ ဒီရာသီ ယူနိုက်တက်ဟာ ၈ပွဲကစား ၈မှတ်သာ ရရှိထားပြီး တန်းဆင်းဇုန်အထက် မှတ်အကွာ၌ ရပ်တည်နေသဖြင့် ဆိုးရှား ဖိအားအောက် ရောက်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ဇယားထိပ်မှ လီဗာပူးနှင့် ၁၅ မှတ်ကွာဟနေပြီး တိုးတက်လာမည့် အခြေအနေ မတွေ့ရသေးပေမယ့် ပြန်လည်ပြုပြင်ရန် ဆိုးရှား အချိန်ရနေသေးပါတယ်။ ဆိုးရှားဟာ ယူနိုက်တက်ကို ထိပ်ဆုံး ၆သင်းဝင်အောင်…

reading now

မန်ချက်စတာယူနိုက်တက်က ဇန်နဝါရီအပြောင်းရွေ့ဈေးကွက်ဖွင့်၌ လီဗာပူး အပြောင်းရွေ့ နည်းစနစ်အတိုင်း ပြုလုပ်လာနိုင်သလို အိုလီဂန်နာဆိုးရှားလည်း ကင်းထောက်စနစ်ကို ပိုမိုခေတ်မှီ အောင် လုပ်ဆောင်လိုနေပါတယ်။ သရဲနီတို့ ဒီရာသီနိုင်ပွဲ ၂ပွဲသာရရှိထားပြီး တန်းဆင်းဇုန်အထက် ၂မှတ် အကွာ၌ရှိနေပေမယ့် ဘုတ်အဖွဲ့က ဆိုးရှားဘက်ရပ်တည်နေသေးပြီး လာမယ့်အပြောင်းရွေ့ တွေမှာ လူထပ်မံခေါ်ယူပေးဖို့ ရှိပါတယ်။ သို့သော် ဆန်းချက်ကဲ့သို့ အကျိုးမရှိခေါ်ယူမှုထပ်မံမဖြစ် လိုသဖြင့် ရလဒ်ဆိုးပေမယ့် အလျင်စလို ခေါ်ယူမည်မဟုတ်ပဲ ဦးစားပေးပစ်မှတ်များကိုသာ ခေါ်ယူ လိမ့်မည်ဟု Daily Mail က ဖော်ပြခဲ့သည်။ လီဗာပူးတို့က အဓိကပစ်မှတ် ဗန်ဒိုက်ကို…

reading now

အာဂျင်တီးနား အသင်း​ခေါင်းဆောင် မက်ဆီဟာ နိုဝင်ဘာတွင် ပြစ်ဒဏ်မှ လွတ်မြောက်ပြီး အသင်းဆီ ပြန်လာနိုင်မည်ဟု နည်းပြချုပ် လီယွန်နယ်စခလိုနီက ပြောကြားလိုက်ပါတယ်။ မက်ဆီ ဟာ သြဂုတ်လ ကိုပါအမေရိကပွဲစဉ်၌ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ကို အကျင့်ပျက်သည်ဟု စွပ်စွဲမှုကြောင့် နိုင်ငံတကာကစားပွဲများမှ ၃လ ပွဲပယ်ခံထားရတာပါ။ ဂျူလိုင်၌ ချီလီကို အငြင်းပွားဖွယ် အနိုင်ရပြီး အာဂျင်တီးနား တတိယရရှိခဲ့ပေမယ့် မက်ဆီမှာ ဆုယူရန် ရောက်မလာခဲ့ပေ။ နောက်ပိုင်း၌ မက်ဆီက အကျင့်ပျက်သည့်ထဲမပါဝင်လိုပဲ ဒါဟာ ကိုပါ ပွဲစဉ်တစ်ခုလုံးကို စော်ကားနေသလိုပဲဟု ဖြေရှင်းခဲ့ပါတယ်။ မက်ဆီဟာ…

reading now

ဝက်စ်ဟမ်းမှထွက်ခွာပြီး ယူနိုက်တက်သို့ပြောင်းရွေ့လာနိုင်သည့် သတင်းများကို ဒီကလန် ရိုက်စ်က ငြင်းပယ်လိုက်ပါတယ်။ လန်ဒန်ကလပ်၌ စွမ်းဆောင်ရည်များကြောင့် ရိုက်စ်ဟာ အင်္ဂလန် အသင်း၌ ပါဝင်ခွင့်မရခဲ့ပေ။ ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီကမူ ၂၀နှစ်သားအတွက် ဈေးနှုန်းမှန်ပါ က ကလပ်မှ ရောင်းထုတ်နိုင်သည်ဟု ပြောကြားခဲ့ဖူးပါတယ်။ ဒီရာသီရုန်းကန်နေရတဲ့ ယူနိုက်တက် ဟာ ဇန်နဝါရီအပြောင်းရွေ့ဖွင့်သည်နှင့် ရိုက်စ်ကို ပေါင်သန်း၇၀နှင့် ကမ်းလှမ်းရန် အသင့်ဖြစ်နေပြီ ဟု သတင်းများက ဖော်ပြနေကြပါတယ်။ သို့သော် ကွင်းလယ်လူက ကောလာဟလများကို စိုးရိမ်ခြင်းမရှိပဲ ဟမ်းမားတို့နှင့် ကာလ ရှည်စာချုပ် ချုပ်ဆိုထားသည်ဟု ဝန်ခံခဲ့ပါတယ်။…

reading now

ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာဖို့ ရည်မှန်းချက်ကိုဖြည့်ဆည်းရန် နေမာက PSG မှ ထွက်ခွာရန်မလိုအပ်ဟု ဘရာဇီးအသင်းဖော်အဲလီဆင်မှ ပြောကြားလိုက်ပါတယ်။ အ​ပြောင်းရွေ့ ကာလတွေမှာ နေမာက ဘာစီလိုနာသို့ ပြန်သွားရန် ချိတ်ဆက်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပဲ PSG၌ ဆက် ရှိခဲ့ကာ ခြေဒဏ်ရာမှသက်သာလာအပြီး လိဂ်ဝမ်းပွဲစဉ် ၅ပွဲကစား၊ ၄ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နေမာက ၂၀၁၈ Ballon d'Or ထိပ်ဆုံး ၁၀ဦး၌ မဝါဝင်ခဲ့ပေမယ့် ဘာစီလိုနာသို့ ပြန်လာခဲ့ရင် ကမ္ဘာ့အကောင်းဆုံး ဖြစ်လာနိုင်လားဆိုတဲ့ Mundo Deportivo မှ မေးခွန်းကို အဲလီဆင်က…

reading now

error: Content is protected !!