All posts by ANT

လွန်ခဲ့တဲ့လက ဝုဗ်နှင့်ပွဲ၌ ချယ်ဆီးကွင်းလယ်အဖျက်ကစားသမား ၂၆နှစ်သား အန်တိုနီယို ရူဒီဂါဟာ ကွင်းဘေးစည်းရှိ သတ္တပြားပေါ်ချော်လဲမိ၍ ပေါင်ခြံဒဏ်ရာရခဲ့ပြီး ယခုအခါ ပြန်လည်သက် သာလာပြီဖြစ်ပါတယ်။ ဝုဗ်နှင့်ပွဲက ရူဒီဂါအတွက် ဧပြီအစောပိုင်းကရခဲ့တဲ့ ဒူးဒဏ်ရာခွဲစိပ်မှုအပြီး ပြန် လည်ကစားတဲ့ ပွဲဖြစ်ပါတယ်။ ရူဒီဂါ၏ ကြံခိုင်မှု၊ ဖျက်ထုတ်မှု၊ အမြန်နှုန်း မရှိမှုကြောင့် ချယ်ဆီးတို့ ဒီရာသီ ၁၂ပွဲကစား ဂိုးမပေးရတဲ့ပွဲ ၁ပွဲသာရခဲ့ပါတယ်။ စနေနေ့က ဒိန်းမတ် ၁-၀ ဆွစ်ဇာလန် ပွဲ၌ အ သင်းဖော် အန်ဒရီခရစ်တန်ဆန် ပေါင်ခြံဒဏ်ရာရသွားသဖြင့် ရူဒီဂါပြန်ကောင်းလာမှုက ချယ်ဆီးတို့…

reading now

ကတ်တလန်ဘီလူးကြီး ဘာစီလိုနာဟာ လူးဝစ်ဆွာရက်နေရာ ရေရှည်အစားထိုးရန် PSG မှ ကိုင်လီယန်အမ်ဘာပေ၊ စပါးမှ ဟယ်ရီကိန်း၊ လီဗာပူးမှ ရော်ဘတ်တိုဖာမီနို၊ အင်တာမှ လူတာရိုမာ တီးနက်၊ ယူနိုက်တက်မှ မားကပ်ရပ်ဖို့ဒ်တို့ကို စိတ်ဝင်စားနေကြာင်း Mundo Deportivo အရသိရပါ တယ်။ ၂၂နှစ်သားရပ်ဖို့ဒ်က ဒီနွေကမှ တစ်ပါတ်ပေါင်၂သိန်းဖြင့် ၄နှစ်စာချုပ်၊ ၁နှစ်သက်တမ်းတိုးခွင့် ချုပ်ဆိုထားတာပါ။ ရပ်ဖို့ဒ်ဟာ မနှစ်က ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်၌ ရင်ဆိုင်ကစားဖူး ပြီး ယူနိုက်တက်က ၂ကျော့ပေါင်း ၄-ဝဖြင့် ရှူံးနိမ့်ခဲ့ပါတယ်။ ရပ်ဖို့ဒ်ဟာ လူးဝစ်ဗန်ဟားလက်ထက်…

reading now

Oct 15 ရက်၊ ယူရို ၂၀၂၀ ခြေစစ်ပွဲ ဒုတိယပိုင်း၌ ပယ်နယ်တီသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ နိုင်ငံနဲ့ ကလပ်ကစားသမားဘ၀ ဂိုး၇၀၀ ပြည့်မြောက်ခဲ့ပါပြီ။ ထိုပွဲ၌ ပေါ်တူဂီဟာ ယူကရိန်းကို ၂-၁ ဖြင့်ရှူံးနိမ့်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးရှူံးပွဲပါ။ ယူကရိန်းအိမ်ကွင်း၊ အိုလံပစ်ကွင်း ၌ ပေါ်တူဂီတို့ ရှူံးနိမ့်ခဲ့ပေ မယ့် ၃၄နှစ်သားအဖို့ အမှတ်ရစရာ ပွဲ၁ပွဲဖြစ်ခဲ့ပါတယ်။ ‘ဒီလိုအနေထား လူတိုင်းမရောက်နိုင်ပါဘူး။ ကျနော် ခုလိုဖြစ်လာအောင် ကူညီပေးခဲ့တဲ့ မိတ် ဆွေ၊ အသင်းဖော်၊ နည်းပြတွေကိုလည်း ကျေးဇူးတင်ပါတယ်။…

reading now

Goal မှ ၂၀၀၉ မှ ၂၀၁၉ ထိ ၁၀စုနှစ် အကောင်းဆုံး မန်ချက်စတာယူနိုက်တက်အသင်းကို စာရင်းပြုစုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဂိုးသမား (Goal Keeper,GK) : ဒေးဗစ် ဒီဂီယာ ညာနောက်ခံ (Right Back,RB) : အန်တိုနီယို ဗလန်စီယာ ဗဟိုနောက်ခံ (Center Back,CB) : ရီယို ဖာဒီနန် ဗဟိုနောက်ခံ (Center Back,CB) : နီမန်ဂျာ ဗီဒစ် ဘယ်နောက်ခံ (Left Back,LB) : ပက်ထရစ်…

reading now

Oct 20 ၌ကစားမည့် မန်ယူ Vs လီဗာပူး ပွဲတွင် ဒိုင်လူကြီးအဖြစ် မာတင်အက်ကင်ဆန် တာ ဝန်ယူမည်ဟု ပရီးမီးယားလိဂ်က အတည်ပြုလိုက်ပါတယ်။ ၎င်းမှာ ဒီရာသီ လိဂ်ပွဲ၇ပွဲ ကိုင်တွယ်ထား ပြီး ယူနိုက်တက် ၂ကြိမ်၊ လီဗာပူး Vs မန်စီးတီး ကွန်မြူနတီဒိုင်းပွဲကိုလည်း ကိုင်တွယ်ထားပါတယ်။ ၎င်းမှာ ၄၈နှစ်ရှိပြီး ၂၀၁၅က စတီဗင်ဂျရတ်ကို ၃၈စက္ကန့်မှာပင် ထုတ်ပယ်ခဲ့ဖူးသဖြင့် ပရိတ်သတ်မ စိမ်းပေ။ ထိုနောက်ပိုင်း အက်ကင်ဆန် တာဝန်ယူသည့်ပွဲတိုင်း လီဗာပူးတို့ မရှူံးခဲ့ပေ။ ၂၀၀၉-၁၀ မှစကာ…

reading now

ကမ္ဘာ့ဖလားဆုရှင် သောမတ်မူလာ၏ ဘိုင်ယန်အနာဂတ်လှုပ်ခတ်လာရာ သူမရှိတဲ့ ကလပ် ကစားသမားဘဝကို မစဉ်းစားဖူးကြောင်း၊ သူ့အပေါ်လေးစားမှုရှိသင့်ပြီး ဇန်နဝါရီ၌ ဘိုင်ယန်မှ ထွက် ခွာနိုင်ကြောင်း အသင်းဖော်ဆာ့ချ်နာဘရီက ပြောဆိုလိုက်ပါတယ်။ ၃၀နှစ်သားက ကစားသမားဘ၀ တစ်လျှောက်လုံး ဘိုင်ယန်၌ကစားခဲ့ပေမယ့် ကလပ်၌အရေးမပါတဲ့ နေရာရောက်ရှိလာပြီးနောက် အသင်းပြောင်းရန် စီစဉ်နေတာပါ။ မူလာက နောက်ဆုံး၅ပွဲ၌ အရံခုံထိုင်ခဲ့ရပြီး လက်ရှိအခြေအနေကို မပျော်ရွှင်ဖြစ်နေကြောင်း ဒီအပါတ်အစောပိုင်းက ဝန်ခံပြောဆိုထားပါတယ်။ မူလာကိုခေါ်ယူရန် ယူနိုက်တက် ချိန်ရွယ်နေပေမယ့် ၎င်းအနာဂတ်ကို ရောင်းဝယ်သည်မှာ မှားယွင်းနေကြောင်း သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နာဘရီက ပြောဆိုလိုက် တာပါ။…

reading now

ဂျာဂျင်ကလော့ မန်ယူကို ငြင်းပယ်ခဲ့သည်မှာ စီးပွားရေးဆန်သည့် ကလပ်မူဝါဒကြောင့်ဟု ရောဘီဖောင်လာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက် ဒုဥက္ကဋ္ဌ အက်ဒ်ဝုဝါ့ဒ်ဟာ ဂလေ ဇာအတွက် အကျိုးရှိမည်ကိုသာ အမြဲပြုလုပ်နေခဲ့ပြီး ဆာအဲလက်ဖာဂူဆန် အနားယူသည့် ၂၀၁၃ မှ စကာ ကလပ်ကစားပုံစံနှုန်း ကျဆင်းလာခဲ့ပါတယ်။ ကလော့က လူးဝစ်ဗန်ဂေါမတိုင်မီ ယူနိုက်တက် ထံမှ ကမ်းလှမ်းမှုရခဲ့ပေမယ့် ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ Mirror ၌ ဖောင်လာက ‘ကျနော် ကလော့နဲ့ လွန်ခဲ့တဲ့နှစ်တွေက အင်တာဗျူးလုပ်ခဲ့ဖူးတယ်။ ချမ်းသာတဲ့ကလပ်တွေဆီက ကမ်းလှမ်းမှုရခဲ့ပေမယ့် စီးပွားရေးဆန်တဲ့မူဝါဒကိုမုန်းလို့ ငြင်းခဲ့တယ် သူပြောခဲ့တယ်။ သေချာတာ…

reading now

အိုလီဂန်နာဆိုးရှားက ယူနိုက်တက်သို့ လူ၆ဦးခေါ်ယူရန် အက်ဒ်ဝုဝါ့ဒ်ထံ စာရင်းပေးလိုက်ပြီ ဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။ ရာသီအစ ရလဒ်မကောင်းသဖြင့် ဇန်နဝါရီ၌ လူခေါ်ရန် ယူနိုက်တက်တို့ ကြံရွယ်နေတာပါ။ နွေရာသီ၌ ရိုမီလူလူကာကူနှင့် အလက်ဆစ်ဆန်းချက်တို့ ထွက် ခွာအပြီး ဇန်နဝါရီ၌ တိုက်စစ်မှူးခေါ်မည်ဟု ဆိုးရှားပြောထားပြီး ဖြစ်ပါတယ်။ သို့သော် ယူနိုက်တက်ဘုတ်အဖွဲ့က ဆန်းချက်ကဲ့သို့အကျိုးမရှိခေါ်ယူမှုဖြစ်မည်စိုးသဖြင့် နွေ ရာသီထိ စိတ်ရှည်စောင့်ကြည့်ပြီးမှ ခေါ်ယူစေလိုနေတာပါ။ လီဗာပူး ဗန်ဒိုက်ကို ၆လ စောင့်ကြည့်ပြီး ခေါ်ယူမှု အကျိုးဖြစ်ခဲ့ပုံကို နမူနာယူပြီး ယူနိုက်တက်တို့ လူခေါ်ယူလိုနေတာ ဖြစ်ပါတယ်။…

reading now

ဒီရာသီ ယူနိုက်တက်ကို ကယ်တင်နိုင်သူမှာ ဇလာတန်အီဗရာဟီမိုဗစ်သာဖြစ်ပြီး ဆွီဒင်သား ကို ပြန်လည်ခေါ်ယူသင့်ကြောင်း ကလေတွန်ဘလက်မိုးက ပြောဆိုလိုက်ပါတယ်။ မိုဗစ်ဟာ ဂျိုဇေး မော်ရင်ဟိုလက်အောက် ယူနိုက်တက်မှာ ၂၀၁၆-၁၇ တစ်ရာသီကစားခဲ့ပြီး ဆု၃ခု ရယူနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၂၈ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် ၂၀၁၈၊ မတ်၌ အမေရိကသို့ပြောင်းရွေ့ခဲ့ပြီး ၃၈ နှစ်ထိ MSL တွင် ခြေစွမ်းပြဆဲပင် ဖြစ်ပါတယ်။ မန်ယူနောက်တန်းကစားသမားဟောင်း ဘလက်မိုးက အီဗရာဟီမိုဗစ်ဟာ ပရီးမီးယားလိဂ်၌ ကစားနိုင်ဆဲဟု ယုံကြည်နေပါတယ်။ Mirror နှင့် အင်တာဗျူး၌…

reading now

မန်ချက်စတာယူနိုက်တက်က အိုင်ဗန်ရာကီတစ် အပြောင်းရွေ့ကို ဘာစီလိုနာနှင့် ဆွေးနွေး နေပြီဟု စပိန်သတင်းများအရ သိရပါတယ်။ ၃၁နှစ်သားက ဒီရာသီ ၁ပွဲသာ ပွဲထွက်ခွင့်ရထားပြီး ပြိုင်ပွဲစုံ၆ပွဲ၊ ၁၈၆မိနစ်သာ လူစားဝင်ကစားခွင့် ရထားသဖြင့် ဇန်နဝါရီ အပြောင်းရွေ့ဈေးကွက်၌ ခရို အေးရှားလက်ရွေးစင်အား ရောင်းချရန် ဘာစီလိုနာ စာရင်းတင်လိုက်ပြီ ဖြစ်ပါတယ်။   ယူနိုက်တက်က ဘာစီလိုနာနှင့် အကြိုသဘောတူညီမှုရထားပြီး ကွင်းလယ်လူအဖို့ ယူရို သန်း၄၀ (ပေါင်၃၄သန်း) တောင်းဆိုထားကြောင်း Sport သတင်းအရ သိရပါတယ်။ အင်တာမီလန် လည်း အိုင်ဗန်ရာကီတစ်ကိုခေါ်ယူဖို့ ယူနိုက်တက်နှင့်…

reading now

error: Content is protected !!