All posts by ANT

စပိန်သတင်းများ။ ရီးရဲက လစ်ပ်ဇစ်မှ ရှေ့တန်း အဲလင်ဟော်လန် နှင့် ဒေါ့မွန်မှ တောင်ပံ ဂျေဒန်ဆန်တို့ကို နွေ ရာသီ၌ ခေါ်ယူလိုနေပြီး ယူနိုက်တက်နှင့် ပြိုင်ရဖွယ်ရှိနေပါတယ်။ (El Desmarque) ရီးရဲမှ အာဆင်နယ်သို့ အငှားထွက်ကစားနေတဲ့ ဒန်နီဆီဘိုင်ယိုဟာ လော့စ်ဘလန့်ကို့စ် ဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်နှင့် အပြီးသတ်ပြောင်းရွေးရေး ဆွေးနေနေပါတယ်။ (El Desmarque) ဘာစီလိုနာ၊ မန်စီးတီး၊ ဆီဗီလာတို့ဟာ အန်ဒါလက်ချ်၏ ၁၉နှစ်သား ကွင်းလယ်လူ အဲလ် ဘတ်ဆမ် ဘီလိုကွန်ဂါကို ခေါ်ယူ ရန်စိတ်ဝင်စားနေပါတယ်။ (Marca) ရီးရဲနည်းပြဇီးဒန်းက…

reading now

ဖရန့်လမ်းပတ်က ခလုဒ်မက်ခလီလီ၏ထောက်ခံမှုကြောင့် အက်တလန်တာစတား ရူစလန် မန်လွန်နော့စကီးကို ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။ မယ်လွန်နော့စကီးဟာ စီးရီးအေ ၌ ခြေစွမ်းပြနေပြီး မက်ခလီလီက ၂၆နှစ်သားကို ကင်းထောက်နေတာပါ။ ချယ်ဆီးက အပြောင်းရွေ့ ပိတ်ပင်ခံရမှုမှ လွတ်မြောက်လျှင် မယ်လွန်နော့စကီးကို ခေါ်ယူလိုနေသည်ဟု Express က ဖော်ပြ ခဲ့သည်။ ခြင်္သေ့ပြာ၁ဦးဖြစ်ခဲ့တဲ့ မက်ခလီလီဟာ ဒီရာသီလမ်းပတ်အတွက် ကင်းထောက်လုပ်ပေးနေ ပြီး မယ်လွန်နော့စကီးကို ယူကရိန်း နိုင်ငံတကာပွဲ၌ စောင့်ကြည့်ခဲ့တာပါ။ ချယ်ဆီးဟာ မယ်လွန်နော့စကီး၏ အန်တလန်တာ၌ စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် စောင့်ကြည့်လျက် ရှိပါတယ်။…

reading now

စူပါဆန်းဒေးက မန်ယူနှင့် လီဗာပူးတို့ ၁ဂိုးစီ သရေကျခဲ့ပြီး ပွဲအစပိုင်း ပွဲအဖြေပြောင်းလဲနိုင် တဲ့ကစားမှုမျိုး ကင်းမဲ့နေခဲ့ပေမယ့် နောက်ပိုင်းမှာ VAR ဆုံးဖြတ်ချက် ၂ခုကြောင့် ပွဲဆူလာခဲ့ပါတယ်။ ၃၆ မိနစ်၌ ရပ်ဖို့ဒ်သွင်းယူခဲ့သည့်ဂိုးမှာ အိုရီဂီအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့သည်ဟု လီဗာပူးတို့ စေဒက တက်ခဲ့ပေမယ့် VAR ကြောင့် ဂိုးအဖြစ်ခွင့်ပြုခဲ့ပါတယ်။ ၄၄မိနစ်၌ ဆာဒီယိုမာနေး ဂိုးသွင်းယူခဲ့သော် လည်း VAR ကြောင့် လက်ထိဘောအဖြစ်သာ သတ်မှတ်ခဲ့ပြီး ဂိုးမပေးခဲ့ပေ။ အဆိုပါ ဆုံးဖြတ်ချက် ၂ခုကို အိမ်ရှင်ပရိတ်သတ်များ သြဘာပေးခဲ့ကြပေမယ့် လီဗာပူးအတွက်မူ…

reading now

ချယ်ဆီးဟာ အနှုတ်လက္ခဏာဆောင်တဲ့ ဘောလုံးရာသီများ ဖြတ်သန်းခဲ့ရပါတယ်။ အန်တို နီယိုကွန်တီ၏ဒုတိယရာသီ လေထဲဖုန်မှုန့်ကဲ့သို့ ပျောက်ကွယ်သွားမှု၊ မော်ရီဇီယိုဆာရီ၏ ကွင်းတွင်း အောင်မြင်ခြင်း သဘောကွဲလွဲမှု၊ ရံဖန်ရံခါ ကွင်းတွင်းသဘောကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ သို့သော် ဖရန့်လမ်းပတ်တာဝန်ယူချိန်မှ ချယ်ဆီးအပေါ်သဘောထားများ အပြောင်းလဲကြီး ပြောင်းလဲခဲ့ကြပါတယ်။ ပက်ဂွာဒီယိုလာပင် ထိုအကြောင်းကိုသထိထားမိပြီး အင်တာဗျူးတွင် ထုတ် ဖော်ပြောကြားခဲ့ပါတယ်။ ‘လီဗာပူးလုပ်ပြနေတာ မယုံနိုင်စရာပဲ။ ဒါပေမယ့် ချယ်ဆီးနဲ့ အာဆင်နယ်ကလည်း ကောင်း သထက်ကောင်းလာနေတယ်။ သူတို့အဆင့်က တဖြည်းဖြည်းမြင့်လာနေပါတယ်။’ ဟု အင်တာဗျူး အမေးကို ကတ်တလန်နည်းပြက အဆောတလျင်ပင် ဖြေကြားခဲ့ပါတယ်။…

reading now

မန်ချက်စတာယူနိုက်တက်က ဆော်ဒီတော်ဝင်မျိုးနွယ်များမှ ကမ်းလှမ်းချက်၂ခုကို ငြင်းပယ် ခဲ့ပြီးဖြစ်သည်။ ယူနိုက်တက်ကို ၂၀၀၅ ခုနှစ်က ပိုင်ဆိုင်ခဲ့တဲ့ ဂလေဇာတို့ဟာ စုပေါင်းရှယ်ရာ ၉၀ % ကို ရောင်းချရန်ဆန္ဒမရှိဟု ယတိပြတ်ဆုံးဖြတ်ထားပါတယ်။ လွန်ခဲ့တဲ့၅နှစ်က သေဆုံးခဲ့သည့် ပိုင်ရှင် မယ်လ်ကွန်ဂလေဇာက ရှယ်ရာများကို ဂျိူးနှင့် အေဗရမ်ဂလေဇာတို့ မွေးချင်း၆ဦးကို ခွဲပေးခဲ့တာဖြစ် ပါတယ်။ ဂလေဇာတို့က ဆော်ဒီတောင်ဝင်မျိုးနွယ်ထံမှ ပေါင်၃ဘီလျံ ကမ်းလှမ်းချက်ကိုပင် ငြင်းပယ် ခဲ့တာဖြစ်ကြောင်း Daily Star အရ သိရပါတယ်။ ကယ်ဗင်ဂလေဇာက ယူနိုက်တက်ရှိ ၎င်း၏ရှယ်ရာ၁၃%ကို ရောင်းချရန်ပြင်ဆင်နေကြောင်း…

reading now

အိုလီဂန်နာဆိုးရှားဟာ မန်ချက်စတာယူနိုက်တက်၌ ပြောင်းရွေ့ကြေး ပေါင်သန်း၃၀၀ သုံးစွဲ ခဲ့ပြီးဖြစ်သည်။ ဆိုးရှား နည်းပြလုပ်သည်မှာ မကြာသေးပေမယ့် ငယ်ရွယ်ခြေစွမ်းထက်သည့် ဟယ်ရီ မက်ဂွိုင်းယား၊ အေရွန်ဝမ်ဘစ်ဆာကာ၊ ဒယ်နီရယ်ဂျိမ်းစ်တို့ကို ဈေးကြီးပေးခေါ်ယူထားပါတယ်။ ၎င်း က လူထပ်ခေါ်ယူလိုတဲ့ဆန္ဒကို လျှို့ဝှက်မထားသကဲ့သို့ ကလပ်လည်း နောက်နွေရာသီ၌ အပြောင်း ရွေ့ကြီးများ များစွာပြုလုပ်ရန် အသင့်ဖြစ်နေပါတယ်။ ယူနိုက်တက်က ဂျိမ်းစ်မက်ဒီဆင်၊ မူဆာဒမ်ဘီလီတို့ကို ယခင်ကလည်း ခေါ်ယူလိုခဲ့ကြောင်း Mail ကရေးသားခဲ့ပါတယ်။ ၂ဦးလုံးကို ဇန်နဝါရီ၌ ခေါ်ယူမရပေမယ့် လိုင်ယွန်နှင့် လက်စတာစီးတီး တိုက်စစ်ကစားသမားများကို ခေါ်ယူရန် နောက်နွေရာသီထိ…

reading now

မနှစ်က မန်ယူနှင့် ချယ်လ်ဆီးတို့ဟာ လီဗာပူးနှင့်မန်စီးတီးတို့ကို လိုက်မှီရန်ရုန်းကန်ခဲ့ရပေမယ့် ဆိုရှယ်မီဒီယာပရီးမီးယားလိဂ်၌မူ ဦးဆောင်လျက်ရှိသည်။ သို့သော် twitter instagram FBတို့မှာ follower ၂၀၀ ကျော်ရှိတဲ့ လာလီဂါဘီလူးကြီး ရီးရဲနှင့် ဘာကာတို့ကိုမူ လိုက်မမှီနိုင်သေးပေ။ **** ရီးရဲနည်းပြ ဇီးဒန်းလည်း ဆိုရှယ်မီဒီယာ ၃ခု၌ Follower များစွာရှိသူဖြစ်သည်။ စပိန်ဘီလူးကြီးရီးရဲဟာ ချန်ပီယံလိဂ်၁၃ ကြိမ် ရရှိမှုကြောင့် ကမ္ဘာအနှံ လူသိများစေကာ twitter ၌ follower ၃၃သန်း instagram ၌ ၇၈.၉သန်း Fb ၌…

reading now

ဒီနွေရာသီက မန်ချက်စတာယူနိုက်တက်ဟာဂျာအိုဖီးလစ်ကို ခေါ်ယူနိုင်မယ့် အခွင့်ရေးရခဲ့ပါတယ်။ သို့သော်လည်း အိုးထရက်ဖို့ဒ် တာဝန်ရှိသူများက၁၉နှစ်သား၏ အင်္ဂလန်၌ ကစားနိုင်မည့် အခွင့်ရေးကို သိမ်းဆည်းထားခဲ့ပါတယ်။ ဘင်ဖီကာနှင့်ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းပေါင် ၁၁၃သန်းကို အက်သလက်တီကိုမက်ဒရစ်မှ ပေးချေပြီးနောက် ပြောင်းရွေ့သွားခဲ့ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုလက်သစ်ဟု ကင်ပွန်းတပ်ခံထားရတဲ့ ပေါ်တူဂီလက်ရွေးစင်ဟာ အက်သလက်တီကို၌ ခြေစွမ်းပြနိုင်ခဲ့ပြီး ဘာစီလိုနာသို့ ပြောင်းရွေ့သွားတဲ့ အန်တိုနီဂရက်ဇ်စမန်း နေရာကို ဖြည့်ဆည်းထားနိုင်ပါတယ်။ ဖီးလစ်ဟာ မန်ချက်စတာယူနိုက်တက် ကစားသမား၁ဦး သေချာပေါက်ဖြစ်လာနိုင်မည့် အခွင့်ရေးရခဲ့သည်ဟု The Athletic အရ သိရသည်။ သရဲနီတာဝန်ရှိသူများဟာ နွေရာသီက ဘင်ဖီကာတာဝန်ရှိသူများနှင့်ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ပါတယ်။…

reading now

အာဆင်နယ်တို့ ခေါ်ယူလိုနေသော ဘွန်ဒက်စလီဂါမှ ဒေးယို့အာပေးခါနိုကို နောက်နွေရာသီ၌လျော့ဈေးဖြင့် ရက်ဘူးလ်လစ်ပ်ဇစ် ရောင်းချမည်ဖြစ်ကြောင်း သတင်းများအရသိရပါတယ်။ ၂၀နှစ်သားက နွေရာသီအပြောင်းရွေ့ဈေးကွက်၌ ဂန်းနားတို့ပစ်မှတ်ဖြစ်ခဲ့ပြီး ပေါင်၅၅သန်းတန်ကမ်းလှမ်းမှု ငြင်းပယ်ခံရပြီး အပြောင်းရွေ့ ပျက်ပြယ်ခဲ့ရတာပါ။ ထို့ကြောင့် အာဆင်နယ်ဟာ ချယ်ဆီးမှ ဒေးဗစ်လူးဝစ်ကို ခေါ်ယူခဲ့ပါတယ်။ သို့သော်လည်းဘရာဇီးသားဟာ အာဆင်နယ်ရဲ့ ခံစစ်ပြဿနာအတွက် ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။ ထိုချိန်မှစကာ အာပေးခါနို၏ စာချုပ်ဖျက်သိမ်းကြေးမှာ ပေါင်၅၃သန်းထိ လျော့ကျသွားပြီးရာသီမကုန်ခင်ထိ စာချုပ်သစ်မချုပ်ခင်ထိ ထို ဈေးပင် ဖြစ်နေမှာပါ။ ကစားသမား၏ စာချုပ်ဖျက်သိမ်းကြေး ပေါင်၈၆ သန်းဟာ ၁နှစ်လျှင် ပေါင်၁၇သန်း လျော့ကျသွားမည်ဖြစ်ပြီး…

reading now

မန်ချက်စတာယူနိုက်တက်၏ ဗဟိုခံစစ်ကစားသမားရှာပုံတော်က ပရီးမီးယားလိဂ်အပြောင်းရွေ့နောက်ဆုံးထိ အသက်ဝင်ခဲ့ပြီး နောက်ဆုံး၌ ဟယ်ရီမက်ဂွိုင်းယားကို ပေါင်သန်း၈၀ ကျော်နှင့် ခေါ်ယူ​ခြင်းဖြင့် အဆုံးသတ်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ အိုးထရက်ဖို့ဒ်ကလပ်၏ အဓိကပုံရိပ်ဖြစ်နေပြီး ဆိုးရှားကလည်းနောက်တန်း၌ လိုအပ်ချက်ကို ဖြည့်ဆည်းကစားနိုင်သူဟု အရည်ချင်းကို ချီးကျူးထားပါတယ်။ သို့သော် ကာလီဒူကူလီဘာလီလို အစောပိုင်းက ခေါ်ယူရန် ရည်ရွယ်ထားသူများကိုမူ မရခဲ့ပေ။ နာပိုလီအသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တစ်ဟာ ဆီနီဂေါကြယ်ပွင့် မန်ချက်စတာယူနိုက်တက်၏ ပေါင်၁၀၅သန်းဖြင့် ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့ကြောင်း Gazzetta dello Sport ကထုတ်ဖော်ရေးသားခဲ့သည်။ အစောပိုင်း ကလပ်အမည်မဖော်ပြခဲ့ပေမယ့်နောက်ပိုင်း၌ ကမ်းလှမ်းသည့်ကလပ်မှာ မန်ချက်စတာယူနိုက်တက် ဖြစ်သည်ဟု…

reading now

error: Content is protected !!