[UNICODE] တစ်ကယ့် ဘောလုံး သရဲဖန်တွေတောင် တစ်ချို့ စည်းကမ်းတွေကို မကြားဖူးလောက်ပါဘူး။ ဒီထဲမှာ ထူးခြားဆန်းကြယ်သောပြီး သဘာဝ ယုတ္တိနှင့် မညီသော တဲ့ ဘောလုံး စည်းမျဉ်းစည်းကမ်း ၅ ခုကို Daily Star က နေ ဖော်ပြလိုက်ပါတယ်။

ပြိုင်ဘက် ပြစ်ဒဏ်ဘော ကနေ ကိုယ့်အသင်းဘက်ကို Own-Goal သွင်းလို့မရ
ထူးဆန်းတဲ့စည်းကမ်း တစ်ခုကတော့ ပြိုင်ဘက် အသင်း က နေ ရတဲ့ ပြစ်ဒဏ်ဘော ကနေတစ်ဆင့် သင့်အသင်းဘက်ကို Own Goal သွင်းမလို့မရဘူးဆိုတာပါပဲ။ FA စည်းကမ်းမှာ ‘တစ်ကယ်လို့ တစ်ဖက် အသင်းကနေ ဒါရိုက် ဒါမှမဟုတ် indirect ပြစ်ဒဏ်ဘော ကနေတစ်ဆင့် အသင်းရဲ့ ဂိုးထဲ ဝင်သွားခဲ့ရင် တစ်ဖက် အသင်းကို ထောင့်ကန်ဘောပေးရပါမယ်။’ ဆိုပြီးတော့ ပါပါတယ်။

ပွဲမစခင် ထုတ်ပယ်ခံရနိူင်တယ်
တစ်ကယ်လို့ ၂ ဖက်အသင်းက ပွဲမစခင်မှာ အငြင်းပွားဖွယ် ပြသနာ ဖြစ်လာခဲ့ရင် ဒိုင်လူကြီးအနေနဲ့ ကစားသမား ဒါမှမဟုတ် နည်းပြတွေကို ထုတ်ပယ်နိူင်တဲ့ အခွင့်အာဏာ အပြည့် ရှိပါတယ်။ ဒီစည်းကမ်းမှာတော့ ‘အသင်း လူစာင်းထဲမှာ ပါဝင်ပြီး အဲလူက ပွဲမစခင် ထုတ်ပယ်ခံရခဲ့သည် ရှိသော် အရံထဲက တစ်ယောက်နဲ့ အစားထိုးရပါမယ်။ လူးစားလဲခွင့်ကတော့ ဆုံးရှုံးမှာ မဟုတ်ပါဘူး။’

ပင်နယ်တီ ကန်ရမည့်သူများ အသင်းတွေမှ ညီတူညီမျှ ဖြစ်ရပါမယ်
အသင်းက ၂ သင်းက နာကျင်အချိန်ပို မှာ ပင်နယ်တီ ကန်ခဲ့ရမယ်ဆိုရင် ၂ သင်းလုံး ကစားသမားတွေ ညီတူမျှတူ ကန်ရပါမယ်။ နာကျင် အချိန်ပိုမှာ ပင်နယ်တီ ကန်ခဲ့ရရင် တစ်ဖက် အသင်းက လူ ၉ ယောက်သာ ရှိခဲ့ရင် ၁၁ ယောက် ရှိတဲ့ အသင်းက လူ ၂ ယောက်က ပင်နယ်တီ ကန်မယ့် စာရင်းထဲ ပါဝင်လို့မရပါဘူး။

လက်ပစ်ဘော ကနေ Own Goal မပေးရနိူင်
အပေါ်က ပြစ်ဒဏ်ဘော ကနေတစ်ဆင့် သင့်အသင်းဘက်ကို Own Goal သွင်းမလို့မရဘူးဆို သလို ကိုယ်အသင်းက ဂိုးသမားကို လက်ပစ်ဘော ကနေ တစ်ဆင့် ပေးခဲ့လို့ ဂိုးသမား မဖမ်းနိူင်ပဲ ဂိုးထဲ ဝင်သွားခဲ့ရင် ဂိုးအဖြစ် သတ်မှတ်လို့မရပါဘူး။ လက်ပစ်ဘော ပေးလို့ တစ်ကယ်လို့ ဘယ်သူနဲ့မှ မထိပဲ ဂိုးဝင်သွားခဲ့ရင် own ဂိုး မသတ်မှတ်ပဲ တစ်ဖက် အသင်းကို ကော်နာ ပေးမှာပါ။

လေလျော့နေတဲ့ ဘောလုံးနဲ့ ဂိုးသွင်းလို့မရနိူင်
တစ်ကယ်လို့ တိုက်စစ်မှူးက ကန်လိုက်လို့ ဘောလုံးက တစ်ဖက် ဂိုးသမား မကာကွယ်နိူင်သေးခင် လေပေါ်မှာ လေလျှော့သွားခဲ့ရင် ဒါကို ဂိုးလို့ မသတ်မှတ်ပါဘူး။ အဲလို အချိန်မှာ ပွဲကို ရပ်နားပြီး ဘောလုံးအသစ် နဲ့ ပြန်စရမှာပါ။ ‘တစ်ကယ်လို့ ဘောလုံးက ပင်နယ်တီ ဒါမှမဟုတ် တစ်ခြား တစ်ခြား ပြစ်ဒဏ်ဘော ကန်နေစဉ်အတွင်း ဂိုးတိုင် သို့မဟုတ် တစ်ခြားကစားသမား မထိခင် ချိုးယွင်း ခဲ့သည်ရှိသော် ပင်နယ်တီ ပြန်ကန်ရမယ်။ ’လို့ စည်းမျဉ်းပါပါတယ်။
SOURCE : DAILY STAR
[ZAWGYI] တစ္ကယ့္ ေဘာလုံး သရဲဖန္ေတြေတာင္ တစ္ခ်ိဳ႕ စည္းကမ္းေတြကို မၾကားဖူးေလာက္ပါဘူး။ ဒီထဲမွာ ထူးျခားဆန္းၾကယ္ေသာၿပီး သဘာဝ ယုတၱိႏွင့္ မညီေသာ တဲ့ ေဘာလုံး စည္းမ်ဥ္းစည္းကမ္း ၅ ခုကို Daily Star က ေန ေဖာ္ျပလိုက္ပါတယ္။

ၿပိဳင္ဘက္ ျပစ္ဒဏ္ေဘာ ကေန ကိုယ့္အသင္းဘက္ကို Own-Goal သြင္းလို႔မရ
ထူးဆန္းတဲ့စည္းကမ္း တစ္ခုကေတာ့ ၿပိဳင္ဘက္ အသင္း က ေန ရတဲ့ ျပစ္ဒဏ္ေဘာ ကေနတစ္ဆင့္ သင့္အသင္းဘက္ကို Own Goal သြင္းမလို႔မရဘူးဆိုတာပါပဲ။ FA စည္းကမ္းမွာ ‘တစ္ကယ္လို႔ တစ္ဖက္ အသင္းကေန ဒါ႐ိုက္ ဒါမွမဟုတ္ indirect ျပစ္ဒဏ္ေဘာ ကေနတစ္ဆင့္ အသင္းရဲ႕ ဂိုးထဲ ဝင္သြားခဲ့ရင္ တစ္ဖက္ အသင္းကို ေထာင့္ကန္ေဘာေပးရပါမယ္။’ ဆိုၿပီးေတာ့ ပါပါတယ္။

ပြဲမစခင္ ထုတ္ပယ္ခံရႏိူင္တယ္
တစ္ကယ္လို႔ ၂ ဖက္အသင္းက ပြဲမစခင္မွာ အျငင္းပြားဖြယ္ ျပသနာ ျဖစ္လာခဲ့ရင္ ဒိုင္လူႀကီးအေနနဲ႔ ကစားသမား ဒါမွမဟုတ္ နည္းျပေတြကို ထုတ္ပယ္ႏိူင္တဲ့ အခြင့္အာဏာ အျပည့္ ရွိပါတယ္။ ဒီစည္းကမ္းမွာေတာ့ ‘အသင္း လူစာင္းထဲမွာ ပါဝင္ၿပီး အဲလူက ပြဲမစခင္ ထုတ္ပယ္ခံရခဲ့သည္ ရွိေသာ္ အရံထဲက တစ္ေယာက္နဲ႔ အစားထိုးရပါမယ္။ လူးစားလဲခြင့္ကေတာ့ ဆုံးရႈံးမွာ မဟုတ္ပါဘူး။’

ပင္နယ္တီ ကန္ရမည့္သူမ်ား အသင္းေတြမွ ညီတူညီမွ် ျဖစ္ရပါမယ္
အသင္းက ၂ သင္းက နာက်င္အခ်ိန္ပို မွာ ပင္နယ္တီ ကန္ခဲ့ရမယ္ဆိုရင္ ၂ သင္းလုံး ကစားသမားေတြ ညီတူမွ်တူ ကန္ရပါမယ္။ နာက်င္ အခ်ိန္ပိုမွာ ပင္နယ္တီ ကန္ခဲ့ရရင္ တစ္ဖက္ အသင္းက လူ ၉ ေယာက္သာ ရွိခဲ့ရင္ ၁၁ ေယာက္ ရွိတဲ့ အသင္းက လူ ၂ ေယာက္က ပင္နယ္တီ ကန္မယ့္ စာရင္းထဲ ပါဝင္လို႔မရပါဘူး။

လက္ပစ္ေဘာ ကေန Own Goal မေပးရႏိူင္
အေပၚက ျပစ္ဒဏ္ေဘာ ကေနတစ္ဆင့္ သင့္အသင္းဘက္ကို Own Goal သြင္းမလို႔မရဘူးဆို သလို ကိုယ္အသင္းက ဂိုးသမားကို လက္ပစ္ေဘာ ကေန တစ္ဆင့္ ေပးခဲ့လို႔ ဂိုးသမား မဖမ္းႏိူင္ပဲ ဂိုးထဲ ဝင္သြားခဲ့ရင္ ဂိုးအျဖစ္ သတ္မွတ္လို႔မရပါဘူး။ လက္ပစ္ေဘာ ေပးလို႔ တစ္ကယ္လို႔ ဘယ္သူနဲ႔မွ မထိပဲ ဂိုးဝင္သြားခဲ့ရင္ own ဂိုး မသတ္မွတ္ပဲ တစ္ဖက္ အသင္းကို ေကာ္နာ ေပးမွာပါ။

ေလေလ်ာ့ေနတဲ့ ေဘာလုံးနဲ႔ ဂိုးသြင္းလို႔မရႏိူင္
တစ္ကယ္လို႔ တိုက္စစ္မႉးက ကန္လိုက္လို႔ ေဘာလုံးက တစ္ဖက္ ဂိုးသမား မကာကြယ္ႏိူင္ေသးခင္ ေလေပၚမွာ ေလေလွ်ာ့သြားခဲ့ရင္ ဒါကို ဂိုးလို႔ မသတ္မွတ္ပါဘူး။ အဲလို အခ်ိန္မွာ ပြဲကို ရပ္နားၿပီး ေဘာလုံးအသစ္ နဲ႔ ျပန္စရမွာပါ။ ‘တစ္ကယ္လို႔ ေဘာလုံးက ပင္နယ္တီ ဒါမွမဟုတ္ တစ္ျခား တစ္ျခား ျပစ္ဒဏ္ေဘာ ကန္ေနစဥ္အတြင္း ဂိုးတိုင္ သို႔မဟုတ္ တစ္ျခားကစားသမား မထိခင္ ခ်ိဳးယြင္း ခဲ့သည္ရွိေသာ္ ပင္နယ္တီ ျပန္ကန္ရမယ္။ ’လို႔ စည္းမ်ဥ္းပါပါတယ္။
SOURCE : DAILY STAR