28-Jan-2022 အေစာဆံုး သတင္းမ်ား

[UNICODE]

1-Diego-Simeone-Kieran-Trippier
IMAGE: GOAL

⚽ အင်္ဂလန်နောက်ခံလူ ထရစ်ပီယာက အသင်းဟောင်း အက်သလက်တီကိုမှာတုန်းက နည်းပြဆီမြွန်နီဟာ အသင်းလိုက် လေ့ကျင့်ခန်းပြီးတိုင်း သူနဲ့ တစ်ယောက်ချင်းစီ တစ်နာရီခွဲကြာအောင် လေ့ကျင့်ခန်း ဆက်လက်ပြုလုပ်ကြောင်း၊ ဆီမြွန်နီက မိမိကို များစွာ ကူညီပေးခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

1496
IMAGE: GOAL

⚽ ချဲလ်ဆီးကစားသမားဟောင်း ကန်ဒီကတော့ တိုက်စစ်မှူးလူကာကူအနေနဲ့ လတ်တလော ခြေစွမ်းကျဆင်းနေခြင်းမှာ အစွန်နောက်ခံလူတွေဖြစ်ကြတဲ့ ရီစီဂျိမ်းစ်နဲ့ ချီဝဲလ်တို့ မပါဝင်ခြင်းကြောင့်ဖြစ်ကြောင်း၊ အဆိုပါ ကစားသမားနှစ်ယောက်ဟာ ချဲလ်ဆီးရဲ့ အရေးပါဆုံးတွေဖြစ်ကြပြီး လူကာကူအနေနဲ့လည်း သူတို့ကိုလိုအပ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

53419611-0-image-a-101-1643244591070
IMAGE: GOAL

⚽ ပီအက်စ်ဂျီကွင်းလယ်လူ ဟာရဲရားကတော့ အန်ဒွမ်ဘီလီကို ခေါ်ယူဖို့ရာ အပြောင်းအရွှေ့တစ်စိတ်အပိုင်းအဖြစ် စပါးကို ပြောင်းရွှေ့လိုခြင်း မရှိကြေငာ်း သိရပါတယ်။ ဟာရဲရားအနေနဲ့ လက်ရှိပီအကစ်ဂျီမှာ ပျော်ရွှင်လျက်ရှိနေပြီး တကယလို့ ပရီးမီးယားလိဂ်ကိုပြန်ရမယ်ဆိုရင် မန်ယူကလွဲပြီး တခြားအသင်းကို ပြောင်းမှာ မဟုတ်ကြော်ငးလည်း သိရပါတယ်။

f5320b1527a93886b79eba94cdf459cde797651e
IMAGE: GOAL

⚽ တိုက်စစ်ပိုင်း ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ကတော့ နာပိုလီတိုက်စစ်မှူးအိုရှင်ဟန်ဘက်ကို မြားဦးလှည့်လာခဲ့ပါပြီ။ အာဆင်နယ်ဟာ ဗလာဟိုဗစ်ကို အဓိကပစ်မှတ်ထားခဲ့ပြီး နောက်ဆုံး ခေါ်ယူနိုင်ချေမရှိတော့တာပါ။ နာပိုလီကတော့ သူတို့ရဲ့ တိုက်စစ်မှူးအတွက် ယူရိုသန်း ၇၀ တောင်းဆိုထားပါတယ်။

Neymar-1020x574
IMAGE: GOAL

⚽ ပီအကစ်စ်ဂျီတိုက်စစ်မှူးနေမာရဲ့ ဒဏ်ရာအခြေအနေဟာ တိုးတက်မှုရှိနေပြီး အခြေအနေကောင်းမွန်လျက်ရှိနေကြောင်း သိရပါတယ်။ နေမာဟာ မကြာခင် အသင်းလူစာရင်းမှာ ပြန်ပါလာနိုင်မှာဖြစ်ပြီး နည်းပြပိုချက်တီနိုကတော့ ရီးရဲနဲ့ ယှဉ်ပြိုင်မဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နေမာပါဝင်လာဖို့ မျှော်လင့်နေပါတယ်။

Ousmane-Dembele-Barcelona-La-Liga-2021-22
IMAGE: GOAL

⚽ ဘာစီလိုနာနည်းပြ ဇာဗီကတော့ တောင်ပံကစားသမား ဒမ်ဘီလီကို အနာဂတ်နဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။ ဒမ်ဘီလီအနေနဲ့ စာချုပ်သက်တမ်းတိုးရင်တိုး၊ မတိုးရင် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာရမှာဖြစ်ကြောင်း၊ တကယ်လို့ နှစ်ခုစလုံးကို လက်မခံဘူးဆိုရင် လက်ကျန်ရာသီဝက်မှာ ကစားခွင့်ရမှာမဟုတ်ကြော်ငး ဇာဗီက ဆိုခဲ့တာပါ။

pietro-pellegri-posa-con-la-camiseta-del-torino-torinofc-1906
IMAGE: GOAL

⚽ စီးရီးအေထိပ်သီးကလပ် အေစီမီလန်အနေနဲ့ မိုနာကိုကနေ အငှားနဲ့ခေါ်ယူထားတဲ့ ကြယ်ပွင့်တိုက်စစ်မှူး ပယ်လီဂရီကို စောစောစီးစီးစာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အခုအခါ ၂၀ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ နောက်ထပ် စီးရီးအေကလပ်အသင်းဖြစ်တဲ့ တိုရီနိုကို အငှားနဲ့ ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

skysports-doucoure-everton-5653899
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အနေနဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရလျက်ရှိနေတာပါ။ ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိပြီး လူစားလဲခံခဲ့ရတဲ့ ကွင်းလယ်လူ ဒူကိုရီအနေနဲ့ အနည်းဆုံး ၄ ပတ်အနားယူရမှာဖြစ်သလို လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ ဖာဘီယန်ဒဲဟာလည်း ၄ ပတ် နားရမှာပါ။

[ZAWGYI]

1-Diego-Simeone-Kieran-Trippier
IMAGE: GOAL

⚽ အဂၤလန္ေနာက္ခံလူ ထရစ္ပီယာက အသင္းေဟာင္း အက္သလက္တီကိုမွာတုန္းက နညး္ျပဆီျမြန္နီဟာ အသင္းလိုက္ ေလ့က်င့္ခန္းၿပီးတုိင္း သူနဲ႔ တစ္ေယာက္ခ်င္းစီ တစ္နာရီခြဲၾကာေအာင္ ေလ့က်င့္ခန္း ဆက္လက္ျပဳလုပ္ေၾကာင္း၊ ဆီျမြန္နီက မိမိကို မ်ားစြာ ကူညီေပးခဲ့ေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။

1496
IMAGE: GOAL

⚽ ခ်ဲလ္ဆီးကစားသမားေဟာင္း ကန္ဒီကေတာ့ တိုက္စစ္မွဴးလူကာကူအေနနဲ႔ လတ္တေလာ ေျခစြမ္းက်ဆင္းေနျခင္းမွာ အစြန္ေနာက္ခံလူေတြျဖစ္ၾကတဲ့ ရီစီဂ်ိမ္းစ္နဲ႔ ခ်ီ၀ဲလ္တုိ႔ မပါ၀င္ျခင္းေၾကာင့္ျဖစ္ေၾကာင္း၊ အဆုိပါ ကစားသမားႏွစ္ေယာက္ဟာ ခ်ဲလ္ဆီးရဲ႕ အေရးပါဆံုးေတြျဖစ္ၾကၿပီး လူကာကူအေနနဲ႔လည္း သူတုိ႔ကိုလိုအပ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

53419611-0-image-a-101-1643244591070
IMAGE: GOAL

⚽ ပီအက္စ္ဂ်ီကြငး္လယ္လူ ဟာရဲရားကေတာ့ အန္ဒြမ္ဘီလီကို ေခၚယူဖို႔ရာ အေျပာင္းအေရႊ႕တစ္စိတ္အပိုင္းအျဖစ္ စပါးကို ေျပာင္းေရႊ႕လုိျခင္း မရွိေၾကငာ္း သိရပါတယ္။ ဟာရဲရားအေနနဲ႔ လက္ရွိပီအကစ္္ဂ်ီမွာ ေပ်ာ္ရႊင္လ်က္ရွိေနၿပီး တကယလို႔ ပရီးမီးယားလိဂ္ကိုျပန္ရမယ္ဆုိရင္ မန္ယူကလြဲၿပီး တျခားအသင္းကို ေျပာင္းမွာ မဟုတ္ေၾကာ္ငးလည္း သိရပါတယ္။

f5320b1527a93886b79eba94cdf459cde797651e
IMAGE: GOAL

⚽ တုိက္စစ္ပိုင္း ျပႆနာကို ေျဖရွင္းဖို႔ ႀကိဳးပမ္းေနတဲ့ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္ကေတာ့ နာပိုလီတုိက္စစ္မွဴးအိုရွင္ဟန္ဘက္ကို ျမားဦးလွည့္လာခဲ့ပါၿပီ။ အာဆင္နယ္ဟာ ဗလာဟိုဗစ္ကို အဓိကပစ္မွတ္ထားခဲ့ၿပီး ေနာက္ဆံုး ေခၚယူႏုိင္ေခ်မရွိေတာ့တာပါ။ နာပိုလီကေတာ့ သူတုိ႔ရဲ႕ တုိက္စစ္မွဴးအတြက္ ယူရိုသန္း ၇၀ ေတာင္းဆိုထားပါတယ္။

Neymar-1020x574
IMAGE: GOAL

⚽ ပီအကစ္စ္ဂ်ီတိုက္စစ္မွဴးေနမာရဲ႕ ဒဏ္ရာအေျခအေနဟာ တုိးတက္မႈရွိေနၿပီး အေျခအေနေကာင္းမြန္လ်က္ရွိေနေၾကာင္း သိရပါတယ္။ ေနမာဟာ မၾကာခင္ အသင္းလူစာရင္းမွာ ျပန္ပါလာႏုိင္မွာျဖစ္ၿပီး နညး္ျပပိုခ်က္တီႏုိကေတာ့ ရီးရဲနဲ႔ ယွဥ္ၿပိဳင္မဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေနမာပါ၀င္လာဖုိ႔ ေမွ်ာ္လင့္ေနပါတယ္။

Ousmane-Dembele-Barcelona-La-Liga-2021-22
IMAGE: GOAL

⚽ ဘာစီလိုနာနည္းျပ ဇာဗီကေတာ့ ေတာင္ပံကစားသမား ဒမ္ဘီလီကို အနာဂတ္နဲ႔ ပတ္သက္ၿပီး ျပတ္ျပတ္သားသား ေျပာၾကားခဲ့ပါတယ္။ ဒမ္ဘီလီအေနနဲ႔ စာခ်ဳပ္သက္တမ္းတိုးရင္တုိး၊ မတိုးရင္ ဇန္န၀ါရီမွာ အသင္းကေန ထြက္ခြာရမွာျဖစ္ေၾကာင္း၊ တကယ္လုိ႔ ႏွစ္ခုစလံုးကို လက္မခံဘူးဆုိရင္ လက္က်န္ရာသီ၀က္မွာ ကစားခြင့္ရမွာမဟုတ္ေၾကာ္ငး ဇာဗီက ဆုိခဲ့တာပါ။

pietro-pellegri-posa-con-la-camiseta-del-torino-torinofc-1906
IMAGE: GOAL

⚽ စီးရီးေအထိပ္သီးကလပ္ ေအစီမီလန္အေနနဲ႔ မိုနာကုိကေန အငွားနဲ႔ေခၚယူထားတဲ့ ၾကယ္ပြင့္တုိက္စစ္မွဴး ပယ္လီဂရီကို ေစာေစာစီးစီးစာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီ ျဖစ္ပါတယ္။ အခုအခါ ၂၀ ႏွစ္အရြယ္ တုိက္စစ္မွဴးအေနနဲ႔ ေနာက္ထပ္ စီးရီးေအကလပ္အသင္းျဖစ္တဲ့ တုိရီႏုိကို အငွားနဲ႔ ထပ္မံေျပာင္းေရႊ႕ခဲ့ပါတယ္။

skysports-doucoure-everton-5653899
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္အေနနဲ႔ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆုိင္ရလ်က္ရွိေနတာပါ။ ဗီလာနဲ႔ပြဲမွာ ဒဏ္ရာရရွိၿပီး လူစားလဲခံခဲ့ရတဲ့ ကြင္းလယ္လူ ဒူကိုရီအေနနဲ႔ အနည္းဆံုး ၄ ပတ္အနားယူရမွာျဖစ္သလို ေလ့က်င့္ေရးကြင္းမွာ ဒဏ္ရာရရွိခဲ့တဲ့ ဖာဘီယန္ဒဲဟာလည္း ၄ ပတ္ နားရမွာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!