27-Jan-2022 ခ်ဲလ္ဆီး သတင္းမ်ား

[UNICODE]

LONDON-ENGLAND-AUGUST-04-Christian-Pulisic-of-Chelsea-during-the-pre-season-friendly-between-Chelsea
IMAGE: GOAL

⚽ ချဲလ်ဆီး တိုက်စစ်ကစားသမားပူလီဆစ်က သူ့အနေနဲ့ ကစားချင်တဲ့ေ နရာမှာ အမြဲတမ်း ကစားရခြင်း မရှိကြောင်း၊ ဒါပေမဲ့ အသင်းကိုကူညီနိုင်ဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဘာမှ တွေးနေမှာမဟုတ်ကြောင်း၊ သူ့အနေနဲ့များစွာ သင်ယူခဲ့ရပြီး လာမဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

1294314268-0
IMAGE: GOAL

⚽ လာမဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာတော့မဲ့ နောက်ခံလူ ဆူလေကို ပရီးမီးယားလိဂ်ကလပ ်ချဲလ်ဆီးက ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပါပြီ။ ချဲလ်ဆီးအနေနဲ့ ဆူလေကို ခေါ်ယူဖို့ပြီးခဲ့တဲ့ နွေရာသီကတည်းကကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

cae565e5e0ae5f9482dcc1f4a5e25b62-91171-fbaf1973f71d9e720f3b25e1f124eea7
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအနေနဲ့ ဂျူဗင်တပ်နောက်ခံလူအဲလက်ဆန်ဒရိုကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း Gazzetta dello Sport က ဖော်ပြထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ဘင်ချီဝဲလ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဈေးကွက်အတွင်း ကစားသမားသစ် ရှာဖွေမှုပြုလုပ်သွားမှာပါ။

FJ-sf-Xa-XIAUd-Bi
IMAGE: GOAL

⚽ ဆောက်သမ်တန်အနေနဲ့ ချဲလ်ဆီးကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူးဘရိုဂျာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေကြောင်း ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ဒါပေမဲ့ တူချယ်အနေနဲ့ ဘရိုဂျာကို သဘောကျလျက်ရှိနေပြီး ရောင်းထုတ်သွားမှာ မဟုတ်ပါဘူး။

Getty-Images-1360052194
IMAGE: GOAL

⚽ ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီအနေနဲ့ အသင်းကနေ ထွက်ခွာလိုခြင်း မရှိကြောင်း သိရပါတယ်။ ဒမ်ဘီလီရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားအနေနဲ့ဘာစီလိုနာနဲ့ သက်တမ်းတိုးချင်တဲ့အကြောင်း နည်းပြ ဇာဗီနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

lampardeverton
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ပရိသတ်တွေကတော့ နည်းပြသစ်အဖြစ် ဗစ်တာပါရဲရားကို မခန့်အပ်ဘဲ ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်ကိုသာ ခန့်အပ်ဖို့ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ဖီနာဘာချီနည်းပြဟောင်း ပါရဲရားကတော့ သူ့အပေါ် ဆန္ဒပြမှုတွေကြောင့် ဝမ်းနည်းမိကြောင်း ဖွင့်ဟခဲ့ပါတယ်။ လမ်းပတ်ဟာ ချဲလ်ဆီးကနေ ထုတ်ပယ်ခံရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေပြီး အဲဗာတန်ကိုနည်းပြဖို့စိတ်ဝင်စားနေကြောင်း သိရပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးတိုက်စစ်ကစားသမားတွေအနေနဲ့ နည်းပြတူချယ်ရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီးမ ပျော်မရွှင်ဖြစ်နေကြကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အထူးသဖြင့်တူချယ်အနေနဲ့မီဒီယာတွေထက်မှာ ကစားသမားတွေကို ဝေဖန်နေတာကိုလည်း ကစားသမားတွေအနေနဲ့ သဘောမကျဖြစ်နေတာပါ။

ziyech-hakim-chelsa
IMAGE: GOAL

⚽ ချဲလ်ဆီးနည်းပြ တူချယ်က စပါးနဲ့ပွဲဟာ တိုက်စစ်ကစားသမား ဇီးယက်ချ်အတွက်တော့ သူ့ရဲ့ အကောင်းဆုံးပွဲဖြစ်နိုင်ကြောင်း၊ အဲဒီပွဲမှာ ဇီးယက်ချ်ရဲ့နေရာမှန်ကို တွေ့မြင်ခဲ့ရကြောင်း၊ ဇီးယက်ချ်ဟာ အဆိုပါပွဲစဉ်မှာအလွန်တောက်ပခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

LONDON-ENGLAND-AUGUST-04-Christian-Pulisic-of-Chelsea-during-the-pre-season-friendly-between-Chelsea
IMAGE: GOAL


1294314268-0
IMAGE: GOAL


IMAGE: GOAL


FJ-sf-Xa-XIAUd-Bi
IMAGE: GOAL


IMAGE: GOAL


lampardeverton
IMAGE: GOAL



ziyech-hakim-chelsa
IMAGE: GOAL

⚽ ချဲလ်ဆီးနည်းပြ တူချယ်က စပါးနဲ့ပွဲဟာ တိုက်စစ်ကစားသမား ဇီးယက်ခ်ျအတွက်တော့ သူ့ရဲ့ အကောင်းဆုံးပွဲဖြစ်နိုင်ကြောင်း၊ အဲဒီပွဲမှာ ဇီးယက်ခ်ျရဲ့နေရာမှန်ကို တွေ့မြင်ခဲ့ရကြောင်း၊ ဇီးယက်ခ်ျဟာ အဆိုပါပွဲစဉ်မှာအလွန်တောက်ပခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!