27-Jan-2022 မန်ချက်စတာယူနိုက်တက် သတင်းများ
[UNICODE]
IMAGE: GOAL
⚽ မန်ယူလက်ထောက်နည်းပြဟောင်း မူလင်စကီးက မန်ယူအနေနဲ့ ဖာဂူဆန်အနားယူပြီးကတည်းက ဂွါဒီယိလာနဲ့ ကလော့တို့ကို ခန့်အပ်ခဲ့သင့်တာဖြစ်ကြောင်း၊ သူတို့နှစ်ယောက်ဟာ အသင်းတွေအပေါ် လွှမ်းမိုးမှုကြီးမားသူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
1493927
IMAGE: GOAL
⚽ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းက ESPN နဲ့ တွေ့ဆုံစဉ်မှာလက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ ယောက်က ဘယ်သူလဲဆိုပြီးအမေးခံခဲ့ရာမှာတော့ မန်ယူတိုက်စစ်မှူးစီရော်နယ်ဒိုကို ချန်လှပ်ထားခဲ့ပါတယ်။ ။ဒီအခါ ဟာလန်းက “ဒါက မေးခွန်းကောင်းပါ။ ခင်ဗျားတို့က လီဝန်ဒေါစကီးကို နံပါတ်တစ်လို့ ပြောမယ်ထင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဘန်ဇီမာကလည်း အံ့အားသင့်ဖွယ်ကောင်းတာပဲ။မက်ဆီကလည်း ထူးခြားတဲ့ ကစားသမားပါ”လို့ ဆိုခဲ့ပါတယ်။
Getty-Images-1237747142
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ ်မန်ချက်စတာယူနိုက်တက်အနေနဲ့ ကွင်းလယ်လူ ဗန်ဒီဘတ်ချ်ကို ဇန်နဝါရီအပြောင်းအရွှေ့အတွင်း အငှားနဲ့ ထွက်ခွာခွင့်ပြုမှာ ဖြစ်ပါတယ်။ ဗန်ဒီဘတ်ချ်ကို ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်ကခေါ်ယူနိုင်ဖို့ ယုံကြည်နေပါတယ်။
Getty-Images-1237994447
IMAGE: GOAL
⚽ လာလီဂါကလပ် ဆီဗီးလ်ကို အငှားနဲ့ ပြောင်းသွားခဲ့တဲ့ မန်ယူတိုက်စစ်မှူးမာရှယ်လ်အနေနဲ့ မန်ယူကို ပြန်မလာတော့ဘဲ ဆီဗီးလ်မှာသာ အပြီးသတ် ဆက်နေနိုင်တဲ့အကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။သူဘာလုပ်နိုင်သလဲဆိုတာ ဒီထက်ပိုပြီး ပြသချင်ကြောင်း၊ ဆီဗီးလ်ဟာ လိုက်ဖက်တဲ့နေရာလို့ ယုံကြည်ကြောင်း မာရှယ်လ်က ဖွင့်ဟခဲ့ပါတယ်။
⚽ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအနေနဲ့ မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ပေါ်လင်ဟာကို ဈေးလျှော့ပေးတော့မှာပါ။ ၂၆ နှစ်အရွယ်ကွင်းလယ်လူအနေနဲ့ ပြီးခဲ့တဲ့နွေရာသီကတည်းကအသင်းကနေ ထွက်ခွာလိုခဲေ့ပမဲ့ စပို့တင်းက ဈေးကိုင်ခဲ့လို့ ဝယ်မဲ့အသင်းမရှိဖြစ်ခဲ့ရတာပါ။ အခုအခါမှာတော့ စပို့တင်းက ပေါ်လင်ဟာအတွက် ပေါင် ၂၅ သန်းရရင် ရောင်းချတော့မှာပါ။
Getty-Images-1365684931
IMAGE: GOAL
⚽ မန်ယူကစားသမားဟောင်း ပေါလ်ပါကားက လူငယ်ကြယ်ပွင့် အီလန်ဂါကို ဂန္ထဝင်ကစားသမားဟောင်း ရွိုင်ယန်ဂစ်နဲ့ ခိုင်းနှိုင်းသွားခဲ့ပြီး အီလန်ဂါရဲ့တိုက်စစ်ကစားပုံကို ကြည့်ရတာ ရွိုင်ယန်ဂစ် ငယ်စဉ်အခါကိုအမှတ်ရမိကြောင်း၊ အီလန်ဂါဟာ လှည့်ထွက်မှုတွေမှာ ကောင်းမွန်ကြောင်း ချီးကျူးခဲ့ပါတယ်။
Scott-Mc-Tominay-during-Premier-League-match-between-Manchester-United-and-Leeds
IMAGE: GOAL
⚽ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးဟာ မန်ယူက ခေါ်မယ်ဆိုတဲ့ ဂလာဘတ်ချ်ကွင်းလယ်လူ ဇာကာရီယာထက် အချက်အလက် မှတ်တမ်းတွေအရ စွမ်းဆောင်ရည်ပိုကောင်းနေပါတယ်။ ဒီရာသီမာ မိနစ် ၉၀ အတွင်း တွမ်မီနေးဟာ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဘောလုံးပေးပို့မှု ၂၈.၇၅ ရှိပြီး ဇာကာရီယာကတော့ ၂၂.၇၁ သာရှိနေတာပါ။
skysports-zinedine-zidane-real-madrid-5400870
IMAGE: GOAL
⚽ မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက ရီးရဲနည်းပြဟောင်း ဇီဒန်းဟာ မန်ယူနဲ့လိုက်ဖက်သူဖြစ်ကြောင်း၊ မန်ယူအနေနဲ့ ဇီဒန်းကို ရရှိနိုင်ဖို့အတွက် ဒီထက်ပိုပြီး ဆွဲဆောင်နိုင်ဖို့ လိုအပ်နေကြောင်း၊နည်းပြတစ်ယောက်အနေနဲ့ ဇီဒန်းဟာ ကစားသမားတွေရဲ့ ယုံကြည်ချက်ကို တိုးတက်အောင်လုပ်ဆောင်နိုင်သူဖြစ်ကြောင်း မှတ်ချက်ပြုတိုက်တွန်းခဲ့ပါတယ်။
[ZAWGYI]
1200-L-liverpool-manchester-city-bataille-entre-klopp-et-guardiola-pour-une-ppite-nerlandaise
IMAGE: GOAL
1493927
IMAGE: GOAL
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အနေနဲ့ ကွင်းလယ်လူ ဗန်ဒီဘတ်ခ်ျကို ဇန်န၀ါရီအပြောင်းအရွှေ့အတွင်း အငှားနဲ့ ထွက်ခွာခွင့်ပြုမှာ ဖြစ်ပါတယ်။ ဗန်ဒီဘတ်ခ်ျကို ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်ကခေါ်ယူနိုင်ဖို့ ယုံကြည်နေပါတယ်။
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!