27-Jan-2022 အာဆင္နယ္ သတင္းမ်ား

[UNICODE]

0-Getty-Images-1363498208
IMAGE: GOAL

⚽ အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ ဆိုစီဒက်ကြယ်ပွင့်တိုက်စစ်မှူး အီဆစ်ကိုခေါ်ယူမဲ့ အာဆင်နယ်ရဲ့လုပ်ရပ်ကို အားမပေးခဲ့ဘဲ အီဆစ်ဟာ ဗလာဟိုဗစ်လို ဂိုးများစွာသွင်းယူနိုင်သူမဟုတ်ကြောင်း၊အီဆစ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

3275478-67026828-2560-1440
IMAGE: GOAL

⚽ ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်က အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ တိုက်စစ်မူှး အူဘာမီယန်ကိုအသင်းမှာ ပြန်ရွေးချယ်ဖို့ တိုက်တွန်းခဲ့ပြီး သွင်းဂိုးတွေရဖို့ ရုန်းကန်နေရချိန်မှာ အူဘာမီယန်ဟာချန်လှပ်ခံထား၇တာ အဓိပ္ပာယ်မရှိကြောင်း၊ လာကာဇက်ဟာ မိနစ် ၂၀ လောက်သာအသုံးပြုသင့်တဲံ ကစားသမားဖြစ်ပြီး ပွဲချိန်ပြည့်အားကိုးလို့မရကြောင်း အကြံပြုခဲ့ပါတယ်။

arteta13
IMAGE: GOAL

⚽ ဝီလ်ရှိုင်းယားကတော့အာဆင်နယ်နည်းပြ အာတီတာဟာ တိကျသေချာတဲ့ အတွေးအခေါ်ပိုင်းနဲ့ ကစားဟန်တွေကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း၊ အာတီတာရဲ့ လက်အောက်မှာ ကစားရတာသက်သောင့်သက်သာရှိပြီးကစားသမားတွေက ပိုကောင်းလာကြောင်း ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1237095388
IMAGE: GOAL

⚽ ပရီးမီးယာလးိဂ်ကလပ် အာဆင်နယ်အနေနဲ့ အေဂျက်ဇ်နောက်ခံလူ Mazraoui ကို ခေါ်ယူနိုင်ဖို့ အလားအလာများလာခဲ့ပါပြီ။ ၂၄ နှစ်အရွယ်ကစားသမားက သူ့အနေနဲ့ လာမဲ့ရာသီမှာ အေဂျက်ဇ်မှာ ဆက်နေနိုင်ဖို့အခွင့်အရေးနည်းပါးကြောင်း ဖွင့်ဟခဲ့တာပါ။ အာဆင်နယ်ဟာ တိုမီယာဆုနဲ့အပြိုင်ဖြစ်စေဖို့ ညာနောက်ခံနေရာကို ထပ်မံအားဖြည့်ဖို့ စီစဉ်နေတာပါ။

Ousmane-Dembele-Barcelona-La-Liga-2021-22
IMAGE: GOAL

⚽ ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ မိုက်ကယ်သောမတ်က ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီဟာ အာဆင်နယ်နဲ့ လိုက်ဖက်တဲ့ ကစားသမားဖြစ်ကြောင်း၊ ဒမ်ဘီလီဟာ ငယ်ရွယ်သေးပြီး ပွဲကစားခွင့်ပုံမှန်ရရှိဖို့ လိုအပ်နေခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

⚽ အာဆင်နုယ်ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားက သူ့ရဲ့ ကစားပုံနဲ့ လိုက်ဖက်တဲ့ အသင်းကိုသာ ရွေးချယ်သွားမှာဖြစ်ကြောင်း၊ အဲဒီအသင်းက အင်္ဂလန်မှာပဲဖြစ်နိုင်သလို၊ စပိန်မှာလည်းဖြစ်နိုင်ကြောင်း၊ သူ့အနေနဲ့ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ လွတ်လွတ်လပ်လပ် ကစားလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

PRI-201238367
IMAGE: GOAL

⚽ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ရီးရဲမက်ဒရစ်တိုက်စစ်မှူးဂျိုဗစ်အနေနဲ့ အာဆင်နယ်ကိုပြောင်းရွှေ့လာမှာ မဟုတ်ကြောင်း သိရပါတယ်။ မာကာရဲ့ ဖော်ပြချက်အရ ၂၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ရီးရဲမှာသာဆက်နေလိုနေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။

⚽ အာဆင်နယ်နောက်ခံလူ ဆာလီဘာအနေနဲ့ အမ်းမရိတ်စ်ရင်ခွင်ကို အပြီးတိုင် စွန့်ခွာဖို့ စီစဉ်လျက်ရှိနေပါတယ်။ ဆာလီဘာဟာ လက်ရှိမှာ အငှားနဲ့ကစားနေတဲ့ မာဆေးကို အပြီးသတ်ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေပြုလုပ်လျက်ရှိနေကြောင်း သိရပါတယ်။

[ZAWGYI]

0-Getty-Images-1363498208
IMAGE: GOAL

⚽ အာဆင္နယ္ ကစားသမားေဟာင္း ကီဗင္ကမ္းဘဲလ္ကေတာ့ ဆုိစီဒက္ၾကယ္ပြင့္တုိက္စစ္မွဴး အီဆစ္ကိုေခၚယူမဲ့ အာဆင္နယ္ရဲ႕လုပ္ရပ္ကုိ အားမေပးခဲ့ဘဲ အီဆစ္ဟာ ဗလာဟုိဗစ္လို ဂိုးမ်ားစြာသြင္းယူႏုိင္သူမဟုတ္ေၾကာင္း၊အီဆစ္အေနနဲ႔ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပႏုိင္ဖုိ႔ ရုန္းကန္ရႏိုင္ေၾကာင္း သတိေပးခဲ့ပါတယ္။

3275478-67026828-2560-1440
IMAGE: GOAL

⚽ ဗီလာတုိက္စစ္မွဴးေဟာင္း အဘြန္လေဟာ္က အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ တုိက္စစ္မဴွး အူဘာမီယန္ကိုအသင္းမွာ ျပန္ေရြးခ်ယ္ဖုိ႔ တုိက္တြန္းခဲ့ၿပီး သြင္းဂိုးေတြရဖုိ႔ ရုန္းကန္ေနရခ်ိန္မွာ အူဘာမီယန္ဟာခ်န္လွပ္ခံထား၇တာ အဓိပၸာယ္မရွိေၾကာင္း၊ လာကာဇက္ဟာ မိနစ္ ၂၀ ေလာက္သာအသံုးျပဳသင့္တဲံ ကစားသမားျဖစ္ၿပီး ပြဲခ်ိန္ျပည့္အားကိုးလို႔မရေၾကာင္း အႀကံျပဳခဲ့ပါတယ္။

arteta13
IMAGE: GOAL

⚽ ၀ီလ္ရိႈင္းယားကေတာ့အာဆင္နယ္နညး္ျပ အာတီတာဟာ တိက်ေသခ်ာတဲ့ အေတြးအေခၚပိုင္းနဲ႔ ကစားဟန္ေတြကို ပိုင္ဆုိင္ထားသူျဖစ္ေၾကာင္း၊ အာတီတာရဲ႕ လက္ေအာက္မွာ ကစားရတာသက္ေသာင့္သက္သာရွိၿပီးကစားသမားေတြက ပိုေကာင္းလာေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Getty-Images-1237095388
IMAGE: GOAL

⚽ ပရီးမီးယာလးိဂ္ကလပ္ အာဆင္နယ္အေနနဲ႔ ေအဂ်က္ဇ္ေနာက္ခံလူ Mazraoui ကို ေခၚယူႏုိင္ဖုိ႔ အလားအလာမ်ားလာခဲ့ပါၿပီ။ ၂၄ ႏွစ္အရြယ္ကစားသမားက သူ႔အေနနဲ႔ လာမဲ့ရာသီမွာ ေအဂ်က္ဇ္မွာ ဆက္ေနႏုိင္ဖုိ႔အခြင့္အေရးနည္းပါးေၾကာင္း ဖြင့္ဟခဲ့တာပါ။ အာဆင္နယ္ဟာ တုိမီယာဆုနဲ႔အၿပိဳင္ျဖစ္ေစဖုိ႔ ညာေနာက္ခံေနရာကို ထပ္မံအားျဖည့္ဖုိ႔ စီစဥ္ေနတာပါ။

Ousmane-Dembele-Barcelona-La-Liga-2021-22
IMAGE: GOAL

⚽ ေဘာလံုးေ၀ဖန္သူအျဖစ္ေဆာင္ရြက္ေနတဲ့ မုိက္ကယ္ေသာမတ္က ဘာစီလိုနာေတာင္ပံကစားသမား ဒမ္ဘီလီဟာ အာဆင္နယ္နဲ႔ လိုက္ဖက္တဲ့ ကစားသမားျဖစ္ေၾကာင္း၊ ဒမ္ဘီလီဟာ ငယ္ရြယ္ေသးၿပီး ပြဲကစားခြင့္ပုံမွန္ရရွိဖုိ႔ လိုအပ္ေနျခငး္ျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

⚽ အာဆင္နုယ္ကြင္းလယ္လူေဟာင္း ၀ီလ္ရိႈင္းယားက သူ႔ရဲ႕ ကစားပံုနဲ႔ လိုက္ဖက္တဲ့ အသင္းကိုသာ ေရြးခ်ယ္သြားမွာျဖစ္ေၾကာင္း၊ အဲဒီအသင္းက အဂၤလန္မွာပဲျဖစ္ႏုိင္သလို၊ စပိန္မွာလည္းျဖစ္ႏုိင္ေၾကာင္း၊ သူ႔အေနနဲ႔ေဘာလုံးကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ လြတ္လြတ္လပ္လပ္ ကစားလိုေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။

PRI-201238367
IMAGE: GOAL

⚽ အာဆင္နယ္ပစ္မွတ္ထားေနတဲ့ ရီးရဲမက္ဒရစ္တုိက္စစ္မွဴးဂ်ိဳဗစ္အေနနဲ႔ အာဆင္နယ္ကိုေျပာင္းေရႊ႕လာမွာ မဟုတ္ေၾကာင္း သိရပါတယ္။ မာကာရဲ႕ ေဖာ္ျပခ်က္အရ ၂၄ ႏွစ္အရြယ္တုိက္စစ္မွဴးဟာ ရီးရဲမွာသာဆက္ေနလိုေနၿပီး ပြဲထြက္ခြင့္အတြက္ တုိက္ပြဲ၀င္သြားမယ္လုိ႔ သိရပါတယ္။

⚽ အာဆင္နယ္ေနာက္ခံလူ ဆာလီဘာအေနနဲ႔ အမ္းမရိတ္စ္ရင္ခြင္ကို အၿပီးတုိင္ စြန္႔ခြာဖုိ႔ စီစဥ္လ်က္ရွိေနပါတယ္။ ဆာလီဘာဟာ လက္ရွိမွာ အငွားနဲ႔ကစားေနတဲ့ မာေဆးကို အၿပီးသတ္ေျပာင္းေရႊ႕ဖို႔ ေဆြးေႏြးမႈေတြျပဳလုပ္လ်က္ရွိေနေၾကာင္း သိရပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!