3-Dec-2021 မန္ခ်က္စတာယူႏိုက္တက္ သတင္းမ်ား

[UNICODE]

0-Getty-Images-1344026352
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်နောက်ခံလူ တဲလက်စ်ကို စီးရီးအေထိပ်သီးနှစ်သင်းဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့က အပြိုင်ကြိုးပမ်းလျက်ရှိနေကြပါတယ်။ ဒါပေမဲ့ မန်ယူအနေနဲ့ တဲလက်စ်ကိုဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းချုဖို့ စိတ်မဝင်စားပါဘူး။

3264801-66813288-2560-1440
IMAGE: GOAL

⚽ အာဆင်နယ် ကစားသမားဟောင်း အွန်နရီက မန်ယူယာယီနည်းပြသစ် ဖြစ်လာခဲ့တဲ့ ရန်နစ်အနေနဲ့ ကစားကွက်ပိုင်းနဲ့ပတ်သက်ပြီး စီရော်နယ်ဒိုနဲ့ တွေ့ဆုံဆွေးနွေးသင့်ကြောင်း၊ စီရော်နယ်ဒိုဟာ ရန်နစ်ရဲ့ကစားကွက်ဖြစ်တဲ့ Pressing Game ကို ကစားသူမဟုတ်ကြောင်း၊ အတ္တတွေကို ကောင်းမွန်တဲ့နေရာမှာသာ အသုံးချသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Getty-Images-1235913237
IMAGE: GOAL

⚽ မန်ယူဂန္ထဝင်ဟောင်း တက်ဒီရှရင်ဂမ်က မန်ယူလူငယ်တိုက်စစ်မူှး ဂရင်းဝုဒ်ဟာ နေရာယူပုံ ကောင်းမွန်သူဖြစ်ကြောင်း၊ မိမိအနေနဲ့ ဂရင်းဝုဒ်ရဲ့ အဆုံးသတ်ပုံကို ကြိုက်နှစ်သက်ကြောင်း၊ ဂရင်းဝုဒ်ဟာဂိုးဘယ်လိုသွင်းရမလဲဆိုတာ သေချာပေါက်သိရှိသူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

Getty-Images-1236967669-4ab6
IMAGE: GOAL

⚽ မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်က အာဆင်နယ်နဲ့ပွဲစဉ်မှာ ပေးလိုက်ရတဲ့ စမစ်ရို့စ်ရဲ့ အဖွင့်ဂိုးအတွက် ဂိုးသမား ဒီဂီယာကို ဝေဖန်ခဲ့ပြီး ဒီဂီယာအနေနဲ့ ကိုယ့်ရဲ့ဂိုးပေါက်ကိုအမြဲတမ်းကာကွယ်နေရမှာဖြစ်ကြောင်း၊ ဒီဂီယာဟာ ဘောလုံးကို သေချာတောင်မကြည့်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအနေနဲ့ ပစ်မှတ်ထားနေတဲ့ မန်ယူတိုက်စစ်မူှးတွေဖြစ်ကြတဲ့ ကာဗာနီနဲ့ မာရှယ်လ်တို့ကို ခေါ်ယူတဲ့နေရာမှာ ကွင်းလယ်လူကော်တင်ဟိုကို ပြန်ပြီးအလိုက်ပေးသွားဖွယ်ရှိနေပါတယ်။ဒါပေမဲ့ မန်ယူကတော့ ကော်တင်ဟိုကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။

Getty-Images-1355131864
IMAGE: GOAL

⚽ အာဆင်နယ်နဲ့ပွဲအပြီးမှာ မန်ယူကနေ ထွက်ခွာခဲ့ခြင်းနဲ့ ပတ်သက်ပြီး မိုက်ကယ်ကာရစ်က “အသင်းမှာ ရှိခဲ့တဲ့အချိန်တွေက အမြဲတမ်း ခမ်းနားခဲ့ပါတယ်။ ဒီအချိန်က အသင်းကနေ ထွက်ခွာဖို့အတွက် အချိန်ကောင်းလို့ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1356836578
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟော်ငး ကက်တလန်ဘတ်က မန်ယူနဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်မှာ စမစ်ရို့စ်ရဲ့ အဖွင့်ဂိုးဟာ ခွင့်ပြုသင့်ကြောင်း၊ ဖရက်ဒ်ဟာ ဒီဂီယာကို ထိမိခဲ့တာဖြစ်လို့ ဒါက ပြစ်ဒဏ်ဘောမဟုတ်ကြောင်း၊နောက်ပြီး ကွင်းလယ်ဒိုင်ကလည်း ဘောလုံးက ဂိုးစည်းကို မဖြတ်ခင်အထိ ခရာမမှုတ်ခဲ့ကြောင်း၊ ဒါကြောင့် ဂိုးပေးသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Marcus-Rashford-in-action-for-Man-United-vs-Arsenal-770x513
IMAGE: GOAL

⚽ မန်ယူနောက်ခံလူဟောင်း အီဗရာကသူ့အနေနဲ့တိုက်စစ်မူှး ရက်ဖို့ဒ်ရဲ့ ခြေစွမ်းကို မကျေမနပ်ဖြစ်မိကြောင်း၊ ရက်ဖို့ဒ်အနေနဲ့ ဘောလုံးကို နောက်ပြန်ပေးမဲ့အစား ရှေ့ကိုသာရောက်အောင်ပိုမိုစွမ်းဆောင်နိုင်ဖို့လိုအပ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

[ZAWGYI]

0-Getty-Images-1344026352
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏုိက္တက္ေနာက္ခံလူ တဲလက္စ္ကို စီးရီးေအထိပ္သီးႏွစ္သင္းျဖစ္တဲ့ ေအစီမီလန္နဲ႔ အင္တာမီလန္တုိ႔က အၿပိဳင္ႀကိဳးပမး္လ်က္ရွိေနၾကပါတယ္။ ဒါေပမဲ့ မန္ယူအေနနဲ႔ တဲလက္စ္ကိုဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေရာင္းခ်ုဖို႔ စိတ္မ၀င္စားပါဘူး။

3264801-66813288-2560-1440
IMAGE: GOAL

⚽ အာဆင္နယ္ ကစားသမားေဟာင္း အြန္နရီက မန္ယူယာယီနညး္ျပသစ္ ျဖစ္လာခဲ့တဲ့ ရန္နစ္အေနနဲ႔ ကစားကြက္ပိုင္းနဲ႔ပတ္သက္ၿပီး စီေရာ္နယ္ဒိုနဲ႔ ေတြ႕ဆံုေဆြးေႏြးသင့္ေၾကာင္း၊ စီေရာ္နယ္ဒိုဟာ ရန္နစ္ရဲ႕ကစားကြက္ျဖစ္တဲ့ Pressing Game ကို ကစားသူမဟုတ္ေၾကာင္း၊ အတၱေတြကို ေကာင္းမြန္တဲ့ေနရာမွာသာ အသံုးခ်သင့္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

Getty-Images-1235913237
IMAGE: GOAL

⚽ မန္ယူဂႏၳ၀င္ေဟာင္း တက္ဒီရွရင္ဂမ္က မန္ယူလူငယ္တုိက္စစ္မဴွး ဂရင္း၀ုဒ္ဟာ ေနရာယူပံု ေကာင္းမြန္သူျဖစ္ေၾကာငး္၊ မိမိအေနနဲ႔ ဂရင္း၀ုဒ္ရဲ႕ အဆံုးသတ္ပံုကို ႀကိဳက္ႏွစ္သက္ေၾကာင္း၊ ဂရင္း၀ုဒ္ဟာဂိုးဘယ္လိုသြင္းရမလဲဆုိတာ ေသခ်ာေပါက္သိရွိသူျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။

Getty-Images-1236967669-4ab6
IMAGE: GOAL

⚽ မန္ယူကစားသမားေဟာငး္ ေပါလ္စခိုးလ္က အာဆင္နယ္န႔ဲပြဲစဥ္မွာ ေပးလိုက္ရတဲ့ စမစ္ရို႕စ္ရဲ႕ အဖြင့္ဂိုးအတြက္ ဂိုးသမား ဒီဂီယာကို ေ၀ဖန္ခ့ဲၿပီး ဒီဂီယာအေနနဲ႔ ကိုယ့္ရဲ႕ဂိုးေပါက္ကိုအၿမဲတမ္းကာကြယ္ေနရမွာျဖစ္ေၾကာငး္၊ ဒီဂီယာဟာ ေဘာလံုးကို ေသခ်ာေတာင္မၾကည့္ခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာအေနနဲ႔ ပစ္မွတ္ထားေနတဲ့ မန္ယူတုိက္စစ္မဴွးေတြျဖစ္ၾကတဲ့ ကာဗာနီနဲ႔ မာရွယ္လ္တုိ႔ကို ေခၚယူတ့ဲေနရာမွာ ကြင္းလယ္လူေကာ္တင္ဟုိကို ျပန္ၿပီးအလိုက္ေပးသြားဖြယ္ရွိေနပါတယ္။ဒါေပမဲ့ မန္ယူကေတာ့ ေကာ္တင္ဟုိကို ေခၚယူဖုိ႔ စိတ္မ၀င္စားေၾကာင္း သိရပါတယ္။

Getty-Images-1355131864
IMAGE: GOAL

⚽ အာဆင္နယ္နဲ႔ပြဲအၿပီးမွာ မန္ယူကေန ထြက္ခြာခဲ့ျခင္းနဲ႔ ပတ္သက္ၿပီး မိုက္ကယ္ကာရစ္က “အသင္းမွာ ရွိခဲ့တဲ့အခ်ိန္ေတြက အၿမဲတမ္း ခမ္းနားခဲ့ပါတယ္။ ဒီအခ်ိန္က အသင္းကေန ထြက္ခြာဖုိ႔အတြက္ အခ်ိန္ေကာငး္လို႔ဆံုးျဖတ္ခဲ့ပါတယ္”လို႔ ဖြင့္ဟခဲ့ပါတယ္။

Getty-Images-1356836578
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာ္ငး ကက္တလန္ဘတ္က မန္ယူနဲ႔ အာဆင္နယ္တုိ႔ရဲ႕ပြဲစဥ္မွာ စမစ္ရို႕စ္ရဲ႕ အဖြင့္ဂိုးဟာ ခြင့္ျပဳသင့္ေၾကာင္း၊ ဖရက္ဒ္ဟာ ဒီဂီယာကုိ ထိမိခဲ့တာျဖစ္လို႔ ဒါက ျပစ္ဒဏ္ေဘာမဟုတ္ေၾကာငး္၊ေနာက္ၿပီး ကြငး္လယ္ဒိုင္ကလည္း ေဘာလံုးက ဂိုးစညး္ကို မျဖတ္ခင္အထိ ခရာမမႈတ္ခဲ့ေၾကာင္း၊ ဒါေၾကာင့္ ဂိုးေပးသင့္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

Marcus-Rashford-in-action-for-Man-United-vs-Arsenal-770x513
IMAGE: GOAL

⚽ မန္ယူေနာက္ခံလူေဟာငး္ အီဗရာကသူ႔အေနနဲ႔တိုက္စစ္မဴွး ရက္ဖို႔ဒ္ရဲ႕ ေျခစြမ္းကို မေက်မနပ္ျဖစ္မိေၾကာငး္၊ ရက္ဖုိ႔ဒ္အေနနဲ႔ ေဘာလံုးကို ေနာက္ျပန္ေပးမဲ့အစား ေရွ႕ကိုသာေရာက္ေအာင္ပိုမိုစြမ္းေဆာင္ႏုိင္ဖုိ႔လိုအပ္ေၾကာင္း ေ၀ဖန္ခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!