Ballon d’Or ဆုပေးပွဲက လီဝန်ဒေါစကီးရဲ့ အမျက်ဒေါသကို လည်စင်းခံရဦးမဲ့ ဒေါ့မွန်(ဒေါ့မွန်- ဘိုင်ယန်မြူးနစ် ပွဲကြိုသုံးသပ်ချက်)
[ေUNICODE] ဒါ့မွန် – ဘိုင်ယန်မြူးနစ် (4-Dec-2021 မြန်မာစံတော်ချိန် ည၁၂:၀၀)
Vorschau-Borussia-Dortmund-FC-Bayern-Muenchen
IMAGE: GOAL
ဂျာမန်ဒါဘီဖြစ်တဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်တု့ိရဲ့ ပွဲကြီးပွဲကောင်းကို ဒီတစ်ပတ် ခံစားရတော့မှာပါ။ နှစ်သင်းစလုံးက အဆင့် ၁နဲ့ ၂ နေရာမှာ ရပ်တည်နေကြတဲ့အသင်းတွေဖြစ်လို့ ဒီပွဲရလဒ်က ချန်ပီယံဆုအတွက် တစ်စိတ်တစ်ပိုင်း အရေးပါလာမဲ့အခြေအနေကလည်း ပွဲရှိန်ကိုပိုပြီးလောင်စာမြှင့်စေမဲ့ အနေအထား ဖြစ်ပါတယ်။
01fntyqj4w36ag57tg17
IMAGE: GOAL
အိမ်ရှင်ဒေါ့မွန်က ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပေမဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲမှာတော့ အခြေအနေကောင်းပြီး ရလဒ်ကောင်းတွေ ရယူထားနိုင်ခဲ့ပါတယ်။ ဒေါ့မွန်တို့ နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်လီဂါ ၅ ပွဲမှာ လိုက်ပဇစ်တစ်သင်းတည်းကိုသာ အဝေးကွင်းမှာ ရှုံးနိမ့်ထားပြီး ကျန် ၄ ပွဲကိုအနိုင်ရထားပါတယ်။
bvb-fcb-haaland-neuer-1920
IMAGE: GOAL
ဒေါ့မွန်ရဲ့ ဒီရာသီ ဘွန်ဒက်လီဂါအိမ်ကွင်း တိုက်စစ်အားကလည်း ကောင်းမွန်လှပြီးေ နာက်ဆုံးကစားခဲ့တဲ့ လိဂ်အိမ်ကွင်း ၅ ပွဲမှာ တိုက်စစ်က တစ်ပွဲကိုအနည်းဆုံး ၂ ဂိုးနှုန်းသွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဟာလန်းလည်း ပြန်ပါလာပြီဖြစ်လို့ ဒေါ့မွန်တိုက်စစ် ပိုပြီးအားကောင်းလာမှာပါ။
d84d0cc450
IMAGE: GOAL
ဘိုင်ယန်ကတော့ ပြောစရာမလိုဘဲ ဘွန်ဒက်လီဂါဇယားထိပ်ကို ခြေလှမ်းမှန်မှန်နဲ့ ဦးဆောင်နေနိုင်ပါတယ်။ ရာသီအစပိုင်းလောက်မှာသာ ဘိုင်ယန် အနည်းငယ် ရုန်းကန်ခဲ့ရပြီး လက်ရှိမှာ နစ်ဂျယ်မန်းနဲ့ ဘိုင်ယန်က တစ်ထပ်တည်းကျနေပြီလို့တောင် ပြောရမှာ ဖြစ်ပါတယ်။
https-bvbbuzz-com-wp-content-uploads-getty-images-2017-07-1355903791-850x560
IMAGE: GOAL
ဒါ့အပြင် အရေးပါဆုံးအချက်က ဘိုင်ယန်ဟာ ဒီရာသီ အရေးပါတဲ့ ပွဲကြီးမျိုးတွေမှာလည်း အမှားကင်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီး ဦေးဆာင်တဲ့ ဘိုင်ယန်တိုက်စစ်ကတော့ အထူးပြောစရာမလိုဘဲ ကောင်းမွန်လှပါတယ်။
borussia-dortmund-vs-bayern-munich-4-diciembre-1-753x435-c-default
IMAGE: GOAL
ဂျာမနီရဲ့ အင်အားကြီးနှစ်သင်းဆိုပေမဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်အကြးမှာတောင် အဆင့်တစ်ခု ခြားနားပြီး ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း ဘိုင်ယန်က အပြတ်အသတ် အသာရထားပါတယ်။ နောက်ဆုံး ထိပ်တိုက်တွေ့ခဲ့တဲ့ ၆ ပွဲဆက် ဘိုင်ယန်ကချည်း အသာရထားတာပါ။ ဟာလန်းတို့ တစ်သိုက် အစွမ်းကုန်ကြိုးပမ်းမှာဖြစ်ပေမဲ့ Ballon d’Or ဆုပေးပွဲက လီဝန်ဒေါစကီးရဲ့ အမျက်ဒေါသကိုတော့ ယှဉ်နိုင်တော့ မဟုတ်ပါဘူး။ ဘိုင်ယန်အနေနဲ့ ဒေါ့မွန်ကို အိမ်အထိတက်ပြီး ပညာပေးဦးမှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: ဒေါ့မွန် ၁-၂ ဘိုင်ယန်
[ေZAWGYI] ဒါ့မွန် – ဘိုင်ယန်မြူးနစ် (4-Dec-2021 မြန်မာစံတော်ချိန် ည၁၂:၀၀)
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
d84d0cc450
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!