ကွန်တီလက်အောက်မှာ ဖြည်းဖြည်းမှန်မှန် ချီတက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို အမိအရ ဖမ်းဆုပ်ထားနိုင်ဆဲ စပါး (စပါး ၂-၀ ဘရန်ဖို့ဒ် ပွဲပြီးသုံးသပ်ချက်)

[UNICODE] စပါး ၂-၀ ဘရန်ဖို့ဒ်

FB-IMG-16384803284966343-1-720x470
IMAGE: GOAL

စပါးကတော့ အိမ်ကွင်းမှာ နိုင်ပွဲရယူပြီး ဖြည်းဖြည်းမှန်မှန်နဲ့ အမှတ်ပေးဇယားအပေါ်ကို ရွေ့လျားလာနေပါတယ်။ စပါးနည်းပြ ကွန်တီအနေနဲ့ သူ့အားသန်တဲ့ ခံစစ် ၃ ယောက်တန်းကစားကွက်ကိုပဲ ကျင့်သုံးခဲ့ပြီး တိုက်စစ်မှာတော့ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ မော်ရာတို့နဲ့ပဲ ပွဲထွက်လာခဲ့တာ တွေ့ရပါတယ်။

01fnyf9zw706vydaydbk
IMAGE: GOAL

ဘရန်ဖို့ဒ်ကလည်း ၃-၅-၂ ကစားကွက်ကို ကျင့်သုံးခဲ့ပြီး သူတို့ရဲ့ အတောင့်တင်းဆုံးလူစာရင်းနဲ့ စပါးကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲစတယ်ဆိုတာနဲ့ စပါးဟာ တည်တည်ငြိမ်ငြိမ်နဲ့ ဘရန်ဖို့ဒ်နောက်တန်းကိုထိုးဖောက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

6fdda4d3-f03c-49fe-b3de-d1c78f868ff5
IMAGE: GOAL

ဒါကြောင့် ၁၂ မိနစ်မှာတင် စပါးတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဆွန်ဟောင်မင်ရဲ့ ဖြတ်တင်ပေးမှုကို ဘရန်ဖို့ဒ်နောက်ခံလူ ကာနို့စ်ရှင်းထုတ်ဖို့ ကြိုးစားရင် ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာလည်း စပါးကပဲသက်သောင့်သက်သာပုံစံမျိုးနဲ့ ကစားကွက်ပိုင်းအသာနဲ့ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

5e20f94098664ce146cd3973d81efdcf-XL
IMAGE: GOAL

ဘရန်ဖို့ဒ်အနေနဲ့ တောင်ပံတွေကနေ အားပြုပြီး ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမဲ့ စပါးခံစစ်ကြောင်းကလည်း အမှားမရှိခဲ့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ဟန့်တားနိုင်ခဲ့တာ တွေ့ရပြီး ၁-၀ ဂိုးရလဒ်နဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ ဘရန်ဖို့ဒ်က တိုက်စစ်မြှင့်လာခဲ့ပြီး စပါးကို ဖိအားပြန်ပေးနိုင်ခဲ့ပါတယ်။

1390824
IMAGE: GOAL

ဒါပေမဲ့ ဘရန်ဖို့ဒ်အနေနဲ့ အခွင့်အရေးဖန်တီးနိုင်မှုအပိုင်း အားနည်းခဲ့ပြီး စပါးကလည်း ဂိုးသွင်းခွင့်တွေ ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ စပါးအနေနဲ့ နောက်ထပ်ဂိုးတွေ ရယူနိုင်ဖို့ တိုက်စစ်ဆင်လာရာမှာတော့ ၆၅ မိနစ်မှာ ဒုတိယမြောက်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ရယ်ဂီလွန်ရဲ့ ဖန်တီးပေးမှုကို ဒီနေ့တစ်ပွဲလုံး ခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင်က ညာခြေကန်ချက်နဲ့ ထောင့်ကျဉ်းထဲကို လှလှပပ ကန်သွင်းယူသွားခဲ့တာပါ။

Tottenham-Brentford-F365-1
IMAGE: GOAL

နှစ်ဂိုးရရှိပြီးနောက်ပိုင်း စပါးက ဂိုးရဖို့ထက် ပွဲကိုထိန်းချုပ်နိုင်ဖို့ကို ဦးစားပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘရန်ဖို့ဒ်အနေနဲ့ လုံးဝကျဆင်းသွားခဲ့ကာ စပါးရဲ့စိုးမိုးမှုအောက်သာ ရောက်ခဲ့ရပြီး ၂-၀ ဂိုးရလဒ်နဲ့သာပွဲပြီးဆုံးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စပါးဟာ အဆင့် ၆ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီး အဆင့်လေးနေရာက ဝက်စ်ဟမ်းထက် တစ်ပွဲလျော့ကစား၊ ၂မှတ်အကွာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို အမိအရဖမ်းဆုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

[ZAWGYI] စပါး ၂-၀ ဘရန္ဖို႔ဒ္

FB-IMG-16384803284966343-1-720x470
IMAGE: GOAL

စပါးကေတာ့ အိမ္ကြင္းမွာ ႏဳိင္ပြဲရယူၿပီး ျဖညး္ျဖည္းမွန္မွန္နဲ႔ အမွတ္ေပးဇယားအေပၚကို ေရြ႕လ်ားလာေနပါတယ္။ စပါးနညး္ျပ ကြန္တီအေနနဲ႔ သူ႔အားသန္တဲ့ ခံစစ္ ၃ ေယာက္တန္းကစားကြက္ကိုပဲ က်င့္သံုးခဲ့ၿပီး တုိက္စစ္မွာေတာ့ ဟယ္ရီကိန္း၊ ဆြန္ေဟာင္မင္၊ ေမာ္ရာတုိ႔နဲ႔ပဲ ပြဲထြက္လာခဲ့တာ ေတြ႕ရပါတယ္။

01fnyf9zw706vydaydbk
IMAGE: GOAL

ဘရန္ဖုိ႔ဒ္ကလည္း ၃-၅-၂ ကစားကြက္ကို က်င့္သံုးခ့ဲၿပီး သူတုိ႔ရဲ႕ အေတာင့္တင္းဆံုးလူစာရင္းနဲ႔ စပါးကို ရင္ဆုိင္ခဲ့တာ ျဖစ္ပါတယ္။ ပြဲစတယ္ဆုိတာနဲ႔ စပါးဟာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဘရန္ဖုိ႔ဒ္ေနာက္တန္းကိုထုိးေဖာက္ႏုိင္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။

6fdda4d3-f03c-49fe-b3de-d1c78f868ff5
IMAGE: GOAL

ဒါေၾကာင့္ ၁၂ မိနစ္မွာတင္ စပါးတို႔ ဦးေဆာင္ဂိုးရခဲ့ၿပီး ဆြန္ေဟာင္မင္ရဲ႕ ျဖတ္တင္ေပးမႈကို ဘရန္ဖို႔ဒ္ေနာက္ခံလူ ကာႏုိ႔စ္ရွင္းထုတ္ဖုိ႔ ႀကိဳးစားရင္ ကိုယ့္ဂိုးကိုယ္ သြင္းယူမိခ့ဲတာပါ။ အဲဒီေနာက္ပိုင္းမွာလည္း စပါးကပဲသက္ေသာင့္သက္သာပံုစံမ်ိဳးနဲ႔ ကစားကြက္ပိုင္းအသာနဲ႔ ပြဲကို ထိန္းခ်ဳပ္ထားႏုိင္ခဲ့ပါတယ္။

5e20f94098664ce146cd3973d81efdcf-XL
IMAGE: GOAL

ဘရန္ဖို႔ဒ္အေနနဲ႔ ေတာင္ပံေတြကေန အားျပဳၿပီး ဂိုးရဖို႔ ႀကိဳးပမး္ခဲ့ေပမဲ့ စပါးခံစစ္ေၾကာင္းကလည္း အမွားမရွိခဲ့ဘဲ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဟန္႔တားႏုိင္ခဲ့တာ ေတြ႕ရၿပီး ၁-၀ ဂိုးရလဒ္နဲ႔ပဲ ပထမပိုင္း ၿပီးဆံုးခဲ့ပါတယ္။ဒုတိယပိုင္းမွာေတာ့ ဘရန္ဖုိ႔ဒ္က တုိက္စစ္ျမွင့္လာခဲ့ၿပီး စပါးကို ဖိအားျပန္ေပးႏုိင္ခဲ့ပါတယ္။

1390824
IMAGE: GOAL

ဒါေပမဲ့ ဘရန္ဖို႔ဒ္အေနနဲ႔ အခြင့္အေရးဖန္တီးႏုိင္မႈအပိုင္း အားနည္းခဲ့ၿပီး စပါးကလည္း ဂိုးသြင္းခြင့္ေတြ ရခဲ့ေပမဲ့ အသံုးမခ်ႏုိင္ခဲ့ပါဘူး။ ဒီလိုနဲ႔ စပါးအေနနဲ႔ ေနာက္ထပ္ဂိုးေတြ ရယူႏုိင္ဖုိ႔ တုိက္စစ္ဆင္လာရာမွာေတာ့ ၆၅ မိနစ္မွာ ဒုတိယေျမာက္ဂုိးရရွိခဲ့ပါတယ္။ ဒီဂိုးကိုေတာ့ ရယ္ဂီလြန္ရဲ႕ ဖန္တီးေပးမႈကို ဒီေန႔တစ္ပြဲလံုး ေျခစြမ္းျပေနတဲ့ ဆြန္ေဟာင္မင္က ညာေျခကန္ခ်က္နဲ႔ ေထာင့္က်ဥ္းထဲကို လွလွပပ ကန္သြင္းယူသြားခဲ့တာပါ။

Tottenham-Brentford-F365-1
IMAGE: GOAL

ႏွစ္ဂိုးရရွိၿပီးေနာက္ပိုင္း စပါးက ဂိုးရဖုိ႔ထက္ ပြဲကိုထိန္းခ်ဳပ္ႏဳိင္ဖုိ႔ကို ဦးစားေပးခဲ့ပါတယ္။ အဲဒီေနာက္ပိုုင္း ဘရန္ဖုိ႔ဒ္အေနနဲ႔ လံုး၀က်ဆင္းသြားခဲ့ကာ စပါးရဲ႕စိုးမိုးမႈေအာက္သာ ေရာက္ခဲ့ရၿပီး ၂-၀ ဂိုးရလဒ္နဲ႔သာပြဲၿပီးဆံုးခဲ့ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ စပါးဟာ အဆင့္ ၆ ေနရာအထိ တက္လွမ္းလာႏုိင္ခဲ့ၿပီး အဆင့္ေလးေနရာက ၀က္စ္ဟမ္းထက္ တစ္ပြဲေလ်ာ့ကစား၊ ၂မွတ္အကြာနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္အိပ္မက္ကို အမိအရဖမ္းဆုပ္ထားႏုိင္ဆဲ ျဖစ္ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!