ဗီကာရတ် ပင်လယ်ပြင်ကြီးမှာ မိုးပြာရောင်သင်္ဘောတို့ ထင်သလောက် ခရီးတွင်ပါ့မလား (ဝက်ဖို့ဒ် – မန်စီးတီး ပွဲကြိုသုံးသပ်ချက်အပြည့်အစုံ)

[UNICODE] ဝက်ဖို့ဒ် – မန်စီးတီး (4-Dec-2021 မြန်မာစံတော်ချိန် ည ၁၂:၀၀)

cd2697a94afadf0ad23eaf633c826a6e
IMAGE: GOAL

ဝက်ဖို့ဒ်က နည်းပြသစ် ရာနီရေရီ တာဝန်ယူပြီးနောက်ပိုင်း ကစားအား တက်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းကတည်းက အသင်းကြီးတွေနဲ့ ဆက်တိုက်တွေ့နေတာ ဝက်ဖို့ဒ်အတွက် ကံဆိုးမှုလို့ဆိုရမလိုပါပဲ။ အာဆင်နယ်၊ မန်ယူ၊ လက်စတာ၊ ချဲလ်ဆီးတို့နဲ့ ဆက်တိုက်တွေ့ဆုံခဲ့ရပြီး ဒီကြားထဲ မန်ယူကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါသေးတယ်။

2048290-watford-vs-man-city-live-goal-and-score-updates-as-foden-and-cancelo-start
IMAGE: GOAL

ဝက်ဖို့ဒ်တို့က ခပ်ကြမ်းကြမ်း ပုံစံနဲ့ တုံံ့ပြန်ကစားတတ်တဲ့အသင်းဖြစ်ပြီး ကွင်းလယ်ထက် တောင်ပံတွေကနေ ဂိုးရအောင် အားပြုတတ်တဲ့အသင်းပါ။ ဝက်ဖို့ဒ်ရဲ့ တိုက်စစ်ပိုင်းက ကစားအားရှိပြီး ဂိုးရအောင် သွင်းနိုင်တာတွေ့ရပါတယ်။ ဒါပေမဲ့ ခံစစ်ကြောင်းကလည်း အတော်လေး ဆိုးရွားလွန်းပြီး နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲဆက်ဂိုးပေးထားရပါတယ်။

fcb35-16384495729256-1920
IMAGE: GOAL

မန်စီးတီးကတော့ ဒီဇင်ဘာပွဲကြပ်ကာလကို အကောင်းဆုံး ကျော်ဖြတ်နိုင်တဲ့အသင်းပါ။ မန်စီးတီးတို့ ချန်ပီယံဖြစ်တဲ့နှစ်တွေကိုလေ့လာကြည့်မယ်ဆိုရင်လည်း ဒီဇင်ဘာ ပွဲကြပ်ကာလမှာ ပြိုင်ဘက်တွေ အမှားများတာကိုအခွင့်ကောင်းယူပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရမှတ်တွေ စုဆောင်းနိုင်ခဲ့တာချည်းပါပဲ။

Getty-Images-1356646693-1024x649
IMAGE: GOAL

လက်ရှိအချိန်မှာလည်း မန်စီးတီးတို့ ပဲလေ့စ်ကို ရှုံးပြီးကတည်းက ပရီးမီးယားလိဂ် ၄ ပွဲဆက် အနိုင်ရရှိထားပါတယ်။ ပွဲစဉ်အနေအထားအရလည်း ဒီဇင်ဘာပွဲကြပ်ကာလမှာ မန်စီးတီးက ရမှတ်အများဆုံးစုဆောင်းနိုင်မဲ့အသင်းဖြစ်သွားနိုင်တဲ့ အနေအထားပါ။

https-mancitysquare-com-wp-content-uploads-getty-images-2018-08-1236940229
IMAGE: GOAL

ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ မန်စီးတီးကချည်း အပြတ်အသတ် အသာရထားပါတယ်။ မန်စီးတီးအနေနဲ့ နောက်ဆုံး ၃ ကြိမ်ဆက် ဝက်ဖု့ိဒ်နဲ့ တွေ့ဆုံမှုမှာ ဝ-၄ ဂိုး၊ ၈-၀ ဂိုး၊ ၆-၀ ဂိုးတို့နဲ့သာ အပြတ်အသတ်အနိုင်ခဲ့ရတာ တွေ့ရပါတယ်။

raheem-sterling-man-city
IMAGE: GOAL

ဒါပေမဲ့ လက်ရှိမှာတော့ ဒီဇင်ဘာပွဲကြပ်ကာလဖြစ်တာ၊ နောက်ပိုင်း မန်စီးတီးအနေနဲ့ ဂိုးပြတ်နိုင်ပွဲ ရှားလာတာ၊မန်စီးတီးတို့ ဒဏ်ရာရ ကစားသမား အနည်းငယ်များပြားနေတဲ့ အခြေအနေတွေကြောင့် ၃ ဂိုးပြတ်အထိမရှုံးနိုင်လောက်တဲ့ အိမ်ရှင်နဲ့သာ အရဲစွန့်ချင်ပါတယ်။ ဗီကာရတ်လမ်းမှာ မိုးပြာရောင်သင်္ဘောကြီး ခရီးတွင်အောင် မောင်းနှင်နိုင်ဖို့ မလွယ်လှပါဘူး။ ဖြစ်နိုင်ဖွယ်ရလဒ်: ဝက်ဖို့ဒ် ၁-၂ မန်စီးတီး

[ZAWGYI] ၀က္ဖုိ႔ဒ္ – မန္စီးတီး (4-Dec-2021 ျမန္မာစံေတာ္ခ်ိန္ ည ၁၂:၀၀)

cd2697a94afadf0ad23eaf633c826a6e
IMAGE: GOAL

၀က္ဖို႔ဒ္က နညး္ျပသစ္ ရာနီေရရီ တာ၀န္ယူၿပီးေနာက္ပိုင္း ကစားအား တက္လာတာ ေတြ႕ရပါတယ္။ ဒါေပမဲ့ အဲဒီေနာက္ပိုင္းကတည္းက အသင္းႀကီးေတြနဲ႔ ဆက္တုိက္ေတြ႕ေနတာ ၀က္ဖုိ႔ဒ္အတြက္ ကံဆုိးမႈလို႔ဆုိရမလိုပါပဲ။ အာဆင္နယ္၊ မန္ယူ၊ လက္စတာ၊ ခ်ဲလ္ဆီးတုိ႔နဲ႔ ဆက္တုိက္ေတြ႕ဆံုခဲ့ရၿပီး ဒီၾကားထဲ မန္ယူကို ၄-၁ ဂိုးနဲ႔ အႏုိင္ရခဲ့ပါေသးတယ္။

2048290-watford-vs-man-city-live-goal-and-score-updates-as-foden-and-cancelo-start
IMAGE: GOAL

၀က္ဖုိ႔ဒ္တို႔က ခပ္ၾကမး္ၾကမ္း ပံုစံနဲ႔ တံုံ႔ျပန္ကစားတတ္တဲ့အသင္းျဖစ္ၿပီး ကြင္းလယ္ထက္ ေတာင္ပံေတြကေန ဂိုးရေအာင္ အားျပဳတတ္တဲ့အသင္းပါ။ ၀က္ဖုိ႔ဒ္ရဲ႕ တုိက္စစ္ပိုင္းက ကစားအားရွိၿပီး ဂိုးရေအာင္ သြင္းႏုိင္တာေတြ႕ရပါတယ္။ ဒါေပမဲ့ ခံစစ္ေၾကာင္းကလည္း အေတာ္ေလး ဆုိးရြားလြန္းၿပီး ေနာက္ဆံုးကစားခဲ့တဲ့ ၅ ပြဲဆက္ဂိုးေပးထားရပါတယ္။

fcb35-16384495729256-1920
IMAGE: GOAL

မန္စီးတီးကေတာ့ ဒီဇင္ဘာပြဲၾကပ္ကာလကို အေကာင္းဆံုး ေက်ာ္ျဖတ္ႏိုင္တဲ့အသင္းပါ။ မန္စီးတီးတုိ႔ ခ်န္ပီယံျဖစ္တဲ့ႏွစ္ေတြကိုေလ့လာၾကည့္မယ္ဆုိရင္လညး္ ဒီဇင္ဘာ ပြဲၾကပ္ကာလမွာ ၿပိဳင္ဘက္ေတြ အမွားမ်ားတာကိုအခြင့္ေကာင္းယူၿပီး တည္တည္ၿငိမ္ၿငိမ္နဲ႔ ရမွတ္ေတြ စုေဆာင္းႏုိင္ခဲ့တာခ်ည္းပါပဲ။

Getty-Images-1356646693-1024x649
IMAGE: GOAL

လက္ရွိအခ်ိန္မွာလည္း မန္စီးတီးတို႔ ပဲေလ့စ္ကို ရႈံးၿပီးကတည္းက ပရီးမီးယားလိဂ္ ၄ ပြဲဆက္ အႏုိင္ရရွိထားပါတယ္။ ပြဲစဥ္အေနအထားအရလည္း ဒီဇင္ဘာပြဲၾကပ္ကာလမွာ မန္စီးတီးက ရမွတ္အမ်ားဆံုးစုေဆာင္းႏုိင္မဲ့အသင္းျဖစ္သြားႏုိင္တဲ့ အေနအထားပါ။

https-mancitysquare-com-wp-content-uploads-getty-images-2018-08-1236940229
IMAGE: GOAL

ဒီႏွစ္သင္း ထိပ္တုိက္ေတြ႕ဆံုမႈေတြမွာေတာ့ မန္စီးတီးကခ်ည္း အျပတ္အသတ္ အသာရထားပါတယ္။ မန္စီးတီးအေနနဲ႔ ေနာက္ဆံုး ၃ ႀကိမ္ဆက္ ၀က္ဖု႔ိဒ္နဲ႔ ေတြ႕ဆံုမႈမွာ ၀-၄ ဂိုး၊ ၈-၀ ဂိုး၊ ၆-၀ ဂိုးတို႔နဲ႔သာ အျပတ္အသတ္အႏုိင္ခဲ့ရတာ ေတြ႕ရပါတယ္။

raheem-sterling-man-city
IMAGE: GOAL

ဒါေပမဲ့ လက္ရွိမွာေတာ့ ဒီဇင္ဘာပြဲၾကပ္ကာလျဖစ္တာ၊ ေနာက္ပိုင္း မန္စီးတီးအေနနဲ႔ ဂိုးျပတ္ႏုိင္ပြဲ ရွားလာတာ၊မန္စီးတီးတုိ႔ ဒဏ္ရာရ ကစားသမား အနညး္ငယ္မ်ားျပားေနတဲ့ အေျခအေနေတြေၾကာင့္ ၃ ဂိုးျပတ္အထိမရႈံးႏုိင္ေလာက္တဲ့ အိမ္ရွင္နဲ႔သာ အရဲစြန္႔ခ်င္ပါတယ္။ ဗီကာရတ္လမ္းမွာ မုိးျပာေရာင္သေဘၤာႀကီး ခရီးတြင္ေအာင္ ေမာင္းႏွင္ႏုိင္ဖုိ႔ မလြယ္လွပါဘူး။ ျဖစ္ႏုိင္ဖြယ္ရလဒ္: ၀က္ဖို႔ဒ္ ၁-၂ မန္စီးတီး



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!