26-Nov-2021 ခ်ဲလ္ဆီး သတင္းမ်ား

[UNICODE]

1234958634-0
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအနေနဲ့ ဂျူဗင်တပ်ကြယ်ပွင့် ချီယေဆာကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေကြောင်း Calciomercato က ဖော်ပြထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ချီယေဆာအတွက် ပေါင် ၈၄ သန်းအထိ အသုံးပြုဖို့ စီစဉ်ထားပါတယ်။

16006246748468
IMAGE: GOAL

⚽ ချဲလ်ဆီးဂိုးသမား ကီပါအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ စီးရီးအေကလပ် လာဇီယိုထံ အငှားနဲ့ ပြောင်းရွှေ့ဖွယ် ရှိနေတာပါ။ လာဇီယိုနည်းပြ ဆာရီအနေနဲ့ ချဲလ်ဆီးမှာ လက်တွဲခဲ့ဖူးတဲ့ ကီပါနဲ့ ပြန်လည်လက်တွဲလိုနေပြီး ကီပါအနေနဲ့ ပုံမှန်ကစားခွင့်ရမဲ့အသင်းကိုပြောင်းလိုနေတာပါ။

lampardterry
IMAGE: GOAL

⚽ ချဲလ်ဆီးဂန္ထဝင်ကွင်းလယ်လူဟောင်း လမ်းပတ်က တွဲကစားခဲ့ဖူးသမျှ အကောင်းဆုံးအသင်းဖော်က ဘယ်သူလဲလို့ အမေးခံခဲ့စဉ်မှာတော့ တစ်ယောက်ထဲ ရွေးချယ်ဖို့ ခက်ခဲခဲ့ပြီး ဂျွန်တယ်ရီနဲ့ ဒရော့ဂ်ဘာလို့ ဖြစ်တယ်လို့ဖွင့်ဟခဲ့ပါတယ်။ ဂျွန်တယ်ရီဟာ အဝတ်လဲခန်းအတွင်း မောင်းနှင်အားကောင်းတဲ့ခေါင်းဆောင်ကောင်းဖြစ်ပြီး ဒရော့ဂ်ဘာကလည်း အသင်းအတွက် မရှိမဖြစ် ကစားသမားလို့ လမ်းပတ်က ဆိုခဲ့တာပါ။

methode-sundaytimes-prod-web-bin-6381e3e6-3406-11ec-a1f1-3deca2439cf5
IMAGE: GOAL

⚽ ချဲလ်ဆီးကွင်းလယ်လူ မစ်ဆန်မောင့်အနေနဲ့ အသင်းမှာသာ ပျော်ရွှင်လျက်ရှိနေပြီး ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းသစ် ချုပ်ဆိုသွားမှာဖြစ်ကြောင်း Telegraph က ဖော်ပြထားပါတယ်။ လက်ရှိမှာမစ်ဆန်မောင့်ကို ဥရောပထိပ်သီးကလပ်တွေက အပြိုင်စိတ်ဝင်စားလျက်ရှိနေကြတာပါ။

⚽ ပရီးမီးယားလိဂ်ကလပ် တူချယ်က ချဲလ်ဆီးက ခံစစ်ပိတ်ကစားတဲ့အသင်းလို့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ခဲ့ပြီး မိမိတို့အနေနဲ့ လူတွေပြောဆိုနေတဲ့အပေါ် မစိုးရိမ်ကြောင်း၊ ဘယ်သူဘာပြောပြော စိတ်ဝင်စားနေမှာမဟုတ်ဘဲ ကိုယ့်အလုပ်သာ အာရုံစိုက်သွားမယ်လို့ ဆိုခဲ့ပါတယ်။

Ralf-Rangnick-and-Thomas-Tuchel-25b6
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအနေနဲ့ ပြီးခဲ့တဲ့ရာသီက လမ်းပတ်ကို ထုတ်ပယ်ပြီးနောက် လက်ရှိ မန်ယူကို ကိုင်တွယ်တော့မဲ့ ရန်နစ်ကို ယာယီနည်းပြအဖြစ် အစားထိုးဖို့ စီစဉ်ခဲ့သေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရန်နစ်က ယာယီနည်းပြအဖြစ် မဆောင်ရွက်လိုတာကြောင့် ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။

SPORT-PRVIEW-Chelsea-vs-Man-Utd
IMAGE: GOAL

⚽ အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က ဒီတစ်ပွဲရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ယူတို့ ပွဲစဉ်မှာ ချဲလ်ဆီးက အိမ်ကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရရှိမှာဖြစ်ကြောင်း၊ လက်ရှိ မန်ယူဟာ တော်တော်လေး ယိုယွင်းနေပြီး ချဲလ်ဆီးကို ယှဉ်နိုင်ဖို့ မရှိကြောင်း မှတ်ချက်ပြုသုံးသပ်ခဲ့ပါတယ်။

[ZAWGYI]

1234958634-0
IMAGE: GOAL


16006246748468
IMAGE: GOAL


lampardterry
IMAGE: GOAL


IMAGE: GOAL



IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!