26-Nov-2021 မန္ခ်က္စတာယူႏုိက္တက္ သတင္းမ်ား

[UNICODE]

01fn9jggny5fpkrx2xmw
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အနေနဲ့ ဖီအိုရင်တီးနားတိုက်စစ်မူှး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကြိုး ပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၃ နှစ်အရွယ် ကစားသမားအနေနဲ့ ဖီအိုရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချကာ အသင်းပြောင်းဖို့ စီစဉ်နေပြီး သူ့ကိုဥရောပထိပ်သီးအသင်း အများအပြားက စိတ်ဝင်စားနေကြတာပါ။

01fn48gxhe21p1cacmy3
IMAGE: GOAL

⚽ မန်ယူယာယီနည်းပြအဖြစ်တာဝန်ယူထားတဲ့ ကာရစ်ကတော့ အသင်းအနေနဲ့ ရန်နစ်ကို ယာယီနည်းပြအဖြစ် အစားထိုးတော့မဲ့ သတင်းတွေထွက်ပေါ်နေမှုအပေါ် “ကျွန်တော်ရဲ့ အနာဂတ်က နောက် ၂ရက်၊ ၃ရက်အတွင်းမှာ ပြောင်းလဲနိုင်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော့်အနေနဲ့ ချဲလ်ဆီးနဲ့ပွဲအတွက်ပဲ အပြည့်အ၀ အာရုံစိုက်ထားပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

⚽ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက မန်ယူလိုအသင်းမျိုးအနေနဲ့ ၃၇ နှစ်အရွယ်ရှိ စီရော်နယ်ဒိုအပေါ် မှီခိုနေခြင်းက မဖြစ်သင့်ကြောင်း၊ စီရော်နယ်ဒိုဟာ အံ့အားသင့်ဖွယ်ကစားသမားဆိုပေမဲ့ ဂိုးမသွင်းနိုင်ရင် အသုံးမဝင်ကြောင်း၊ သူ့အနေနဲ့ ခံစစ်ကို လိုက်ပါကူခြင်းမရှိဘဲ နည်းပြသစ်အတွက ်ပြဿနာဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။

1332866329
IMAGE: GOAL

⚽ မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက တိုက်စစ်မူှးမာရှုယ်လ်အနေနဲ့ ဒီရာသီမှာ အသင်းကို ကူညီပေးနိုင်မှာဖြစ်ကြောင်း၊ မာရှယ်လ်ဟာ ပုံစံကောင်းပြနေပြီဆိုရင် ရပ်တန့်ရခက်တဲ့ ကစားသမားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Getty-Images-1191266057
IMAGE: GOAL

⚽ မန်ယူတိုက်စစ်မှူး ရက်ဖို့ဒ်က ထုတ်ပယ်ခံရတဲ့ နည်းပြဟောင်း ဆိုးလ်ရှားဘက်ကနေ ကာကွယ်ပေးခဲ့ပြီး နည်းပြက ကွင်းထဲ ဝင်မကစားပေးနိုင်ဘဲ ကစားသမားတွေအနေနဲ့လည်း ပြစ်တင်မှုကို ခံရသင့်ကြောင်း၊ ဆိုးလ်ရှားဟာ လေးစားမှုနဲ့ ထိုက်တန်သူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Getty-Images-1235922376
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ ်စပါးနည်းပြ ကွန်တီအနေနဲ့ မန်ယူနောက်ခံလူ ဘိုင်လီကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိနေပါတယ်။ ကွန်တီအနေနဲ့အသင်းရဲ့ နောက်တန်းကို ပြင်ဆင်လိုနေပြီး ဇန်နဝါရီမှာ ဘိုင်လီကို ဦးစားပေး ခေါ်ယူသွားမှာဖြစ်ပါတယ်။

PRI-211329255
IMAGE: GOAL

⚽ မန်ယူနည်းပြဟောင်း ဆိုးလ်ရှားအနေနဲ့ ပြီးခဲ့တဲ့ကြားရက်အတွင်း ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူနဲ့ ဗီလာရီးရဲတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို နေအိမ်မှာ ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ အဲဒီပွဲစဉ်အတွင်း မန်ယူပရိသတ်တွေက သူ့နာမည်ကို အော်ဟစ်အားပေးနေတာ ကြားရတော့ ဆိုးလ်ရှားအနေနဲ့ ပီတိဖြစ်မိကြောင်းလည်း Andy Mitten က ဖွင့်ဟခဲ့ပါတယ်။

vandebeek-cropped-mznz5ujkdtm418851gf5zelpg
IMAGE: GOAL

⚽ ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်က မန်ယူအနေနဲ့ ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက်စ်ကို ချန်လှပ်ပြီး ဗန်ဒီဘတ်ချ်ကိုသာ ဦးစားပေးအသုံးပြုသင့်ကြောင်း၊ မန်ယူအနေနဲ့ နာမည်တွေကိုေ မ့ထားပြီး အသင်းအနိုင်ရဖို့အတွက်သာ ဦးစားပေးရမှာဖြစ်ကြောင်း၊ ဗန်ဒီဘတ်ချ်ဟာ ဖာနန်ဒက်စ်ထက်စာရင် ပွဲထွက်ခွင့်နဲ့ထိုက်တန်သူဖြစ်ကြောင်း တိုက်တွန်းခဲ့တာပါ။

[ZAWGYI]

01fn9jggny5fpkrx2xmw
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ဖီအုိရင္တီးနားတိုက္စစ္မဴွး ဗလာဟိုဗစ္ကို ေခၚယူဖုိ႔ ႀကိဳး ပမး္လာခဲ့ၿပီ ျဖစ္ပါတယ္။ ၂၃ ႏွစ္အရြယ္ ကစားသမားအေနနဲ႔ ဖီအုိရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ပယ္ခ်ကာ အသင္းေျပာင္းဖို႔ စီစဥ္ေနၿပီး သူ႔ကိုဥေရာပထိပ္သီးအသင္း အမ်ားအျပားက စိတ္၀င္စားေနၾကတာပါ။

01fn48gxhe21p1cacmy3
IMAGE: GOAL

⚽ မန္ယူယာယီနညး္ျပအျဖစ္တာ၀န္ယူထားတဲ့ ကာရစ္ကေတာ့ အသင္းအေနနဲ႔ ရန္နစ္ကို ယာယီနည္းျပအျဖစ္ အစားထုိးေတာ့မဲ့ သတင္းေတြထြက္ေပၚေနမႈအေပၚ “ကၽြန္ေတာ္ရဲ႕ အနာဂတ္က ေနာက္ ၂ရက္၊ ၃ရက္အတြင္းမွာ ေျပာင္းလဲႏုိင္ပါတယ္။ လက္ရွိမွာေတာ့ ကၽြန္ေတာ့္အေနနဲ႔ ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ပဲ အျပည့္အ၀ အာရုံစိုက္ထားပါတယ္”လို႔ ဖြင့္ဟခဲ့ပါတယ္။

⚽ လီဗာပူးေနာက္ခံလူေဟာင္း ကာေရဂါက မန္ယူလိုအသင္းမ်ိဳးအေနနဲ႔ ၃၇ ႏွစ္အရြယ္ရွိ စီေရာ္နယ္ဒုိအေပၚ မွီခိုေနျခင္းက မျဖစ္သင့္ေၾကာင္း၊ စီေရာ္နယ္ဒိုဟာ အံ့အားသင့္ဖြယ္ကစားသမားဆိုေပမဲ့ ဂိုးမသြင္းႏုိင္ရင္ အသံုးမ၀င္ေၾကာင္း၊ သူ႔အေနနဲ႔ ခံစစ္ကို လိုက္ပါကူျခင္းမရွိဘဲ နည္းျပသစ္အတြက ္ျပႆနာျဖစ္ႏုိင္ေၾကာင္း ေ၀ဖန္ခဲ့ပါတယ္။

1332866329
IMAGE: GOAL

⚽ မန္ယူတိုက္စစ္မွဴးေဟာငး္ ဆာဟာက တိုက္စစ္မဴွးမာရွုယ္လ္အေနနဲ႔ ဒီရာသီမွာ အသင္းကို ကူညီေပးႏုိင္မွာျဖစ္ေၾကာင္း၊ မာရွယ္လ္ဟာ ပံုစံေကာင္းျပေနၿပီဆိုရင္ ရပ္တန္႔ရခက္တဲ့ ကစားသမားျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

Getty-Images-1191266057
IMAGE: GOAL

⚽ မန္ယူတိုက္စစ္မွဴး ရက္ဖို႔ဒ္က ထုတ္ပယ္ခံရတဲ့ နညး္ျပေဟာင္း ဆုိးလ္ရွားဘက္ကေန ကာကြယ္ေပးခဲ့ၿပီး နည္းျပက ကြင္းထဲ ၀င္မကစားေပးနုိင္ဘဲ ကစားသမားေတြအေနနဲ႔လည္း ျပစ္တင္မႈကို ခံရသင့္ေၾကာင္း၊ ဆုိးလ္ရွားဟာ ေလးစားမႈနဲ႔ ထုိက္တန္သူျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

Getty-Images-1235922376
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ ္စပါးနည္းျပ ကြန္တီအေနနဲ႔ မန္ယူေနာက္ခံလူ ဘုိင္လီကို ေခၚယူဖုိ႔ ပစ္မွတ္ထားလ်က္ရွိေနပါတယ္။ ကြန္တီအေနနဲ႔အသင္းရဲ႕ ေနာက္တန္းကို ျပင္ဆင္လိုေနၿပီး ဇန္န၀ါရီမွာ ဘိုင္လီကို ဦးစားေပး ေခၚယူသြားမွာျဖစ္ပါတယ္။

PRI-211329255
IMAGE: GOAL

⚽ မန္ယူနည္းျပေဟာငး္ ဆုိးလ္ရွားအေနနဲ႔ ၿပီးခဲ့တဲ့ၾကားရက္အတြင္း ယွဥ္ၿပိဳင္ခဲ့တဲ့ မန္ယူနဲ႔ ဗီလာရီးရဲတုိ႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ကို ေနအိမ္မွာ ၾကည့္ရႈခဲ့တယ္လုိ႔ သိရပါတယ္။ အဲဒီပြဲစဥ္အတြင္း မန္ယူပရိသတ္ေတြက သူ႔နာမည္ကို ေအာ္ဟစ္အားေပးေနတာ ၾကားရေတာ့ ဆိုးလ္ရွားအေနနဲ႔ ပီတိျဖစ္မိေၾကာင္းလည္း Andy Mitten က ဖြင့္ဟခဲ့ပါတယ္။

vandebeek-cropped-mznz5ujkdtm418851gf5zelpg
IMAGE: GOAL

⚽ ဗီလာတုိက္စစ္မွဴးေဟာငး္ အဘြန္လေဟာ္က မန္ယူအေနနဲ႔ ကြင္းလယ္ပိုင္းမွာ ဖာနန္ဒက္စ္ကို ခ်န္လွပ္ၿပီး ဗန္ဒီဘတ္ခ်္ကိုသာ ဦးစားေပးအသံုးျပဳသင့္ေၾကာင္း၊ မန္ယူအေနနဲ႔ နာမည္ေတြကိုေ မ့ထားၿပီး အသင္းအႏုိင္ရဖုိ႔အတြက္သာ ဦးစားေပးရမွာျဖစ္ေၾကာင္း၊ ဗန္ဒီဘတ္ခ်္ဟာ ဖာနန္ဒက္စ္ထက္စာရင္ ပြဲထြက္ခြင့္နဲ႔ထိုက္တန္သူျဖစ္ေၾကာင္း တုိက္တြန္းခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!