ကြိုးကြာဆိတ်တာခံထားရသမျှ ငှက်ကြားတွေအပေါ် ဒေါသတွေစုပြုံပေါက်ကွဲမဲ့ တော်ဝင်ဂန်းနားတို့ရဲ့ အမျက်ဖြေပွဲ (အာဆင်နယ် – နယူးကာဆယ် ပွဲကြိုသုံးသပ်ချက် အပြည့်အစုံ)

[UNICODE] အာဆင်နယ် – နယူးကာဆယ် (စနေနေ့ ည ၇:၀၀)

maxresdefault
IMAGE: GOAL

လန်ဒန်အရပ်က တော်ဝင်ဂန်းနားအာဆင်နယ်ကတော့ ဒီရာသီမှာ အတက်အကျကြမ်းနေတယ်လို့ ဆိုရမှာပါ။ ရာသီအစပိုင်းတုန်းက ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး အာတီတာပဲ အထုပ်ပြင်ရတော့မလိုလို၊ အသင်းပဲ ဖျက်လိုက်ရတော့မလိုလို အနေအထားနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

01fn8nnnbsvge107mhvw
IMAGE: GOAL

သိုင်းဝတ္တုတွေထဲကအတိုင်းပြောရရင် အဲဒီနောက်ပိုင်း အာတီတာအနေနဲ့ မည်ကဲ့သို့ လုပ်လိုက်လေမသိ။ ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ အဆင့် ၂၀ နေရာကနေ အဆင့် ၅ အထိ ခုန်တက်လာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပါ ပြန်မျှော်မှန်းလာနိုင်တဲ့ အနေအထားအထိ ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးကို အရေးနိမ့်ကာ အာဆင်နယ်ရပ်တန့်သွားခဲ့ရပြီး ဒီပွဲစဉ်မှာ ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ မူတည်ပြီး အာဆင်နယ်က ကောက်ရိုးမီးလား၊ ရေရှည်တောက်လောက်မဲ့မီးလားဆိုတာ အကဲဖြတ်ရမှာပါ။

lee-ryders-arsenal-vs-newcastle-united-premier-league-forecast-600x400
IMAGE: GOAL

နယူးကာဆယ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံးအသင်းဖြစ်နေပြီး အနိုင်ဆိုတာ မင်းအောင်ရဲ့ ဘော်ဒါလားလု့ိ မေးယူရလောက်အောင် ပရီးမီးယားလိဂ် ၁၂ ပွဲ ယှဉ်ပြိုင်ခဲ့ပြီးရာမှာ နိုင်ပွဲလုံး၀ မရသေးပါဘူး။ ပိုင်ရှင်အသစ်၊ နည်းပြသစ်နဲ့ နယူးကာဆယ်တို့ ကြမ်းတော့မယ်လို့ တွေးခဲ့ကြပေမဲ့ သူတို့ရောက်မှ အသင်းက ချန်ပီယံရှစ်ကို ခြေတစ်ဖက်လှမ်းနေရတဲ့ ပုံစံတောင် ဖြစ်နေပါပြီ။

1-Getty-Images-1354434993-1
IMAGE: GOAL

တိုက်ဆိုင်လိုက်တာများ နယူးတို့ ကံဆိုးချင်တော့ နည်းပြသစ် အက်ဒီဝုဒ်ဟာ သူ့ရဲ့ပွဲဦးထွက် မတိုင်ခင်လေးမှာပဲ ကိုဗစ်ထိခဲ့ပြီး ဒီပွဲမှာလည်း တာဝန်ယူနိုင်မဲ့ပုံမပေါ်သေးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဘရန်ဖို့ဒ်နဲ့ပွဲမှာ နယူးတို့ကစားပုံ တိုးတက်လာတာတွေ့ရပြီး ခံစစ်ပိုင်းက အသုးမကျလွန်းလို့သာ နိုင်ပွဲနဲ့ ဝေးခဲ့ရတာပါ။

b25l-Y21z-Oj-Y5-ZTEz-Mm-Iw-LWM0-ZGUt-NDIy-Mi05-MDhi-LTlm-ODRh-MThl-OTM0-MTo3-Zj-A4-Mj-Ji-Yy04-YWVl-L
IMAGE: GOAL

နယူးကာဆယ်ရဲ့ တိုက်စစ်ကစားပုံ ကောင်းလာခဲ့ပေမဲ့ မှော်လက်ပိုင်ရှင် ရမ်ဒေးလ်နဲ့တကွ အာဆင်နယ်နောက်တန်းကျောက်ဆောင်ကိုတော့ ကျော်ဖြတ်နိုင်ဖို့ ခဲယဉ်းပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ အာဆင်နယ်အနေနဲ့ အနိုင်ရသင့်တဲ့အသင်းမျိုးကို အနိုင်ရအောင် ကစားလာနိုင်တလည်း တွေ့ရပါတယ်။

skysports-arsenal-ben-white-5587518
IMAGE: GOAL

ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း အာဆင်နယ်က သိသိသာသာ အသာရရှိထားပြီး အမ်းမရိတ်စ်မှာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တိုင်း အရှုံးမရှိခဲ့တာ ဆယ်စုနှစ်တစ်စုကြာမြင့်ခဲ့ပါပြီ။ ချန်ပီယံလိဂ်ဝင်ခွင့်အတါက် အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ မန်ယူတို့က မန်စီးတီး၊ ချဲလ်ဆီးတို့နဲ့ ပွဲကြပ်ကြုံနေရတာကလည်း ဂန်းနားတို့အဖို့ ဒီပွဲစဉ်ကို အနိုင်ရစေဖို့ တွန်းအားဖြစ်စေမှာပါ။ နယူးကာဆယ်တို့အဖို့ ဒီအချိန်မှာ ကြိုးကြာဆိတ်တာ ခံထားရလို့ ဒေါသတွေ စုပြုံထွက်နေတဲ့ တော်ဝင်ဂန်းနားတို့နဲ့ လာတွေ့တာ ကံကြမ္မာဆိုးဝင်တာပါပဲ။ အာဆင်နယ်အနေနဲ့ အမ်းမရိတ်စ်မှာ ငှက်ကြားတွေကို အမျက်ဒေါသတွေပြေသွားတဲ့အထိ အစွမ်းကုန် ထိုးနှက်တိုက်ခိုက်ရင်း စနေအစောပွဲကို အပြုံးဝေဆာစွာနဲ့ ဖွင့်လှစ်နိုင်မှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: အာဆင်နယ် ၃-၀ နယူးကာဆယ်

[ZAWGYI] အာဆင္နယ္ – နယူးကာဆယ္ (စေနေန႔ ည ၇:၀၀)

maxresdefault
IMAGE: GOAL

လန္ဒန္အရပ္က ေတာ္၀င္ဂန္းနားအာဆင္နယ္ကေတာ့ ဒီရာသီမွာ အတက္အက်ၾကမး္ေနတယ္လို႔ ဆုိရမွာပါ။ ရာသီအစပိုင္းတုန္းက ၃ ပြဲဆက္ ရႈံးနိမ့္ခဲ့ၿပီး အာတီတာပဲ အထုပ္ျပင္ရေတာ့မလိုလို၊ အသင္းပဲ ဖ်က္လိုက္ရေတာ့မလိုလို အေနအထားနဲ႔ ႀကံဳေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

01fn8nnnbsvge107mhvw
IMAGE: GOAL

သိုင္း၀တၱဳေတြထဲကအတိုင္းေျပာရရင္ အဲဒီေနာက္ပိုင္း အာတီတာအေနနဲ႔ မည္ကဲ့သုိ႔ လုပ္လိုက္ေလမသိ။ ၁၀ ပြဲဆက္တိုက္ ရႈံးပြဲမရွိခဲ့ဘဲ အဆင့္ ၂၀ ေနရာကေန အဆင့္ ၅ အထိ ခုန္တက္လာခဲ့ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ပါ ျပန္ေမွ်ာ္မွန္းလာႏိုင္တ့ဲ အေနအထားအထိ ေရာက္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ပြဲစဥ္မွာ လီဗာပူးကို အေရးနိမ့္ကာ အာဆင္နယ္ရပ္တန္႔သြားခ့ဲရၿပီး ဒီပြဲစဥ္မွာ ဘယ္လိုတုံ႔ျပန္လာမလဲဆုိတာ မူတည္ၿပီး အာဆင္နယ္က ေကာက္ရိုးမီးလား၊ ေရရွည္ေတာက္ေလာက္မဲ့မီးလားဆိုတာ အကဲျဖတ္ရမွာပါ။

lee-ryders-arsenal-vs-newcastle-united-premier-league-forecast-600x400
IMAGE: GOAL

နယူးကာဆယ္ကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ အဆုိးရြားဆံုးအသင္းျဖစ္ေနၿပီး အႏိုင္ဆုိတာ မင္းေအာင္ရဲ႕ ေဘာ္ဒါလားလု႔ိ ေမးယူရေလာက္ေအာင္ ပရီးမီးယားလိဂ္ ၁၂ ပြဲ ယွဥ္ၿပိဳင္ခဲ့ၿပီးရာမွာ ႏုိင္ပြဲလံုး၀ မရေသးပါဘူး။ ပိုင္ရွင္အသစ္၊ နညး္ျပသစ္နဲ႔ နယူးကာဆယ္တုိ႔ ၾကမ္းေတာ့မယ္လို႔ ေတြးခဲ့ၾကေပမဲ့ သူတုိ႔ေရာက္မွ အသင္းက ခ်န္ပီယံရွစ္ကို ေျခတစ္ဖက္လွမ္းေနရတဲ့ ပံုစံေတာင္ ျဖစ္ေနပါၿပီ။

1-Getty-Images-1354434993-1
IMAGE: GOAL

တိုက္ဆိုင္လိုက္တာမ်ား နယူးတို႔ ကံဆုိးခ်င္ေတာ့ နညး္ျပသစ္ အက္ဒီ၀ုဒ္ဟာ သူ႔ရဲ႕ပြဲဦးထြက္ မတိုင္ခင္ေလးမွာပဲ ကိုဗစ္ထိခဲ့ၿပီး ဒီပြဲမွာလည္း တာ၀န္ယူႏုိင္မဲ့ပံုမေပၚေသးပါဘူး။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ဘရန္ဖုိ႔ဒ္နဲ႔ပြဲမွာ နယူးတုိ႔ကစားပံု တုိးတက္လာတာေတြ႕ရၿပီး ခံစစ္ပိုင္းက အသုးမက်လြန္းလို႔သာ ႏို္င္ပြဲနဲ႔ ေ၀းခဲ့ရတာပါ။

b25l-Y21z-Oj-Y5-ZTEz-Mm-Iw-LWM0-ZGUt-NDIy-Mi05-MDhi-LTlm-ODRh-MThl-OTM0-MTo3-Zj-A4-Mj-Ji-Yy04-YWVl-L
IMAGE: GOAL

နယူးကာဆယ္ရဲ႕ တုိက္စစ္ကစားပံု ေကာင္းလာခဲ့ေပမဲ့ ေမွာ္လက္ပိုင္ရွင္ ရမ္ေဒးလ္နဲ႔တကြ အာဆင္နယ္ေနာက္တန္းေက်ာက္ေဆာင္ကိုေတာ့ ေက်ာ္ျဖတ္ႏိုင္ဖို႔ ခဲယဥ္းပါတယ္။ ေနာက္ပိုင္းပြဲစဥ္ေတြမွာ အာဆင္နယ္အေနနဲ႔ အႏုိင္ရသင့္တဲ့အသင္းမ်ိဳးကို အႏုိင္ရေအာင္ ကစားလာႏုိင္တလည္း ေတြ႕ရပါတယ္။

skysports-arsenal-ben-white-5587518
IMAGE: GOAL

ဒီႏွစ္သင္း ထိပ္တုိက္ေတြ႕ဆံုမႈေတြမွာလည္း အာဆင္နယ္က သိသိသာသာ အသာရရွိထားၿပီး အမ္းမရိတ္စ္မွာ နယူးကာဆယ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တိုင္း အရႈံးမရွိခဲ့တာ ဆယ္စုႏွစ္တစ္စုၾကာျမင့္ခဲ့ပါၿပီ။ ခ်န္ပီယံလိဂ္၀င္ခြင့္အတါက္ အဓိကၿပိဳင္ဘက္ေတြျဖစ္တဲ့ ၀က္စ္ဟမ္း၊ မန္ယူတို႔က မန္စီးတီး၊ ခ်ဲလ္ဆီးတို႔နဲ႔ ပြဲၾကပ္ႀကံဳေနရတာကလည္း ဂန္းနားတုိ႔အဖို႔ ဒီပြဲစဥ္ကို အႏုိင္ရေစဖို႔ တြန္းအားျဖစ္ေစမွာပါ။ နယူးကာဆယ္တို႔အဖုိ႔ ဒီအခိ်န္မွာ ႀကိဳးၾကာဆိတ္တာ ခံထားရလို႔ ေဒါသေတြ စုၿပံဳထြက္ေနတ့ဲ ေတာ္၀င္ဂန္းနားတို႔နဲ႔ လာေတြ႕တာ ကံၾကမၼာဆုိး၀င္တာပါပဲ။ အာဆင္နယ္အေနနဲ႔ အမ္းမရိတ္စ္မွာ ငွက္ၾကားေတြကို အမ်က္ေဒါသေတြေျပသြားတဲ့အထိ အစြမ္းကုန္ ထိုးႏွက္တိုက္ခိုက္ရင္း စေနအေစာပြဲကို အၿပံဳးေ၀ဆာစြာနဲ႔ ဖြင့္လွစ္ႏုိင္မွာပါ။ ျဖစ္ႏုိင္ဖြယ္ရလဒ္: အာဆင္နယ္ ၃-၀ နယူးကာဆယ္



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!