26-Nov-2021 အာဆင်နယ် သတင်းများ
[UNICODE]
1235539761-0
IMAGE: GOAL
⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ကွင်းလယ်လူ အဆန်စီယိုအနေနဲ့ အာဆင်နယ်ကိုပြောင်းရွှေ့ဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း El Nacional ကဖော်ပြထားပါတယ်။ အဆန်စီယိုအနေနဲ့ ရီးရဲမှာရုန်းကန်နေရခြင်းကို စိတ်ပျက်နေပြီး ပုံမှန်ကစားခွင့်ရမဲ့အသင်းကို ပြောင်းလိုနေတာပါ။
daeb2171abae219f0a71b2bedffe0e1b
IMAGE: GOAL
⚽ အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့ ဒီတစ်ပတ်ယှဉ်ပြိုင်ရမဲ့ နယူးကာဆယ်နဲ့ပွဲမှာ ပြန်လည်နိုးထနိုင်မှာဖြစ်ကြောင်း ၊နယူးကာဆယ်အနေနဲ့ ဘရန်ဖို့ဒ်နဲ့ပွဲမှာ တိုးတက်မှုတွေမြင်တွေ့ခဲ့ရပေမဲ့ အာဆင်နယ်ကိုတော့ ယှဉ်နိုင်မှာမဟုတ်ကြောင်း၊ အာဆင်နယ်အနေနဲ့ ၃ ဂိုးပြတ်အနိုင်ရမှာဖြစ်ကြောင်း ခန့်မှန်းခဲ့ပါတယ်။
gabriel-magalhaes
IMAGE: GOAL
⚽ အာဆင်နယ် အားကစားဒါရိုက်တာ အီဒူးက ဘရာဇီးလူမျိုးအနေနဲ့ နောက်ခံလူ ဂါဘရီရယ်အနေနဲ့ လက်ရွေးစင်မှာ ရွေးချယ်ခံရတဲ့အပေါ် ကျေနပ်မိကြောင်း၊ အဝါရောင်ဂျာစီဝတ်ဆင်ဖို့က ဘရာဇီးသားတွေရဲ့ အိပ်မက်ဖြစ်ကြောင်း၊ ဂါဘရီရယ်အနေနဲ့ ဘရာဇီးမှာ အရွေးခံရမယ်ဆိုတာ သူ့အနေနဲ့ ကြိုတင်သိရှိခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
Getty-Images-1337860611
IMAGE: GOAL
⚽ မန်စီးတီး ကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ်က ဒီရာသီမှာ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့ပါတ်ယ။ အာဆင်နယ်ထက်စာရင် ဝက်စ်ဟမ်းက အဆင့်လေးအတွင်းဝင်နိုင်မယ်လို့ ရိုက်ဖီးလစ်က ခန့်မှန်းခဲ့တာပါ။
lacazette-friendly-v-tottenham
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်တိုက်စစ်မူှး လာကာဇက်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲ စီးရီးအေထိပ်သီးကလပ် အေစီမီလန်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ လာကာဇက်ကို ရာသီကုန်မှာအလွတ်နဲ့ ထွက်ခွာဖွယ် ရှိနေတာပါ။
new-File-2
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲပြီးနောက် သူ့ကစားသမားတွေရဲ့ တုံ့ပြန်ပုံကို ကျေနပ်အားရမိကြောင်း၊ ကစားသမားတချို့ရဲ့ ခေါင်းဆောင်နိုင်မှုကအားရစရာကောင်းကြောင်း၊ အရင်တုန်းက ဒီလိုပုံစံမျိုးတွေ မတွေ့မြင်ခဲ့ရကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
yq-granitx-25112021
IMAGE: GOAL
⚽ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ ဂျာကာအနေနဲ့ ထင်မှတ်ထားတာထက်စောစီးစွာ ပြန်ကစားနိုင်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက အတည်ပြုခဲ့ပါတယ်။ “ဂျာကာအနေနဲ့ ထင်မှတ်ထားတာထက်နည်းနည်းစောပြီး ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ သူက သူ့ကိုယ်သူ အကောင်းဆုံး တွန်းအားပေး ကြိုးပမ်းနေတာပါ”လို့ အာတီတာက ဆိုခဲ့ပါတယ်။
⚽ အာတီတာအနေနဲ့ ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးကို ပြန်ခေါ်မဲ့ အစီအစဉ်ကို မာတင်ကီအွန်က ထောက်ခံခဲ့ပြီး အာဆင်နယ်မိသားစုထဲ အာဆင်ဝင်းဂါးကို ပြန်ခေါ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း၊ အာဆင်ဝင်းဂါးဟာ အာဆင်နယ်ကို အလွန်မြတ်နိုးသူဖြစ်ကြောင်း၊ အာဆင်ဝင်းဂါးအနေနဲ့ အာဆင်နယ်ကနေ ဘာကြောင့်ထွက်သွားသလဲဆိုတာ စဉ်းစားလို့မရကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
[ZAWGYI]
1235539761-0
IMAGE: GOAL
IMAGE: GOAL
gabriel-magalhaes
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
new-File-2
IMAGE: GOAL
yq-granitx-25112021
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!